Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA ကို ကိုယ်တိုင်ရေးထိုးခဲ့သည့် ခေါင်းဆောင်များနှင့် နိုင်ငံတကာသက်သေများကို ဖိတ်ကြားကာ NCA (၈)နှစ်ပြည့်အခမ်းအနားကို ကျင်းပနိုင်ရေး ညှိနှိုင်းနေ

မျိုးကြီး (NSS) - စက်တင်ဘာ ၂၇

NCA ကို ကိုယ်တိုင်ရေးထိုးခဲ့သည့် ခေါင်းဆောင်များနှင့် နိုင်ငံတကာအသိသက်သေများကို ဖိတ်ကြားကာ NCA လက်မှတ်ရေးထိုးခြင်း(၈)နှစ်ပြည့်အခမ်းအနားကို ကျင်းပနိုင်ရေး ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို လာမည့်အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။

မကြာခင်ကျင်းပမည့် NCA နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NSS ကို ပြောသည်။


NCA ကို ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် နိုင်ငံတကာအသိသက်သေများကို (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန်အတွက် ဖိတ်ကြားသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ကတော့ အစဉ်အလာမပြတ် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနားကိုတော့ ဆက်လက်ကျင်းပမယ်။ ဆက်လက်ကျင်းပတာတောင်မကပဲ အခါတိုင်းနှစ်တွေထက် လေးလေးနက်နက်ဖြစ်အောင် ကျွန်တော်တို့က NCA လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေ၊ သက်ရှိထင်ရှားရှိနေတဲ့ခေါင်းဆောင်တွေအားလုံးကို ဖိတ်ဖို့ စဉ်းစားချက်တွေလည်း ရှိတယ်။ NCA လက်မှတ်ရေးထိုးတဲ့အချိန်တုန်းက အသိသက်သေအနေနဲ့ ပါဝင်ခဲ့တဲ့ နိုင်ငံတကာခေါင်း ဆောင်တွေကိုလည်း ကျွန်တော်တို့က ဖိတ်ချင်တဲ့ စဉ်းစားချက်တွေလည်း ရှိပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

၎င်းကဲ့သို့ ဖိတ်ကြားကာ NCA (၈)နှစ်ပြည့်အခမ်းအနားကို ကျင်းပရန် ညှိနှိုင်းနေသော်လည်း မည်မျှအကျိုးသက်ရောက်မှုရှိမည်ကို မသိရှိနိုင်သေးကြောင်းလည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ထပ်မံပြောသည်။

“သို့သော်လည်းပဲ ဒါတွေက ဘယ်လောက်ပြုလုပ်နိုင်မလဲဆိုတာတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာပဲ မူတည်မှာဖြစ်ပါတယ်။ အဓိကတော့ အစဉ်အလာမပြတ်ကျင်းပနေတဲ့ ဒီ NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို လာမယ့် အောက်တိုဘာလ ၁၅ ရက်မှာ နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ လောလောဆယ်ကတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် NCA အရ နိုင်ငံရေးဆွေးနွေးပွဲများကို ထိထိရောက်ရောက်ကျင်းပနိုင်ခြင်းမရှိကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

မကြာခင်ကျင်းပမည့် NCA (၈)နှစ်ပြည့်အခမ်းအနားကို အဓိပ္ပာယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နစကဘက်က ထုတ်ဖော်အသိပေးထား သည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ CNF၊ ABSDF၊ DKBA၊ PNLO၊ ALP၊ KNU/KNLA-PC နှင့် RCSS တို့ (၈)ဖွဲ့က လက် မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၂)ခုဖြစ်သော LDU နှင့် NMSP တို့က ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး NCA လက်မှတ်ရေးထိုးထားသောအဖွဲ့မှာ စုစုပေါင်း (၁၀)ဖွဲ့ရှိခဲ့သည်။

ထိုသို့ NCA ရေးထိုးထားသော (၁၀)ဖွဲ့အနက် KNU၊ CNF နှင့် ABSDF တို့သည် လက်ရှိ နစက၏ တပ်မ တော်လုံခြုံရေးအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မကွေး၌ ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ(၁၃)ဦး ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved