မင်္ဂလာတောင်ညွန့် အပါအဝင် မြို့နယ် (၁ဝ)ခု မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
စော (NSS) - စက်တင်ဘာ ၂၉
မနက်ဖြန်(စက်တင်ဘာလ ၃ဝ ရက်) တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အပါအဝင် မြို့နယ် (၁ဝ)ခု၌ ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့(စက်တင်ဘာလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အလုံပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်းနေသော 230/66/11 kV, 100MVA Transformerအား Switchyard နှင့် လွတ်ကင်းရာသို့ပြောင်းရွှေ့ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်နေစဉ် 230/66/11kV, 155MVA Transformer နှင့် 100MVA Transformerတို့အား မနက်ဖြန် (စက်တင်ဘာလ ၃ဝ ရက်) နံနက် (ဝဝ)နာရီမှ (၃)နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင့်တိုင်မြို့နယ် နှင့် လှိုင်မြို့နယ်တို့ရှိ ရပ်ကွက်အချို့ တွင် ယာယီဓာတ်ပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မှု ဧရိယာ လျော့နည်းစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို လာမည့်သီတင်းပတ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း