Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများကို Passport ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုမည်

ယွန်း (NSS) - စက်တင်ဘာ ၂၅

မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်‌ထောင်စုဝန်ကြီးက အသိပေးပြောကြားထား သည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က စက်တင်ဘာလ(၂၄)ရက်တွင် မူဆယ်မြိုရှိ ရွှေနန်းတော်ဂိတ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နယ်စပ်နေပြည်သူများကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) ဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ရာမှ စက်တင်ဘာလ(၄)ရက်တွင် နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့်ပါ ထပ်မံခွင့်ပြုပေးထားကြောင်း သိရသည်။ 

အဆိုပါ TBP ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးနောက်တွင် နယ်စပ်ဂိတ်များမှ ပြည်သူများဝင်ထွက်မှု ပိုမိုများပြားလာခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် မကြာမီကာလ၌ မြန်မာ- တရုတ် နှစ်နိုင်ငံနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) ဖြင့်ပါ ဝင်ထွက်သွားလာနိုင်ရေးကို ဆောင်ရွက်နေပြီး လုပ်ငန်းများ အဆင်ပြေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ၎င်းက ဆက်လက်ပြောကြားထားသည်။

လုပ်ငန်များ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

"နိုင်ငံကူးလက်မှတ်နဲ့ခွင့်ပြုမယ်ဆိုတာ နောက်လထဲမှာစမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့်အလည်အပတ်လား အလုပ်အကိုင်အတွက်ရော ခွင့်ပြုမလား ပြီးရင် တယ်ဟုန်းပြည်နယ်ခွဲကိုပဲခွင့်ပြုမလား၊ ယူနန်တစ်ပြည်လုံးကို ခွင့်ပြုမလား ရှန်ဟိုင်းအထိကို သွားခွင့်ပြုမလားဆိုတာတော့ မသိသေးဘူး။  အဲဒီလိုမျိုးခွင့်ပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့ဒေသခံတွေအတွက် အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် အခုကျွန်တော့်ဆီမှာ(BP)ရှိတယ်။ BP နဲ့သွားမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေနားလည်တယ်လေ Passport နဲ့ဆိုရင် ဗီဇာဆိုတာလိုဦးမယ် မူဆယ်မှာလုပ်လို့လည်းမရဘူး။ အဆင့်ဆင့်တွေရှိလာမယ်ဆိုတော့ ကျွန်တော်တို့လိုဒေသခံတွေအတွက်တော့ အဆင်မပြေဘူးပေါ့။ ကောင်းကျိုးဆိုးကျိုးလေးတွေဆိုတာတော့ ရှိတာပေါ့"ဟု မူဆယ်မြို့ရှိ ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (၇)ရက်တာ သွားရောက်လည် ပတ်နေထိုင်ခွင့်ရရှိမည့် တစ်ခါသုံးကတ်(TBP)များကို ပြီးခဲ့သည့် စက်တင်ဘာလ(၄)ရက်မှစ၍ ပြန်လည်ထုတ်ပေးနေပြီး လူဦးရေပေါင်း(၁၀၀၀၀)ကျော်ကို ခွင့်ပြုထုတ်ပေးထားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အနုပညာဗဟိုဌာန(ရန်ကုန်) ပြီးစီးပါက နိုင်ငံတကာမှလာရောက်သည့် ယဉ်ကျေးမှုပဒေသာ ကပွဲများအပါအဝင် အနုပညာဆိုင်ရာပွဲများ လက်ခံကျင်းပနိုင်မည်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved