အနောက်အုပ်စုနိုင်ငံများက ယူကရိန်းပဋိပက္ခကို စစ်မြေပြင်တွင်ဖြေရှင်းချင်ပါက ရုရှားဖက်ကလည်း စစ်မြေပြင် တွင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရ ဆို
Pika (NSS) - စက်တင်ဘာ ၂၄
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းပဋိပက္ခကို အင်အားသုံးဖြေရှင်းရန် ကြိုးပမ်းမည်ဆိုပါက ရုရှားဖက် ကလည်း လိုအပ်သည့်လက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် က ပြောကြားခဲ့သည်။
ဆာဂေးလာရော့ဗ် က "ရုရှားဟာ စစ်မြေပြင်မှာ ရှုံးနိမ့်ရမယ်လို့ အနောက်အုပ်စုနိုင်ငံတွေက ပြောဆိုနေကြပါတယ်။ စစ်မြေပြင်မှာဖြစ်ပျက်နေတာတွေကို ဘယ်သူကမှ နားမလည်ကြသလို နားလည်ကြတဲ့လူတွေဟာာလည်း အဲဒါကို လူသိရှင်ကြား ထုတ်မပြချင်ကြပါဘူး။ အနောက်အုပ်စုနိုင်ငံတွေဟာ ပဋိပက္ခကို စစ်မြေပြင်မှာပဲဖြေရှင်းချင်တယ် ဆိုရင် ကျွန်တော်တို့ဖက်ကလည်း အဲဒီလိုပဲလုပ်မှာပါ" ဟု ပြောခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီး နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ စကားပြောဆိုမှုများရှိခဲ့ပြီးနောက် လေးရက် အကြာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီးထံမှ အတည်ပြုချက်ရရှိထားသော ငြိမ်းချမ်းရေးဖော်မြူလားများ အပါအဝင် ယူကရိန်းပဋိပက္ခနှင့်ဆက်စပ်သည့် အချို့သောငြိမ်းချမ်းရေးဖော်မြူလာများသည် လက်တွေ့မကျကြောင်း နှင့် လူတိုင်းက အဆိုပါအချက်ကို နားလည်ကြောင်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။
ဆာဂေးလာရော့ဗ်သည် ရုရှား နှင့် ယူကရိန်းကြား ပဋိပက္ခအဆုံးသတ်ရန်အတွက် ဆွေးနွေးပွဲများလုပ်ဆောင်ရန် ရုရှားဖက်က ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့်ပတ်သက် သည့်ဖြစ်နိုင်ခြေများကို ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်း က "ရုရှားဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်တွေ လုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး တစ်ကြိမ်လှည့်စားခံခဲ့ရပြီးပါပြီ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုမရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု အာမမခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ