ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်(၆)သောင်းကျော်တွင် (၅)သောင်းကျော် City Taxi မှတ်ပုံတင်ထား
NSS - စက်တင်ဘာ ၂၁
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်ထိ အစီးရေ ၅၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း YRTC မှ သိရသည်။
လက်ရှိတွင်ပြေးဆွဲနေသည့် အငှားယာဉ်အားလုံးနီးပါးမှတ်ပုံတင်ထားပြီး ကျန်ရှိနေသည့် အငှားယာဉ်များကို ကန့်သတ်နေများသို့ ဝင်ထွက်သွားလာခွင့်ပိတ်ပင်ထားကြောင်းသိရသည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်၏ ဘေးစတေကာနံပါတ်များအား E၊ W၊ S၊ N သင်္ကေတများဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်နံပါတ်များအား မြို့နယ်အလိုက် သင်္ကေတအမှတ်အသားများ ပြောင်းလဲသတ်မှတ်လျက်ရှိကြောင်း သိရသည်။
City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများ နှင့် ဒဏ်ကြေးများကို ကောက်ခံမည်မဟုတ်ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃၀၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅၀၀ ကျပ် နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ်ကောက်ခံမည်ဖြစ်သည့်အတွက် စုစုပေါင်းငွေကျပ် ၈၃၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း YRTC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကနေဒါနဲ့ အိန္ဒိယကြား သံတမန်ရေးတင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် ကနေဒါနိုင်ငံသားများကို ဗီဇာဆိုင်းငံ့လိုက်ကြောင်း အိန္ဒိယအစိုးရပြော
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ