Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂါလီဒုက္ခသည်များအတွက် ဘင်္ဂလားဒေ့ရှ် တရားစရိတ်ကို ဝိုင်း၀န်းထောက်ပံ့ရန် OIC နိုင်ငံများအား မိုမန်တိုက်တွန်း

Htay Oung (NSS) - စက်တင်ဘာ ၂၃

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲဆိုစဉ် ဒါကာက ကုန်ကျခဲ့တဲ့ စရိတ်များအတွက် OIC ခေါ် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၀င်နိုင်ငံများအနေနဲ့ ဆန္ဒရှိသလောက် ဝိုင်း၀န်းထည့်၀င်ကြရန် ဘင်္ဂလားဒေ့ရ်ှက တိုက်တွန်းလိုက်တယ်လို့ Dhaka Tribune က စက်တင်ဘာလ ၂၂ ရက်မှာရေးသားပါတယ်။ 


ဒုက္ခသည် ဘင်္ဂါလီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်၊ OIC နဲ့ ကမ္ဘာကြီးအတွက် စဉ်ဆက်မပြတ် စိုးရိမ်စရာကိစ္စ ဖြစ်နေတယ်လို့ စက်တင်ဘာလ ၂၁ ရက် နယူးယောက်မြို OIC နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူ မိုမန်က ပြောပါတယ်။ 

ဒုက္ခသည် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ စွပ်စွဲကြောင်း သက်ဆိုင်ရာနိုင်ငံခြားရေး၀န်ကြီးများ ကောင်စီရဲ့ဆုံးဖြတ်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ OIC က မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးအရောက် ခေါ်ယူနိုင်ခဲ့ကြောင်း၊ အဲဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂ သန်းအနက် ဒေါ်လာ ၆ ဒသမ ၅ သန်းအတွက် ငွေတောင်းခံလွှာကို ဥပဒေအကျိုးဆောင်ကုမ္ပဏီက ပေးပို့လာကြောင်း၊ ယခုအချိန်အထိ အလှူငွေ ဒေါ်လာ ၂ ဒသမ ၇၇၅ သန်းကို ရရှိထားပြီး အဲဒီကိစ္စအတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဘဏ္ဍာငွေ  အကန့်အသတ်ရှိနေသည့်တိုင် ဒေါ်လာ ၀ ဒသမ ၇ သန်းကို ထည့်၀င် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ စေတနာအလျောက် ပံ့ပိုးကူညီမှုနဲ့ ထည့်၀င်မှာဖြစ်ကြောင်း ကတိကဝတ်တွေအတွက် နိုင်ငံအချို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒါပေမယ့် (တွက်ချက်ထားတဲ့) အလားအလာငွေ စုစုပေါင်းဟာ ဥပဒေကုမ္ပဏီကို ပထမအရစ်ကျအဖြစ် တရားဝင် ပေးချေရမယ့် ပမာဏနဲ့ အလွန်ကွာခြားနေပါကြောင်း၊ ဒီအတွက် စေတနာရှေ့ထားပြီး ကတိကဝတ်ပြုကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းပါကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

မော်ရိုကိုနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး လစ်ဗျားနိုင်ငံမှာ ရေလွှမ်းမိုးခံရခြင်းများမှာ ထိခိုက်ဆုံးရှုံးရမှုများအတွက် အလေးအနက် စာနာမိပါကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ပြန်လည် ကျန်းမာလာစေရန် ဘင်္ဂလားဒေ့ရ်ှအစိုးရက ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတို့အတွင်း  အစ္စလာမ်သာသနာအပေါ် ဆန့်ကျင်တဲ့ လုပ်ရပ်များတွေဟာ မောဟအတိနဲ့  ရူးသွပ်တဲ့အတွေးများအပေါ် အခြေခံကြောင်း၊ သူတို့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ရှုတ်ချတယ်လို့ OIC အထွေထွေအတွင်း ရေးမှူးချုပ်ထံ သူတို့တရား၀င်ရပ်တည်ချက်ကို ပေးပို့လာတဲ့အတွက် ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးတွေကို ကျေးဇူးတင်ရှိ ပါကြောင်း၊ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ အစ္စလာမ်သာသနာနဲ့ ဖွဲ့စည်းချည်နှောင်ထားတဲ့ အိုမာအဖွဲ့၀င်တို့အနေဖြင့် ကျွန်ုပ်တို့ရဲ့ ကံကြမ္မာဟာ ကျွန်ုပ်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်များကဲ့သို့ပင် ဖြစ်ပါကြောင်း၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်များကို လိုက် နာခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ နားလည်မှု-သည်းခံမှုကို ပြသရာရောက်တဲ့ လမ်းကြောင်းမှတဆင့် စတင်သင့်ပါကြောင်း၊ နိုင်ငံအချင်းချင်းတို့အကြား အပြန်အလှန် လေးစားမှုကို ပြသတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပတ်၀န်းကျင်ကို ဖန်တီးရာမှာ ဆွေးနွေးခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းတို့နဲ့ တွန်းအားပေးသင့်ပါတယ်လို့ နယူးယောက်မြို OIC နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူ မိုမန်က ပြောပါတယ်။ 

(Dhaka Triune., 22 September 2023,” Dhaka urges OIC members to fund legal expenses of Rohingya case” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။) 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပွင့်လင်းရာသီကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဦးစားပေးသွားရောက်လည်ပတ်သင့်သည့် ခရီးစဥ်ဒေသ(၁၄)ခု

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved