ကမ္ဘာမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေအပေါ် ကြားဝင်စွက်ဖက်မှာမဟုတ်ဘဲ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံအဖြစ် ရှိနေတဲ့အတွက် ကြားနေနိုင်ငံအဖြစ်သာ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး ကမ္ဘာမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေမှာ ဘယ်နိုင်ငံဖက်မှ ရပ်တည် သွားမှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဟွန်မာနက်ဟာ ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်လာချိန်အတွင်း အမေရိကန်နိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံသားတွေနဲ့တွေ့ဆုံချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
၎င်းက "ကမ္ဘောဒီးယားနိုင်ငံမှာ မိတ်ဆွေနိုင်ငံတွေ ရှိနေပါတယ်။ အဲဒီနိုင်ငံတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်မှာပါ" လို့ ပြောပါတယ်။
ဟွန်မာနက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှုအပေါ် ကမ္ဘာတဝန်းရှိ နိုင်ငံများအနက်မှ နိုင်ငံပေါင်း ၄၉ နိုင်ငံရဲ့ခေါင်းဆောင်ပေါင်း ၅၉ နိုင်ငံက ထောက်ခံကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ ဟွန်မာနက်က "ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဘယ်နိုင်ငံရဲ့စစ်တပ်ကို စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ အခြားတစ်နိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက်မယ့်အဖွဲ့အစည်း၊ နိုင်ငံတွေကို ကမ္ဘောဒီးယားနိုင်ငံပိုင်နက်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးမှာ အင်အားသုံးဖြေရှင်းတာ၊ ခြိမ်းခြောက်တာကို ဆန့်ကျင်သွားမှာဖြစ်သလို အခြားတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်း၊ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းများကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်က ပြောပါတယ်။
ဟွန်မာနက်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် နဲ့ ဝန်ကြီးချုပ်ရာထူးများကို ရယူခဲ့ဖူးတဲ့ ဟွန်ဆန်ရဲ့သားအကြီးဆုံးဖြစ်ပြီး၊ ပြီးခဲ့တဲ့လပိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ် ခံခဲ့ရသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့၌ လေပြင်းတိုက်၍ မိုးကြီးနိုင်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း