Genoa အသင်းကို ရှုံးနိမ့်ပြီးနောက် ဆိုးရွားသော ရာသီအစအတွက် အသင်းကစားသမားတွေကို သတိပေးစကား ပြောလိုက်တဲ့ ရိုးမားနည်းပြမော်ရင်ဟို
Pika (NSS) - စက်တင်ဘာ ၂၉
ရိုးမားအသင်းသည် စက်တင်ဘာလ(၂၈)ရက် ညက Genoa အသင်းနှင့်ကစားခဲ့သော စီးရီးအေပြိုင်ပွဲကို (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးရွားသောရာသီစတင်မှုများအတွက် အသင်းကစားသမားများကို ရိုးမားနည်းပြ မော်ရင်ဟိုက သတိပေးစကားပြောခဲ့ကြောင်း သိရသည်။
မော်ရင်ဟိုက "ဒါက တော်တော်ကိုဆိုးဝါးတဲ့ ရာသီအစတစ်ခုပါ" ဟု ပြောခဲ့သည်။
ရိုးမားအသင်းသည် စီးရီးအေပြိုင်ပွဲ(၆)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိထားပြီး ခံစစ်ပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရရှိနေကြောင်း သိရသည်။ ၎င်းက "ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းမှာ ဒဏ်ရာရရှိသူတွေ များပြားနေ ပြီး စွမ်းဆောင်ရည်တွေလည်း ကျဆင်းနေပါတယ်" ဟု ပြောခဲ့သည်။
ရိုးမားအသင်းသည် အောက်တိုဘာလ(၂)ရက်တွင် Frosinone Calcio အသင်း နှင့် စီးရီးအေပြိုင်ပွဲကို ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အောက်တိုဘာလ(၆)ရက်တွင် Servette အသင်း နှင့် ယူရိုပါလိဂ်ပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
မော်ရင်ဟို က "ကောင်းကောင်းဆိုးဆိုး ဒါက ကျွန်တော်တို့ရဲ့အသင်းပါ၊၊ ကျွန်တော်တို့ရှေ့ကို ဆက်သွားဖို့လိုအပ်ပြီး တွေဝေနေဖို့ အချိန်မရှိပါဘူး။ လာမယ့်ကစားပွဲတွေကနေ စတင်ပြီး ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာ ပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂၉ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ