Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ရပ်ဆိုင်းထားမှုကြောင့် ကိုရီးယားသို့သွားရောက် အလုပ်လုပ်မည့် မြန်မာလုပ်သားများ အခက်အခဲကြုံနေရ

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈

နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်များကို ရပ်ဆိုင်းထားသည့်အတွက် ကိုရီးယားသို့သွားရောက် အလုပ်လုပ်မည့် မြန်မာအလုပ်သမားများ အခက်အခဲများနှင့် ကြုံတွေ့‌လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအား ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ(၅)ရက်မှစတင်ကာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အထက်ပါကဲ့သို့ ရပ်ဆိုင်းမှုကြောင့် လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် EPS ကျောင်းသားများအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ဆိုရင် EPS စာမေးပွဲအောင်ပြီးသွားပါပြီ။ အဲဒီအချိန်မှာ ပတ်စပို့စ်သက်တမ်း (၁)နှစ်ပြည့်မှ အလုပ်ဖောင်တင်လို့ ရမယ်ဆိုလို့ သက်တမ်းတိုးလိုက်တယ်။ အချိန်မီတိုးလိုက်ပါတယ်။ ဒါပေမယ့် ပတ်စပို့စ် ပြန်ထွက်မယ့်နေ့မှာပဲ ရုံးကပိတ်လိုက်တယ်။ အဲဒီတော့ ပတ်စပို့စ်က လက်ထဲပြန်ရောက်မလာဘူး။ အလုပ်ဖောင်တင်ဖို့ကလည်း အခက်အခဲတွေဖြစ်နေတယ်။ အလုပ်ဖောင် မတင်ရရင် ကျွန်တော်တို့က တစ်ဖက်နိုင်ငံကို တရားဝင်ရောက်မသွားဘူးလေ” ဟု EPS စာမေးပွဲအောင်မြင်ပြီးသူတစ်ဦးက NP News ကို ဆိုသည်။

အဆိုပါ အခြေအနေများကြောင့် EPS စနစ်ကို အောင်မြင်သူချင်းတူသော်လည်း ပတ်စပို့စ်လက်ထဲတွင် ရှိနေသူများသာ ကိုရီးယားနိုင်ငံသို့ သွားရောက်ရမည်ဖြစ်ပြီး ပတ်စပို့စ်မရှိသူများသည် အလုပ်အကိုင်အခွင့် အလမ်း ဆုံးရှုံးမှုများရှိနေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

လက်ရှိ အခက်အခဲဖြစ်နေသူများတွင် ပတ်စပို့စ် သက်တမ်းတိုးမည့်သူ အများဆုံးပါဝင်နေပြီး ၎င်းတို့အနက် PV မှ PJ ပြောင်းမည့်သူများနှင့် စလစ်ရှိနေပြီး ပတ်စပို့စ်ထုတ်ရန်သာ ကျန်ရှိနေသူများလည်း ပါဝင်ကြောင်း သိရသည်။

“အခက်အခဲဖြစ်နေတဲ့သူတွေအားလုံးထဲမှာမှ စလစ်ရပြီး ဖောင်တင်လို့မရတာတွေ၊ သက်တမ်းမရှိလို့တွေ ၊အဲဒီလိုတွေမခွဲခြားတော့ဘဲနဲ့ ပတ်စပို့စ်မပါဘူးဆိုတဲ့ ပြစ်ချက်တစ်ခုထဲကပဲ EPS စနစ်အရ ဟိုဘက်နိုင်ငံကို မရောက်နိုင်တာ ဖြစ်ပါတယ်” ဟု ကိုရီးယားဘာသာစကား သင်ကြားပေးနေသည့် ဆရာမတစ်ဦးမှ ဆိုသည်။

လက်ရှိတွင် EPS စာမေးပွဲ‌ ဖြေဆိုအောင်မြင်ထားသူ အများအပြားရှိကြောင်းသိရပြီး တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားဦးရေမှာလည်း (၅ဝဝဝဝ) ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ အချိန်တွေ၊ ငွေတွေအကုန်ခံပြီး စာတွေကြိုးစားပြီးဖြေထားပြီးတော့ တကယ်အောင်ပြီလည်းဆိုတော့ ဖောင်တင်မယ်ဆိုရော ပတ်စပို့စ်သက်တမ်းက မရှိတဲ့သူနဲ့ စလစ်ပဲရှိတဲ့သူနဲ့ အရမ်းခက်ခဲနေတဲ့အချိန်ပေါ့” ဟု EPS ကျောင်းသားတစ်ဦးမှ ဆိုသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသေးပေ။

zawgyi version

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္ ရပ္ဆိုင္းထားမႈေၾကာင့္ ကိုရီးယားသို႔သြားေရာက္ အလုပ္လုပ္မည့္ ျမန္မာလုပ္သားမ်ား အခက္အခဲႀကဳံေနရ

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၈

ႏိုင္ငံကူးလက္မွတ္ ျပဳလုပ္ခြင့္မ်ားကို ရပ္ဆိုင္းထားသည့္အတြက္ ကိုရီးယားသို႔သြားေရာက္ အလုပ္လုပ္မည့္ ျမန္မာအလုပ္သမားမ်ား အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕‌လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးအဖြဲ႕က ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားျခင္းအား ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလ(၅)ရက္မွစတင္ကာ ရပ္ဆိုင္းလိုက္ျခင္းျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္ကို ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ (၁၇)ရက္တြင္ ရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။

အထက္ပါကဲ့သို႔ ရပ္ဆိုင္းမႈေၾကာင့္ လက္ရွိတြင္ ကိုရီးယားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ EPS ေက်ာင္းသားမ်ားအတြက္ အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္ဆိုရင္ EPS စာေမးပြဲေအာင္ၿပီးသြားပါၿပီ။ အဲဒီအခ်ိန္မွာ ပတ္စပို႔စ္သက္တမ္း (၁)ႏွစ္ျပည့္မွ အလုပ္ေဖာင္တင္လို႔ ရမယ္ဆိုလို႔ သက္တမ္းတိုးလိုက္တယ္။ အခ်ိန္မီတိုးလိုက္ပါတယ္။ ဒါေပမယ့္ ပတ္စပို႔စ္ ျပန္ထြက္မယ့္ေန႔မွာပဲ ႐ုံးကပိတ္လိုက္တယ္။ အဲဒီေတာ့ ပတ္စပို႔စ္က လက္ထဲျပန္ေရာက္မလာဘူး။ အလုပ္ေဖာင္တင္ဖို႔ကလည္း အခက္အခဲေတြျဖစ္ေနတယ္။ အလုပ္ေဖာင္ မတင္ရရင္ ကြၽန္ေတာ္တို႔က တစ္ဖက္ႏိုင္ငံကို တရားဝင္ေရာက္မသြားဘူးေလ” ဟု EPS စာေမးပြဲေအာင္ျမင္ၿပီးသူတစ္ဦးက NP News ကို ဆိုသည္။

အဆိုပါ အေျခအေနမ်ားေၾကာင့္ EPS စနစ္ကို ေအာင္ျမင္သူခ်င္းတူေသာ္လည္း ပတ္စပို႔စ္လက္ထဲတြင္ ရွိေနသူမ်ားသာ ကိုရီးယားႏိုင္ငံသို႔ သြားေရာက္ရမည္ျဖစ္ၿပီး ပတ္စပို႔စ္မရွိသူမ်ားသည္ အလုပ္အကိုင္အခြင့္ အလမ္း ဆုံးရႈံးမႈမ်ားရွိေနေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

လက္ရွိ အခက္အခဲျဖစ္ေနသူမ်ားတြင္ ပတ္စပို႔စ္ သက္တမ္းတိုးမည့္သူ အမ်ားဆုံးပါဝင္ေနၿပီး ၎တို႔အနက္ PV မွ PJ ေျပာင္းမည့္သူမ်ားႏွင့္ စလစ္ရွိေနၿပီး ပတ္စပို႔စ္ထုတ္ရန္သာ က်န္ရွိေနသူမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

“အခက္အခဲျဖစ္ေနတဲ့သူေတြအားလုံးထဲမွာမွ စလစ္ရၿပီး ေဖာင္တင္လို႔မရတာေတြ၊ သက္တမ္းမရွိလို႔ေတြ ၊အဲဒီလိုေတြမခြဲျခားေတာ့ဘဲနဲ႔ ပတ္စပို႔စ္မပါဘူးဆိုတဲ့ ျပစ္ခ်က္တစ္ခုထဲကပဲ EPS စနစ္အရ ဟိုဘက္ႏိုင္ငံကို မေရာက္ႏိုင္တာ ျဖစ္ပါတယ္” ဟု ကိုရီးယားဘာသာစကား သင္ၾကားေပးေနသည့္ ဆရာမတစ္ဦးမွ ဆိုသည္။

လက္ရွိတြင္ EPS စာေမးပြဲ‌ ေျဖဆိုေအာင္ျမင္ထားသူ အမ်ားအျပားရွိေၾကာင္းသိရၿပီး ေတာင္ကိုရီးယားႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားဦးေရမွာလည္း (၅ဝဝဝဝ) ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ အခ်ိန္ေတြ၊ ေငြေတြအကုန္ခံၿပီး စာေတြႀကိဳးစားၿပီးေျဖထားၿပီးေတာ့ တကယ္ေအာင္ၿပီလည္းဆိုေတာ့ ေဖာင္တင္မယ္ဆိုေရာ ပတ္စပို႔စ္သက္တမ္းက မရွိတဲ့သူနဲ႔ စလစ္ပဲရွိတဲ့သူနဲ႔ အရမ္းခက္ခဲေနတဲ့အခ်ိန္ေပါ့” ဟု EPS ေက်ာင္းသားတစ္ဦးမွ ဆိုသည္။

အဆိုပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိေသးေပ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ- ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှု (၅၃)ရာခိုင်နှုန်းပြီးစီး

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved