Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က ယူကရိန်းထံ တာဝေးပစ် ATACMS ဒုံးကျည်များ ပေးအပ်မည်

Htay Oung (NSS) - စက်တင်ဘာ ၂၃

 ကိယက်ဗ်ရဲ့ လက်ရှိ တန်ပြန်ထိုးစစ်ဆင်ရာမှာ အကူအညီပေးဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းထံ အဆင့်မြင့် တာဝေးပစ်ဒုံးကျည်တွေ ပေးအပ်သွားဖို့ စီစဉ်နေကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြနေကြတယ်လို့ BBC က ယနေ့ (စက်တင်ဘာလ ၂၃ ရက်)မှာ ရေးသားပါတယ်။


မိုင် ၁၉၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့  ATACMS ဒုံးကျည်အချို့ကို ယူကရိန်းက ရရှိမှာဖြစ်ကြောင်း အဲဒီကိစ္စအကြောင်း သိရှိသူအမေရိကန်အရာရှိများကို ကိုးကားပြီး ဖော်ပြကြခြင်းဖြစ်ပါတယ်။

အဲ့ဒီ ဒုံးကျည်တွေကိုသာ ရရှိသွားခဲ့လျှင် ယူကရိန်းအနေနဲ့ ရုရှားရဲ့ ရှေ့တန်းနောက်မှာ ရှိနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တော့မှာဖြစ်ပါတယ်။

ယခုလို သတင်းများ ထွက်ပေါ်နေစဉ် မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုဌာနချုပ်ကို သောကြာနေ့မှာ ယူကရိန်း ဒုံးကျည်တစ်စင်းထက်မနည်း ထိမှန်ခဲ့ကြောင်း သိရှိရတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့က ထောက်ပံ့ပေးထားတဲ့ “စတောင်းမ်_ရှဲဒိုး“ ဒုံးကျည်တွေကို အသုံးပြုပြီး ဆီဗက်စတိုပိုလ် ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကိယက်ဗ်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုခြင်းဟာ ယူကရိန်းအတွက် အနောက်နိုင်ငံထုတ် လက်နက်တွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသလို ရှိနေပါတယ်။

အဲဒါကလည်း အကွာအဝေး မိုင် ၁၅၀ ကျော် ပျံသန်းနိုင်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ယုံသာ ရှိပါသေးတယ်။

သူ့ရဲ့ ပြင်းထန်တဲ့ တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်တင်နိုင်ဖို့အတွက်  ATACMS ဒုံးကျည်များ ရရှိလိုကြောင်း ယူကရိန်းက နားပူနားဆာ လုပ်နေခဲ့တာ လပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ကိယက်ဗ်ကို ATACMS ( ကြည်းတပ်သုံး နည်းဗျူဟာမြောက် မစ်ဆိုင်းစနစ်) ဒုံးကျည် အနည်းငယ်ကို ပေးအပ်မှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်စကီးကို သမ္မတဘိုင်ဒန်က ပြောပြလိုက်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများကို ကိုးကားပြီး “အင်န်ဘီစီသတင်းအေဂျင်စီ“ နဲ့  “ဝေါလ်စထရိဂျာနယ်“ တို့က ရေးသားကြပါတယ်။

ဒီအတွက် လာမယ့် ကြာသပတေးနေ့ အိမ်ဖြူတော်မှာ အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံကြမှာ ဖြစ်ကြောင်း၊ လက်နက်များကိုတော့ လာမယ့် ရက်သတ္တပတ်များအတွင်း ပေးပို့မှာ ဖြစ်တယ်လို့ ဝေါလ်စထရိကပဲ ထပ်မံ ဖော်ပြပါတယ်။ 

တစ်ချိန်တည်းမှာပဲ အဲဒီ ATACMS လက်နက်တွေမှာ ထိပ်ဖူးတစ်ခုတည်း မဟုတ်ဘဲ ထပ်ဆင့်ပေါက်ကွဲပြီး အစုအပုံလိုက် ထိမှန်စေတတ်တဲ့ ကလပ်စတာဗုံးသီးများကို တပ်ဆင်ပေးဖို့ ယူကရိန်းနဲ့ ဆွေးနွေးနေကြောင်း ဒီကိစ္စအကြောင်း သိရှိသူ အများအပြားကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြပါတယ်။

အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်များကို ဝါရှင်တန်ရော ယူကရိန်းတို့ကပါ တရားဝင် အတည်ပြုခြင်း မရှိသေးပါဘူး။

သမ္မတနှစ်ဦးတို့ရဲ့ဆွေးနွေးပွဲအပြီး ယူကရိန်းအတွက် အဝေးပစ်လက်နက်ကြီးများနဲ့ ခဲယမ်းမီးကျောက်များ အပါအဝင် စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်းကို ပေးအပ်မှာ ဖြစ်ကြောင်း ဝါရှင်တန်က ကြေညာပါတယ်။ အမေရိကန်လုပ် “အေဗရမ်“ တင့်ကားများကိုတော့ လာမယ့် သီတင်းပတ်မှာ ပို့ဆောင်ပေးပါလိမ့်မယ်။

သို့သော်လည်း ATACMS ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သမ္မတနှစ်ဦးစလုံးက စကားလမ်းကြောင်း လွှဲနေခဲ့ပါတယ်။

မနေ့က သမ္မတဘိုင်ဒင်နဲ့ ဆွေးနွေးခဲ့ရာမှာ အများစုအတွက် သဘောတူညီချက်တစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ ဇီလင်းစကီးက သောကြာနေ့မှာ ပြောပါတယ်။ အဲ့ဒါက အချိန်ကာလ တစ်ခုအတွက်ပဲဖြစ်ပြီး အရာအားလုံးက ယူကရိန်းပေါ်မှာ မူတည်နေခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

တောင်ပိုင်းရှိ ရုရှားရဲ့ အဓိကရုရှားထောက်ပံ့ရေးလိုင်းများ၊ ကွပ်ကဲမှုနေရာများနဲ့ ရှေ့တန်းနောက်ကွယ်ရှိ အခြား ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာများကို  လက်ရှိ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းမှ မောင်းထုတ်ပစ်နိုင်ဖို့ ATACMS ကို လိုအပ်ကြောင်း၊ မော်စကိုအနေနဲ့ တပ်အင်အားနဲ့ လက်နက်များကို ပြန်လည် ဖြည့်တင်းဖို့ ပိုမိုအခက်တွေ့စေလိမ့်မယ်လို့ ဇီလင်စကီးက တကျီကျီ လုပ်နေခဲ့ပါတယ်။

အဲဒီ လက်နက်သာ ရရှိခဲ့လျှင် ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်ပြီး နေရာယူထားတဲ့ ရုရှားကို အထူးတလည် အထိနာစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့ပြီး အစပိုင်းမှာ ဘိုင်ဒင်အစိုးရအနေနဲ့ ကိယက်ဗ်ကို ခေတ်မီလက်နက်များ ပေးအပ်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့်  ရွေ့ပြောင်းနိုင်စွမ်း အလွန်လွယ်တကူပြီး တိကျမှု မြင့်မားတဲ့ MIMARS ရော့ကက်စနစ်များနဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များကို ပေးပို့ခြင်းဖြင့် သွေးတိုးစမ်းပြီးတဲ့ နောက်မှာတော့ အမေရိ ကန်ရဲ့ ရပ်တည်ချက်ဟာ အထင်အရှား ပြောင်းလဲလာခဲ့ပါတယ်။

သို့တိုင်အောင် သမ္မတဘိုင်ဒင်အနေနဲ့ ATACMS များ ပေးပို့မှုနဲ့ ပတ်သက်ပြီး (နောက်ဆုံးအချိန်ထိ) ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီ ဒုံးကျည်ကိစ္စဟာ  နျူကလီယာလက်နက်ပိုင် ရုရှားနဲ့ ထိပ်တိုက်တွေ့မှု ပိုမိုနီးကပ်လာမှာကို စိုးရိမ်မှုများ ရှိနေပါတယ်။

ဖင်လန်နိုင်ငံ အလယ်ပိုင်း နေတိုးစစ်စာချုပ်အဖွဲ့၀င်နိုင်ငံများရဲ့ စစ်ရေးလေ့ကျင့်စဉ်အတွင်း အမေရိကန်လုပ် F-35A ဂျက်တိုက်လေယာဉ်နှစ်စင်းတို့က အဝေးပြေးလမ်းမပေါ်မှာ  ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့ပုံ ဗွီဒီယိုဖိုင်ကို နော်ဝေးတော်၀င်လေတပ်က ထုတ်ပြန်လိုက်တယ်လို့ Reuters က ယမန်နေ့(စက်တင်ဘာလ ၂၂ ရက်) ရေးသားပါတယ်။

စစ်မက်ဖြစ်ပွားချိန် မြေပြင်ဆင်းသက်ခြင်း စစ်ရေးလေ့ကျင့်မှုအဖြစ် ဖင်လန်နိုင်ငံအလယ်ပိုင်း ထရာဗိုဒေသမှာ ကြာသပတေးနေ့မွန်းလွဲပိုင်းက ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ဆင်းသက် ပြီးလျှင်ပြီးချင်း အင်ဂျင်များ လည်ပတ်နေဆဲ တိုက်လေယာဉ်တွေကို လောင်စာဆီ ပြန်လည် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ လေယာဉ်ကွင်းငယ်တွေမှာ ဆင်းသက်နိုင်စွမ်း အကန့်အသတ်ရှိတဲ့ ဂျက်လေယာဉ်များအတွက် အဝေးပြေးလမ်းမကြီးတွေကို အသုံးပြုနိုင်ခြင်းဖြင့် လေတပ်မတော်ရဲ့ စွမ်းရည်ကို မြှင့်တင်နိုင်ခဲ့ကြောင်း နော်ဝေးစစ်ဘက်က ပြောဆိုပါတယ်။ F-35 အမျိုးအစားများဖြစ်တဲ့ F-35B ဟာ ယခင်က လမ်းများပေါ်မှာ ဆင်းသက်နိုင်ခဲ့ပြီး ဖြစ်ပေမယ့်  ဒေါင်လိုက်ဆင်းသက်ခြင်း မပြုနိုင်တဲ့ F-35A ဂျက်လေယာဉ်အတွက် ပထမဆုံးမြင်ကွင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ နေတိုးအဖွဲ့၀င်ဖြစ်လာတဲ့ ဖင်လန်နိုင်ငံဟာ ရုရှားနဲ့၈၁၀ မိုင်ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နော်ဝေကတော့  နေတိုးစစ်စာချုပ် မဟာမိတ်အဖွဲ့ကို စတင်တည်ထောင်သူဖြစ်ပါတယ်။

(BBC., 23 September 2023,” Ukraine war: US to give Kyiv long-range ATACMS missiles - media reports” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆွီဒင်မှာ မြေပြိုမှုကြောင့် ကားလမ်းအများအပြား ပျက်စီး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved