တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ရဲ့ပြောဆိုချက်များကို မြောက်ကိုရီးယားအစိုးရ တုံ့ပြန်ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ရုရှားနိုင်ငံကို သွားရောက်လည်ပတ်မှုဟာ အိမ်နီးချင်းနိုင်ငံများကြား နီးကပ်တဲ့အပြန်အလှန်ဆက်ဆံရေးထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်တဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ဟာ ကျင်းပလျက်ရှိနေတဲ့ ကုလသမဂ္ဂအစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာမှာ ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့စစ်လက်နက်ပစ္စည်းအစီအစဉ်များကို ပိုမိုအားကောင်း၊ ကောင်းမွန်လာအောင် ကူညီပေးမယ်ဆိုရင် တိုက်ရိုက်ရန်စမှုအဖြစ် မှတ်ယူမှာဖြစ်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCNA က တောင်ကိုရီးယားသမ္မတရဲ့ပြောဆိုချက်များကို ပြစ်တင်ရှုတ်ချထားပြီး တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား မိတ်ဆွေအဖြစ် ပူးပေါင်းဆောင်ရွက်နေခြင်းကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေကြောင်း ဝေဖန်ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားကို ဝေဖန်ဖို့အတွက် ကုလသမဂ္ဂရဲ့ “loudspeaker” အဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနက ဆိုပါတယ်။
KCNA က "မြောက်ကိုရီးယား နဲ့ ရုရှားနိုင်ငံကြားဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေကြား လုပ်ရိုး လုပ်စဉ်ပါ။ ပုံမှန်အတိုင်းပါပဲ" လို့ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့သီတင်းပတ် က ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံကာ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကိုတိုးမြှင့်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ရုရှားဟာ မြောက်ကိုရီးယားနိုင်ငံထံကနေ အမြှောက်ကျည်ဆံများ ရရှိဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မကြာသေးမီက စွပ်စွဲခဲ့ဖူးပါတယ်။ အပြန်အလှန်အနေနဲ့ ရုရှားဟာ မြောက်ကိုရီးယားရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအစီအစဉ်ကို ပိုမိုတိုးတက်အောင် ကူညီပေးသွားမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံထံကနေ ၎င်းတို့ရဲ့ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်အတွက် နည်းပညာများ အကူအညီပိုမိုရရှိအောင် ကြိုးပမ်းဖွယ်ရှိနေကြောင်း အမေရိကန် နဲ့ တောင်ကိုရီးယားတို့က သုံးသပ်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာ(၅ဝ)နီးပါးအတွက် ဝန်ထမ်းများခေါ်ယူနေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း