မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ကြောင်း ဘီလာရုစ်သံအမတ်ကြီးပြော
Pika (NSS) - စက်တင်ဘာ ၂ဝ
ဘီလာရုစ်နိုင်ငံသည် မြန်မာနိုင်ငံကို အာရှဒေသတွင် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် ရှုမြင်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ ဘီလာရုစ်သံအမတ်ကြီး Dmitry Krutoi က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံဆိုင်ရာ ဘီလာရုစ်သံအမတ်ကြီး Dmitry Krutoi သည် ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး နှင့်တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ Dmitry Krutoi နှင့် ဦးလွင်ဦးတို့သည် ပြီးခဲ့သည့်သီတင်းပတ်တွင် ဘီလာရုစ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၏ ခရီးစဉ်ရလဒ်များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် Dmitry Krutoi နှင့် ဦးလွင်ဦးတို့သည် ဘီလာရုစ်နိုင်ငံ Minsk မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့ ခြင်းကိုလည်း ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံကြား နိုင်ငံရေးဆွေးနွေးပွဲများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပြန်အလှန်ဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတကာအဖွဲ့အစည်းများ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်း၏ မူဘောင်အတွင်း နှစ်နိုင်ငံလုံး၏ အပြန်အလှန်ထောက်ခံမှုများကို ၎င်းတို့နှစ်ဦးက ဖော်ပြပြောဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၏ တရားဝင် အခြေခံ ဖွဲ့စည်းပုံတို့ကိုလည်း ဖော်ပြခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ နှင့် Eurasian Economic Commission ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ကိုလည်း Dmitry Krutoi က ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွက် Eurasian Economic Union ၏ ဈေးကွက်ကို တံခါးဖွင့်ပေးထားကြောင်းလည်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
စိုက်ပျိုးရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာများသည် မြန်မာနိုင်ငံ နှင့် ဘီလာရုစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများကို ကိုယ်စားပြုကြောင်း ဦးလွင်ဦးက မှတ်ချက်ပြုပြောခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဘီလာရုစ် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွင် မြန်မာကျောင်းသားများအား စာသင်ကြားပို့ချပေးခြင်းများ အပါအဝင် ပညာရေးကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားပြောဆိုခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါက်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် အမျိုးသား(၂)ဦးဒဏ်ရာရရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း