Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က ယခုနှစ်အတွင်း ရန်စမှုများနှင့် နျူကလီးယားစစ်ပွဲကို ဖန်တီးနေပြီး ဒေသအတွင်း အမျက်ဒေါသများဖြစ်အောင်ပြုလုပ်နေဟု မြောက်ကိုရီးယားပြော

Htay Oung (NSS) - စက်တင်ဘာ ၂၇ 

ဝါရှင်တန်ရဲ့လုပ်ရပ်တွေဟာ နျူကလီးယားစစ်ပွဲဖြစ်ပွားအောင် ရန်စခြင်းအားဖြင့် ၂ဝ၂၃ ခုနှစ်ကို အလွန်အန္တရာယ် များသောနှစ်ဖြစ်အောင် ဖန်တီးနေကြောင်း၊ အဓိပ္ပါယ်မဲ့ မှတ်ချက်စကားများကို ပြောဆိုခြင်းဖြင့် ဒေသအတွင်း ထိပ်တိုက်တွေ့ခြင်းများနဲ့ ဒေါသအမျက် ပူလောင်လာအောင် ပြုလုပ်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်ငံစလုံးရဲ့ခေါင်းဆောင်များအပေါ် မြောက်ကိုရီးယားက ကုလသမဂ္ဂအထွေညီလာခံမှာ စွပ်စွဲလိုက်တယ်လို့ AP က ယနေ့ စက်တင်ဘာလ ၂၇ ရက်မှာ ရေးသားခဲ့ပါတယ်။ 

ဝါရှင်တန်ဟာ အာရှိတိုက်ကို သူကိုယ်တိုင်ဦးဆောင်ပြီး ဥရောပနိုင်ငံများနဲ့ ကနေဒါ တို့ပါဝင်တဲ့ နေတိုးပုံစံ စစ်ရေး မဟာမိတ်အသွင်မျိုး ပေါ်ပေါက်လာအောင်ကြိုးစားနေတယ်လို့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ မှာ မြောက်ကိုရီးယားသံအမတ်ကြီးကင်ဆောင်းက ပြောဆိုလိုက်ပါတယ်။

ယမန်နှစ်နည်းတူ ကင်ဂျုံအန်ရဲ့စကားတွေကို ကုလသမဂ္ဂအထွေထွေညီလာခံထံ သယ်ဆောင်လာခြင်းဖြစ်ပေမယ့် ယခုနှစ် စူးရှတဲ့ ပြောဆိုချက်များဟာ အစည်းအဝေးတက်ရောက်သူ ကမ္ဘာ့ခေါင်းဆောင်များကို တုန်လှုပ်သွားစေခဲ့ ပါတယ်။ ယခုလို ဝေါဟာရများဟာ သူ့ရဲ့နျူကလီးယားအစီအစဉ်ကို တစိုက်မတ်မတ်ဖော်ဆောင်နေတဲ့ နိုင်ငံထံမှ အမြဲလိုလို ကြားရတတ်ပါတယ်။ အပြင်းအထန်ထိုးနှက်တဲ့စကားလုံးများနဲ့ တစ်ခါတစ်ရံ သတင်းထုတ်ပြန်လေ့ရှိတဲ့ မြောက်ကိုရီးယားအတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။

အမေရိကန်နဲ့ သူ့ရဲ့နောက်လိုက်တပ်များဟာ အဆင်အခြင်မဲ့မှုများနဲ့ ကျင့်သားရနေကြပြီး နျူကလီးယား ဟန်ရေး ပြမှုများကို ကယောင်ချောက်ချား ဆက်လက်ပြုလုပ်နေတဲ့အတွက် ၂ဝ၂၃ ခုနှစ်ဟာ အလွန်အန္တရာယ်များတဲ့နှစ် ဖြစ်လာခဲ့ရကြောင်း၊ ကိုရီးယားကျွန်းဆွယ်တဝိုက်ရှိ စစ်ရေးလုံခြုံရေး အခြေအနေဟာ နျူစစ်ပွဲ ချောက်ကမ်းပါး စွန်းနဲ့ ပိုမိုနီးကပ်လာရကြောင်း၊ တောင်ကိုရီးယားခေါင်းဆောင်ဆိုတာ အမှိုက်လို ဦးနှောက်နဲ့ ငနဲတစ်ကောင်သာ ဖြစ်ကြောင်း ရှုတ်ချလိုက်ပြီး၊ ယခုအခါ အမေရိကန်ဟာ နျူစစ်ပွဲ ရန်စရေး သူ့ရဲ့ဆိုးရွားတဲ့ရည်ရွယ်ချက်ကို လက်တွေ့ကျကျအကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ အာရှနေတိုး ထူထောင်ရေး ခေတ်သစ်စစ်အေး အခင်း အကျင်းသစ်ကို အမေရိကန်က အရှေ့မြောက်အာရှသို့တိုင်အောင် ပယ်ပယ်နယ်နယ် ထိုးသွင်းလျက်ရှိကြောင်း၊ “စစ်အာဏာရှင်အစိုးရ နိဂုံးချုပ်ရေး” ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ DPRK (ခေါ်) မြောက်ကိုရီးယားရဲ့မြို့တော် “ပြုံယမ်းကို သိမ်းပိုက်ရေး” တို့လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ သတင်း ထုတ်ပြန်ချက်များကို သံအမတ်ကြီးကင်က အထူးတလည် မီးမောင်းထိုးပြခဲ့ပါတယ်။

စစ်ပွဲဖြစ်ပွားချိန် တောင်ကိုးရီးယားနယ်မြေကို ဘယ်လိုသိမ်းပိုက်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယားကိုယ်တိုင်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။ တောင်ကိုးရီးယား ကွပ်ကဲမှု စင်တာများနဲ့ စစ်ဆင်ရေးလေယာဉ်ကွင်းများမှာ မြေလှန်ချေမှုန်းခြင်း လေ့ကျင့်ခန်းအဖြစ် မြောက်ကိုရီးယား စစ်တပ်က ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း ပြုံယမ်းစစ်တပ်က ပြောကြားပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

အနီးကပ်ဆုံး မဟာမိတ်ဖြစ်သူ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရာမှာ အမေရိကန်က တာဝေးပျံ B-1B ဗုံးကြဲလေယာဉ်ကြီးများနဲ့ ချဲ့ထွင်လာတဲ့အတွက် လက်တုံပြန်တဲ့အနေနဲ့ ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ အမေရိကန် (သို့မဟုတ်) တောင်ပိုင်းရဲ့ရန်စမှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

မြောက်ကိုရီးယားရဲ့စွပ်စွဲချက်အားလုံးကို အခြေအမြစ်မရှိ ပြောဆိုချက်များအဖြစ် အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးက ပယ်ချလိုက်ပါတယ်။ DPRK ပြောသွားတဲ့အတိုင်း အမေရိကန်နဲ့ ပူးပေါင်းပြီး နျူစစ်ပွဲ ရန်စနေတယ်ဆိုတာ တကယ် ယုံကြည်ကြပါသလား၊ အဲဒီ ညီလာခံခန်းမအတွင်း ရှိနေသူ ဘယ်နှစ်ယောက်လောက်က DPRK ရဲ့ မှားယွင်းတဲ့ပြောဆိုချက်အပေါ် အလေးအနက်ထားကြပါသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (သို့မဟုတ်) အခြားအဆင့်မြင့်အရာရှိများကိုယ်တိုင် မဟုတ်ပေမယ့် မြောက်ကိုရီးယားရဲ့ပြောင်မြောက်တဲ့ အာဝဇ္ဇန်းဟာ ယခုနောက်ပိုင်း ကုလသမဂ္ဂမှာ မကြာခဏဆိုသလို လူသိရှင် ကြား ထွက်ပေါ်လာနေပါတယ်။ နိုင်ငံ့ခေါင်းဆောင်များရဲ့နှုတ်ထွက်တိုက်ရိုက်စကားလုံးများကို ဂရုတစိုက် ပြန်လည်သုံးသပ်တင်ပြခြင်းမျိုးဟာ ကုလသမဂ္ဂဆိုတဲ့ နိုင်ငံတကာ စကားပြောစင်မြင့်ပေါ်မှာ သာမန်လုပ်ရိုးလုပ်စဉ် မျှသာဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ် ကုလသမဂ္ဂမှာ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုက မိန့်ခွန်းပြောကြားစဉ် မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား မကြာသေးမီက ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ကမ္ဘာ့ခေါင်းဆောင်များကို သတိပေးခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံကြီးရဲ့ လုပ်ဆောင်ချက်ဟာ အန္တရာယ်များပြီး ဝိရောဓိဖြစ်စေတယ်လို့ ဆိုပါတယ်။


ယခုလ စောစောပိုင်းမှာ ကင်ဂျုံအန်ဟာ ရုရှားနိုင်ငံ အရှေ့ဖျားသို့ မီးရထားနဲ့ ခရီးရှည်သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များမှာ ပူးပေါင်းလုပ်ဆောင်နိုင်တယ်လို့ ခေါင်းဆောင်နှစ်ဦးစလုံးက ပြောကြားပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန်အပါအဝင် သူ့တို့ရဲ့ မဟာမိတ်နိုင်ငံ များအတွက် စိတ်မသက်မသာဖြစ်လောက်အောင် တိကျတဲ့အချက်အလက်များကို (လူသိရှင်ကြား) ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် စစ်ရှုံးနိုင်ငံတို့ သိမ်းယူထားတဲ့ တိုင်းပြည်များကို စစ်နိုင်ငံတို့က ထိန်းသိမ်း စောင့်ရှောက်ခံအဖြစ် ခွဲဝေယူကြရာမှ ၃၅ နှစ်ကြာ ဂျပန်လက်အောက်ကျရောက်နေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ တောင်နဲ့မြောက် သီးခြားဖြစ်ခဲ့ရပါတယ်။ အမေရိကန်ထောက်ခံ စျေးကွက်စီးပွားရေး တောင်ကိုရီးယားနဲ့ ဆိုဗီယက် ကျောထောက်နောက်ခံပြု ဆိုရှယ်လစ်မြောက်ကိုရီးယားတို့အကြား ၁၉၅ဝ ပြည့်နှစ်မှာ ၃ နှစ်ကျော်ကြာ စစ် ပွဲ ဖြစ်ပွားခဲ့ပါတယ်။ #တရုတ်နိုင်ငံနဲ့_ရေမြေချင်းထိစပ်နေတဲ့နိုင်ငံအတွင်း_ပြည်ပတပ်များ_ကျူးကျော်၀င် #ရောက်ခြင်းဟာ #တရုတ်နိုင်ငံကို #ကျူးကျော်ခြင်းအဖြစ် #သတ်မှတ်တဲ့ #တရုတ်ရဲ_စစ်ရေးပေါ်လစီအရ တရုတ် အပျော်တမ်းတပ်သား PAV တစ်သန်းက မြောက်ဖက်မှ ကူညီတိုက်ခိုက်ပေးခဲ့ကြပါတယ်။ မျက်မှောက်ခေတ် စစ်ပွဲ များမှာ အချိန်ကာလအချိုးအရ အပျက်အစီးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ နှစ်ဖက် စလုံးက အရပ်သားများအပေါ် ပစ်မှတ်ထားအစုအပုံလိုက်သတ်ဖြတ်ခဲ့ကြပြီး စုစုပေါင်း လူ ၃ သန်းခန့် သေဆုံးမယ်လို့ ခန့်မှန်းရပါတယ်။ 

(ပထမအဆင့်နဲ့ ဒုတိယအဆင့် ထိုးစစ်များအပြီး တရုတ်တပ်များဟာ တောင်ကိုရီးယားနယ်မြေအတွင်း ရောက်ရှိ လာပြီး ဆိုးလ်မြို့ကို ၄ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ကုလသမဂ္ဂနိုင်ငံတကာတပ်များအမည်ခံ အမေရိကန်ဦးဆောင် မဟာမိတ်တပ်များ ဆုတ်ခွာသွားရပြီးနောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးခဲ့ပါတယ်။) လုပ်ထုံးလုပ်နည်းအရ စစ်ပြေငြိမ်းခြင်း မရှိတဲ့ ကိုရီးယားကျွန်းဆွယ်ဟာ နှစ်နိုင်ငံအသွင် ပီပီပြင် ပြင်ဖြစ်သွားခဲ့ပါတယ်။ နှစ်နိုင်ငံ ပိုင်းခြားထားတဲ့ ၃၈ ဒီဂရီ လတ္တီကျု့ဒ်မျဉ်းတစ်ဖက်စီမှာ စစ်အင်အား အလုံးအရင်း ချထားပြီး ဆက်လက်ရန်စောင်နေကြခြင်းဖြင့် စစ်မက်ဖြစ်ပွားနေဆဲလို့ သတ်မှတ်နိုင်ပါတယ်။ 

မြောက်ကိုရီးယားမှာ အဘိုးကင်အီဆွန်းနဲ့ ဖခင်ကင်ဂျုံအီတို့အပြီး ကင်ဂျုံအန်ဟာ မိသားစုလိုက် သက်ဦးဆံပိုင် အစိုးရကို ကြီးကြပ်အုပ်ချုပ်တဲ့ တတိယမျိုးဆက်ဖြစ်ပါတယ်။ 

(ယူကရိန်းနဲ့ ရုရှားဆိုတာ သမိုင်းတစ်လျောက် ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ ပန်းလို ခွဲမရအောင် ရှိခဲ့ပြီး ဆိုဗီယက်အင်ပါယာ မှာ ယူကရိန်းသားတွေလည်း ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲပြီး နောက်ပိုင်း သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်လာတဲ့ ယူကရိန်းကို အမေရိကန်နဲ့ နေတိုးစစ်မဟာမိတ်နိုင်ငံတို့က အလေးထား သိမ်းသွင်းခဲ့ပါတယ်။ စီးပွားရေးအရ ဥရောပသမဂ္ဂအုပ်စုအတွင်း ယူကရိန်းဝင်ရောက်ခြင်းကို ရုရှားက ကန့်ကွက် ခြင်းမရှိပေမယ့် သမိုင်းတလျောက် ရန်သူဖြစ်ခဲ့တဲ့ နေတိုးစစ်အုပ်စုမှာ ပါဝင်ဖို့ ပြင်ဆင်လာခြင်းဟာ ယခုလက်ရှိ ယူကရိန်းစစ်ပွဲဖြစ်ပွားရခြင်း စနက်တံဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂပဋိဉာဉ်အရ ရုရှားမှာလည်း သူတစ်ပါးနိုင်ငံအတွင်း ကျူးကျော်သူဖြစ်သွားရပါတယ်။ 

မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး နိုင်ငံတကာသိထားသမျှမှာ အနောက်နိုင်ငံ မီဒီယာများရဲ့ရေးသားချက်များသာ ဖြစ်ပါတယ်။ တစ်ပါတီအစိုးရအုပ်ချုပ်မှုလက်အောက်မှာ မြောက်ကိုရီးယားတို့ရဲ့ လူ့အခွင့်အရေးစံနှုန်းတွေဟာ အနောက်နိုင်ငံများထက် နိမ့်ကျနိုင်ပေမယ့် ငတ်မွတ်မွဲတေပြီး ဖွံ့ဖြိုးမှု နိမ့်ကျဆုံးဖြစ်တယ်ဆိုတာကတော့ ပြောသလောက် မဟုတ်ကြောင်း တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်ခြင်းနဲ့ နျူကလီယာလက်နက်ပိုင်ဆိုင်သွားခြင်းက သက်သေပြနေပါတယ်။

ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်နေကြောင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာတယ်ဆိုသူများကိုယ်တိုင် ခွက်ခေါက်တဲ့ အနူဂျီးများဖြစ်ကြောင်း အထင်အရှား ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့မိမိကိုယ်မိမိ ခုခံကာကွယ်ရေး စစ်လက်နက်တပ်ဆင်ခြင်းများဟာ ကုလသမဂ္ဂရဲ့စည်းကမ်းချက်များနဲ့ ငြိစွန်းနေပြီး နိုင်ငံတကာ အမြင်မှာလည်း အထီးကျန်ဖြစ်နေပါတယ်။

မျက်မှောက်ခေတ် စစ်တိုက်ခြင်းမှာ ကိုယ်တိုင်သွေးထွက်သံယိုနဲ့ အကုန်အကျများပြားတဲ့ Complete_warfare ကို အသုံးနည်းလာကြပါတယ်။ ဗိုက်အငှားနဲ့ ဒါးထိုးခံမယ့် ကိုယ်စားပြုများကို အသုံးချပြီး Proxy_warfare ကိုယ်စားပြု စစ်ခင်းခြင်း အပါအ၀င် မီဒီယာအားနဲ့တစ်ဖက်သပ်ပုံဖော်တဲ့ Hybrid_warfare မျိုးပေါင်းစပ် စစ်ခင်းတာမျိုးကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ #မီဒီယာ_မပိုင်ရင် #စစ်မတိုက်နဲ့လို့သာ ကျွန်တော့်အနေနဲ့ပြောချင်ပါ တယ်။ ကျယ်ပြန့်ခိုင်မာစွာ ထိုးဖောက်နိုင်တဲ့ မီဒီယာမရှိရင် စီးပွားရေးလုပ်လျှင်လည်း အောင်မြင်ရန် နှေးကွေးပြီး စစ်တိုက်လျှင်လည်း အကျအဆုံးများပြားနေပါလိမ့်မယ်။ ။ သတင်းသာသာ ပြန်သူ)

#မြောက်ကိုရီးယား #တောင်ကိုရီးယား #ကုလသမဂ္ဂအထွေထွေညီလာခံ #ဆိုဗီယက်ယူနီယံ_ပြိုကွဲခြင်း #ယူကရိန်း #ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရုတ်အပျော်တမ်းတပ်သား PAV #မျိုးပေါင်းစပ်စစ်

(AP News., 27 September 2023,” At UN, North Korea says the US made 2023 more dangerous and accuses it of fomenting an Asian NATO” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ် ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒလမြို့မရဲစခန်းရှိ အချုပ်ခန်းခေါင်မိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်နေသူများကို ပြန်လည်ဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved