အီရန် နှင့် ဆီးရီးယားရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အနောက်အုပ်စုနိုင်ငံများကို ယူကရိန်းအစိုးရ တိုက်တွန်းတောင်းဆို
Pika (NSS) - စက်တင်ဘာ ၂၈
အီရန် နှင့် ဆီးရီးယားရှိ ဒရုန်းထုတ်လုပ်သည့် စက်ရုံများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အနောက်အုပ်စုနိုင်ငံများကို ယူကရိန်းအစိုးရက ပြီးခဲ့သည့်လတွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးပါက အီရန် နှင့် ဆီးရီးယားရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ကိုယ်တိုင်လုပ်ဆောင်သွားမည်ဟု ယူကရိန်းအစိုးရက ပြောကြားခဲ့ကြောင်း The Guardian က ဖော်ပြထားသော စာတမ်းတစ်ခုအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် ယူကရိန်းအစိုးရတာဝန်ရှိသူများသည် အဆိုပါစာတမ်းကို G7 အဖွဲ့ဝင် နိုင်ငံခေါင်းဆောင် များထံ ပေးပို့ခဲ့ကြောင်း The Guardian က ဖော်ပြထားသည်။ ရုရှားတပ်ဖွဲ့ဝင်များ အသုံးပြုသော kamikaze ဒရုန်းများကို အီရန်နှင့်ဆီးရီးယားရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံများက တည်ဆောက်ထားခြင်းဖြစ်ပြီး အနောက်အုပ်စုနိုင်ငံများ၏ ပစ္စည်းအစိတ်အပိုင်းအချို့ပါဝင်ကြောင်း ယူကရိန်းဖက်က ပြောခဲ့သည်။
ရုရှားသည် အီရန်ထုတ် Shahed-131 နှင့် Shahed-136 ဒရုန်းအမျိုးအစားများကို အသုံးပြုနေပြီး အဆိုပါ ဒရုန်းများတွင် အနောက်အုပ်စုနိုင်ငံထုတ် ပစ္စည်းအစိတ်အပိုင်းများ ပါဝင်နေကြောင်း ယူကရိန်းဖက်က စွပ်စွဲပြောဆို ထားသည်။ အီရန်ထုတ်ဒရုန်းများကို အသုံးပြုနေသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို ရုရှားဖက်က ငြင်းဆိုထား ပြီး ယူကရိန်းစစ်တပ်နှင့် အခြေခံအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် Shahed ဒရုန်းအမျိုးအစား မှာ ရုရှားတွင် ဒီဇိုင်းဆွဲကာ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါစာတမ်းတွင် အီရန် နှင့် ဆီးရီးယားရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံများအပြင် ရုရှားရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အကြုံပြုပြောဆိုထားကြောင်း သိရသည်။ စာတမ်းထဲတွင် "ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေဟာ လိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေကို ပံ့ပိုးပေးမယ်ဆိုရင်တော့ အဲဒီတိုက်ခိုက်မှုတွေကို ယူကရိန်းတပ်ဖွဲ့တွေက ကိုယ်တိုင်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မျက်စိနာရောဂါကူးစက်မှုကြောင့် ကျောင်းပေါင်း(၅၆ဝဝဝ)ကျော်ကို ပိတ်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ