အကြမ်းဖက်မှုမရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု အာမမခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရပြော
Pika (NSS) - စက်တင်ဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများမရှိဘဲ အကြမ်းဖက်မှုကင်းစင်သော ရွေးကောက်ပွဲလုပ်ဆောင်နိုင်ရန်အတွက် အစိုးရက အာမမခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ထုတ်ဖော်ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အရပ်ဘက်လုံခြုံရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya တို့၏ တွေ့ဆုံမှုအတွင်း ပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲနှင့်ပတ်သက်သောမေးခွန်းများကို AK Abdul Momen က ယခုကဲ့သို့ တုံ့ပြန်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
၎င်း က "လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင်လုပ်ချင်တယ်ဆိုတာ သိသာပါတယ်။ လာမယ့် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာလုပ်ဆောင်ဖို့ အမေရိကန်ကလည်း ပြောကြားထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု ကင်းစင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကျွန်တော်တို့ အာမမခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ အစိုးရတစ်ခုတည်းအပေါ် မူတည်တာမဟုတ်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာ အကြမ်းဖက်မှုတွေ ကင်းစင် အောင် လုပ်ဆောင်ဖို့က နိုင်ငံရေးပါတီတွေအားလုံးနဲ့ ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငြိမ်းချမ်းသောရွေးကောက်ပွဲကို လုပ်ဆောင်စေနိုင်ရန်အတွက် အမေရိကန်က ကူညီမှသာ နိုင်ငံရေးပါတီများအားလုံးနှင့် ပြည်သူများက အကြမ်းဖက်မှုကင်းစင်သောရွေးကောက်ပွဲ လုပ်ဆောင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း AK Abdul Momen က ပြောကြားခဲ့သည်။
၎င်းက "လာမယ့်ရွေးကောက်ပွဲကို ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပသွားမှာပါ။ ကျွန်တော်တို့ ပြည်သူတွေကို ယုံကြည်ပါတယ်။ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်တွေမရှိဘဲ ဘယ်သူကမှ အာဏာရနိုင် မယ် မထင်ပါဘူး။ တစ်ယောက်ယောက်က မဲလိမ်ပြီး အာဏာရလာခဲ့မယ်ဆိုရင်လည်း အဲဒီအစိုးရက ကြာရှည်ခံမှာ မဟုတ်ပါဘူး။ အဲဒါမျိုးတွေကို အရင်တည်းက ကြုံဖူးပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏ ဒရုန်း(၂၅၇)စင်း နှင့် HIMARS ဒုံးကျည်အစင်းရေ(၅ဝ)ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက် ပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ