Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာအနီး အာရူနာချယ်ပရာဒက်ပြည်နယ် အားကစားမယ်များကိစ္စ နယူးဒေလီ-ပေကျင်း အချေအတင်ဖြစ်

Htay Oung (NSS) - စက်တင်ဘာ ၂၄ 

နယ်ခြားဒေသ နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ပတ်သက်ပြီး ကာလရှည်ကြာ အငြင်းပွားနေကြတဲ့ ပေကျင်းနဲ့ နယူးဒေလီတို့ အတွက် အိန္ဒိယကိုယ်ခံပညာ အားကစားသမား ၃ ဦးတို့ကိစ္စဟာ (ဆက်ဆံရေး တင်းမာဖို့) နောက်တစ် တပ်တိုးလာ ပုံရတယ်လို့ BBC က ယမန့်နေ့က ရေးသားခဲ့ပါတယ်။

ပြည်ဝင်ခွင့် ဗီဇာအတွက် တရုတ်က ငြင်းဆိုခံရတဲ့ အဲဒီ အားကစားမယ်တွေဟာ တရုတ်က သူတို့အပိုင်လို့ ဆိုထား တဲ့ (မြန်မာနိုင်ငံ ကချင်ပြည်နယ်အနီး) အိန္ဒိယရဲ့အာရူနာချယ်ပရာဒက်ရ်ှပြည်နယ်မှဖြစ်ပြီး နယူးဒေလီမြို့တော်နဲ့ အလှမ်းဝေးနေတဲ့ အရှေ့မြောက်ဖျားဒေသဖြစ်နေခြင်းဟာ (မိုဒီအစိုးရအတွက် စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ရ) ပါတယ်။ 


အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှ ဝူရှူးအားကစားမယ် ၃ ဦးတို့ဟာ စနေနေ့ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စတင် ကျင်းပတဲ့ “၂ဝ၂၃ အာရှအားကစားပြိုင်ပွဲ” မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အိန္ဒိယအားကစားအဖွဲ့မှာ ပါဝင်သူများ ဖြစ်ပါတယ်။

အဲဒီအားကစားမယ်များရဲ့ခရီးသွားလာခြင်းကို တားမြစ်ခြင်းအားဖြင့် အိန္ဒိယအစိုးရဲ့ ဆီလျော်တဲ့စာရွက်စာတန်းများ တရား၀င်မှုကို တရုတ်က ငြင်းပယ်တယ်လို့ နယူးဒေလီက စွပ်စွဲပါတယ်။ ပေကျင်းကတော့ စွပ်စွဲချက်ကို ငြင်းဆိုပြီး သူတို့အနေနဲ့ တရားဝင် စာရွက်စာတမ်းများကိုင်ဆောင်ထားတဲ့ အားကစားသမားအားလုံးကို ကြိုဆိုနေတယ်လို့ ပြောပါတယ်။ 

အိန္ဒိယမီဒီယာများရဲ့အဆိုအရ အားကစားသမားမယ် သုံးဦးတို့ရဲ့ အမည်ပါ စာရွက်စာတန်းတွေဟာ ဒေါင်းလုဒ် ဆွဲယူ၍ မရတော့ဘဲ ကျန်ရစ်ခဲ့ကြောင်း၊ အခြားအားကစားအဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ အဲဒီလိုမဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံဟာ ပစ်မှတ်ထား ကြိုတင်ကြံရွယ်တဲ့ပုံစံမျိုး နဲ့ အားကစားသမားများအပေါ် တစ်ဖက်သပ်ပြုမူခဲ့တယ်လို့ ပြောပါတယ်။ အခြေချနေထိုင်ရာ အရပ်ဒေသ (သို့မဟုတ်) လူမျိုးနွယ်အပေါ် အခြေခံပြီး အိန္ဒိယနိုင်ငံသားများအပေါ် ကွဲပြားတဲ့ဆက်ဆံမှုကို နယူးဒေလီက ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ အာရူနာချယ်ပရာဒရာဒက်ရှ်ဟာ အိန္ဒိယရဲ့အရေးပါမှုနဲ့ ဖယ်ထုတ်လို့ မရနိုင် တဲ့ (နယ်မြေ) အစိတ်အပိုင်းတစ်ခုအဖြစ် အစဉ်ထာဝရ တည်ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

အိန္ဒိယအားကစားဝန်ကြီးကလည်း အားကစားပြိုင်ပွဲကို တက်ရောက်မယ့် သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။


(ကူဝိတ်အခြေစိုက် ၄၅ နိုင်ငံပါ) အာရှအိုလံပစ်ကောင်စီ (OCA) မှ တာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံအနေနဲ့ အမျိုးသမီးများအတွက် ဗီဇာများကို ထုတ်ပေးခဲ့ကြောင်း၊ ဒါပေမယ့် သူတို့ ၃ ဦးဟာ ကျန်အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့က ပေးအပ်တဲ့ ဗီဇာများနဲ့ ကွဲလွဲနေတဲ့အတွက် လက်ခံရန် ငြင်းဆန်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့စည်းမျဉ်းတွေအရ၊ သူတို့ကို ဗီဇာတစ်မျိုးမျိုး ပေးပိုင်ခွင့်ရှိပါတယ်လို့ အာရှအိုလံပစ်ကောင်စီ တစ်သက်တာ ဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌ ဝေဇီကျောင်းက ပြောပါတယ်။ အဲဒီ အားကစားမယ်များ ပါ၀င်ယှဉ် ပြိုင်နိုင်စေဖို့ ပြိုင်ပွဲကျင်းပရေးကော်မတီက လုပ်ဆောင်နေကြောင်း အခြား OCA အရာရှိတစ်ဦးက မှတ်ချက်ပေးပါ တယ်။

စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ တရုတ်အကြား အငြင်းပွားမှုမှာ ယခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်း ပေကျင်းက ထုတ်ဝေလိုက်တဲ့မြေပုံအသစ်မှာ အိန္ဒိယ အရှေ့မြောက်ပိုင်း ( မြန်မာနိုင်ငံ ကချင်ပြည်နယ် အနောက်ဖက်) အာရူနာချယ်_ပရာဒက်ရ်ှပြည်နယ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ (ဂျမူး-ကက်ရ်ှမီးယား) အတ်ဆိုင်_ချင်းကုန်းပြင်မြင့်ကို တရုတ်ပိုင်နက်ဖြစ်ကြောင်း မြေပုံကို ထည့်သွင်းဖော်ပြထားတဲ့အတွက် အိန္ဒိယနိုင်ငံက ကန့်ကွက်ခဲ့ဖူးပါတယ်။

အိန္ဒိယ-တရုတ် နယ်စပ်မျဉ်းကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအနေနဲ့ စိတ်အေးအေးထားရန် တရုတ်နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ စကားလုံး ၄ဝဝ ခန့်သာ ပါရှိပါတယ်။

အလားတူ ဇူလိုင်လ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ အိန္ဒိယ အားကစားသမားများအတွက် ကန့်သတ်ဗီဇာများ ထုတ်ပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နယူးဒေလီက ဝင် ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါဘူး။

အဲဒီလိုဗီဇာငြင်းပယ်မှုများဟာ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ဟာ အိန္ဒိယအပိုင်ဖြစ်ကြောင်း နယူးဒေလီရဲ့ ရှင်းလင်းချက်ကို တရုတ်နိုင်ငံက လက်မခံကြောင်း အရိပ်အယောင်အဖြစ် မိုဒီအစိုးရက မှတ်ယူပါတယ်။

သူတို့ပြည်နယ်ဖြစ်ကြောင်း အိန္ဒိယက ပြတ်ပြတ်သားသားငြင်းဆိုထားတဲ့ အာရူနာချယ်ပရာဒက်ရ်ှကို "တောင်တိဗက်" အဖြစ် တရုတ်က ကြေညာခဲ့ပါတယ်။ အိန္ဒိယ ကက်ရှ်မီးယားဒေသ ဟိမဝန္တာတောင်တန်းရှိ အတ်ဆိုင်ချင်း ကုန်းပြင်မြင့်ကိုလည်း တရုတ်က ထိန်းချုပ်ထားပါတယ်။

အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် တရားဝင်စာရွက်စာတမ်းမျာနဲ့အတူ ဟန်ကျိုးသို့ လာရောက်ရန် နိုင်ငံအသီးသီးမှ အားကစားသမားများကို ကြိုဆိုကြောင်း ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး က သောကြာနေ့မှာ မှတ်ချက်ပေးပါတယ်။ တရုတ်အစိုးရဟာ အာရူနာချယ်ပရာဒက်ရှ် ဆိုတာကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ကြောင်း တောင်တိဗက်ဒေသဟာ တရုတ်နိုင်ငံရဲ့နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု ရင်းမြစ်မှာ ဟိမဝန္တာတောင်တန်းတစ်လျှောက် မိုင် ၂၁ဝဝ ခန့်ရှည်လျားတဲ့ နယ်ခြားဒေသကို သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုဖြစ်ပါတယ်။ နယ်ခြားသတ်မှတ်ထားခြင်းများမှာ အားနည်း ညံ့ဖျင်းပြီး LAC လို့ခေါ်တဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်းတစ်လျှောက် နျူလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှ စစ်သားတွေဟာ ထိပ်တိုက် ရန်စောင်နေကြပါတယ်။ နယ်ခြားသတ်မှတ်ရာမှာ မြစ်-ချောင်း-ရေအိုင်-တောင် ကုန်း-တောင်စွယ်များကို အမှတ်အသားပြုလေ့ရှိကြပါတယ်။ အလွန်မြင့်မားပြီး ရာသီဥတုဆိုးရွားတဲ့ ဟိမဝန္တာတောင်တန်းဒေသမှာ အဲ့ဒီ အမှတ်အသားတွေဟာ မကြာခဏ ပြောင်းလဲလေ့ရှိခြင်းလည်း ပါ၀င်ပါတယ်။

ကက်ရှ်မီးယား အရှေ့ပိုင်း လက်ဒက်ဒေသ ဂယ်လွမ်ချိုင့်ဝှမ်းမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ကတည်းက အိန္ဒိယနဲ့ တရုတ်တို့အကြား ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်အသီးသီးတို့ အသက် သေဆုံးရတဲ့ အဲဒီပဋိပက္ခဟာ ၁၉၇၅ ခုနှစ်နောက်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အသေအပျောက် ဖြစ်ပေါ်တဲ့ ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပါတယ်။

နယ်စပ်ဒေသ နေရာအများအပြားမှာ မျက်နှာချင်းဆိုင် အသင့်ဖြစ်နေကြတဲ့ နှစ်နိုင်ငံ စစ်တပ်များအကြား (အိန္ဒိယရဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတည်ရှိရာ) အာရူနာချယ်ပရာဒက်ရှ်ဒေသ တဝမ် နယ်စပ်တလျှောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ အိန္ဒိယနဲ့ တရုတ်တပ်များရဲ့ ပဋိပက္ခဟာ နောက်ဆုံး တင်းမာမှု ဖြစ်ပါတယ်။

လေးနှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ အာရှအားကစားပြိုင်ပွဲဟာ ကမ္ဘာ့အကြီးဆုံး အားကစားယှဉ်ပြိုင်ပွဲဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ကျင်းပရန် စီစဉ်ထားပေမယ့် Covid ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

#အာရူနာချယ်_ပရာဒက်ပြည်နယ် #အိန္ဒိယဝူရှူးအားကစားမယ်_၃ဦး #၂၀၂၃_ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ 

#ဂျမူး_ကက်ရ်ှမီးယား_အတ်ဆိုင်_ချင်းကုန်းပြင်မြင့် #တ၀မ်းနယ်မြေ

(BBC., 23 September 2023,” Arunachal Pradesh: India-China border row flares over athlete visas” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစကလက်ထက်၌ လက်လုပ်သေနတ်မျိုးစုံ (၁၀၀၀၀)ကျော် သိမ်းဆည်းရမိခဲ့ပြီး လက်လုပ်သေနတ်အများဆုံး ထုတ်လုပ်ရာဒေသမှာ စစ်ကိုင်းတိုင်းဖြစ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved