ဝန်ကြီးချုပ် နဲ့ ဘဏ္ဍာရေးဝန်ကြီး လစာတွေကို ပရဟိတအဖွဲ့အစည်းများထံ လှူဒါန်းသွားမယ့် ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၈
ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ဟာ ၎င်းရရှိတဲ့လစာတွေကို ပရဟိတဖောင်ဒေးရှင်းအမျိုးမျိုးကို လှူဒါန်းသွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ချိုင်းဝါချာရွန်ကီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ထိုင်းအစိုးရအဖွဲ့အသစ်ဟာ စက်တင်ဘာလအစောပိုင်းမှာ စတင်တာဝန်ယူခဲ့ ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးရရှိမယ့်လစာကို ကလေးငယ်များ ကူညီထောက်ပံ့ပေးနေတဲ့ဖောင်ဒေးရှင်းကို စတင်လှူဒါန်းသွားမှာဖြစ် ကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ထိုင်းဝန်ကြီးချုပ်တာဝန်အပြင် ထိုင်းဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူတွဲရယူထားရာ လစာငွေ စုစုပေါင်း ဘတ် ၁၂၅၅၉ဝ ကျော် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် တစ်လ လစာကဘတ် ၇၅၅၉ဝ ဖြစ်ပြီး ထိုင်းဘဏ္ဍာရေးဝန်ကြီး လစာက တစ်လကိုဘတ် ၅ဝဝဝဝ ဖြစ်ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ သူရဲ့လစာတွေကို ကောင်းမွန်တဲ့အရာတွေအတွက် လှူဒါန်းကူညီပေးမှာဖြစ်ကြောင်း၊ ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်မှာ ထိုင်းဝန်ကြီးချုပ်အသစ်ဟာ သူရဲ့လစာ တွေကို ကူညီလှူဒါန်းရမယ့် ပရဟိတအဖွဲ့များနဲ့ပတ်သက်ပြီး စာရင်းပြုစုဖို့ အဖွဲ့တစ်ဖွဲ့တည်ထောင်ထားကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟာ ရွေးချယ်ခံရတဲ့ပရဟိတအဖွဲ့စည်းများရဲ့ကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး အခက်အခဲတွေကို ကူညီပေးနိုင်ဖို့နဲ့ တတ်အားသရွေ့ ကူညီလှူဒါန်းပေးဖို့ ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမယ့်လအတွင်း အီရန် နဲ့ ရုရှားနိုင်ငံကြား ဒရုန်းနဲ့ ဒုံးကျည်ရောင်းချမယ့်စာချုပ် လက်မှတ်ရေးထိုးဖွယ်ရှိနေ
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ