စိတ်မနှံ့သူဟုယူဆရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဇေယျာသီရိမြို့၌ဖြစ်ပွား
စော(NSS) - စက်တင်ဘာ ၂၆
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ စိတ်မနှံ့သူဟုယူဆရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၅ရက်)၊ နံနက်(၃)နာရီဝန်းကျင်အချိန်တွင် ဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊ မအူတောကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
“သူကစိတ်မနှံ့ဘူးဗျ၊ အရက်ကလည်းနည်းနည်းကြောင်တယ်လို့ မိသားစုကတော့ပြောပါတယ်။ သူ့ကို အိမ်အပေါ်ထပ်မှာ ငုတ်တုတ်ကြီး ကြမ်းပြင်ပေါ် ဒူးထောက်တဲ့ပုံစံနဲ့ တွေ့ခဲ့ပါတယ်။ အင်္ကျီလည်း မပါဘူး။ အောက်ပိုင်းလည်း ဘာမှမပါဘူး”ဟု ကရုဏာရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူ အမျိုးသားသည် အသက် (၄၂)နှစ်အရွယ်ရှိ ကိုသူဖြစ်ပြီး ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ တပ်စခန်းတစ်ခု ပေါင်(၅၀၀)ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ