ဒလမြို့နယ်ရှိ သမ္မတကမ်းခြေ၌ မြစ်ကမ်းပါပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်အချို့မျောပါမှုများရှိခဲ့
NSS - စက်တင်ဘာ ၂၀
ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ သမ္မတကမ်းခြေတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်အချို့မျောပါမှုများရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၀ ရက်)၊ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျောင်းစု ရပ်ကွက်ရှိ မြစ်ကမ်းပါး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်အချို့ မြစ်ထဲသို့မျောပါမှုများရှိခဲ့ပြီး အမျိုးသမီးတစ်ဦးသည်လည်း မျောပါပျောက်ဆုံးလျက်ရှိကြောင်း ကနဦးသတင်းများအရသိရှိရသည်။
လက်ရှိတွင် မြစ်ကမ်းပါပြိုကျမှုဖြစ်စဉ်အား ဒလမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အခြားလူမှုကူညီရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂ဝ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း