အကျဉ်းသားများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် အသုံးပြုရန် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အကြုံပြု
Pika (NSS) - စက်တင်ဘာ ၂ဝ
ယူကရိန်းလွှတ်တော်အမတ်ဆာဂေးဂရစ်ဗ်ကိုသည် နိုင်ငံတွင်းရှိ အကျဉ်းထောင်လူဦးရေကို လျှပ်စစ်စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုရန် အကြံပြုပြောဆိုခဲ့ကြောင်း သိရသည်။
အကျဉ်းသားများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် စက်ဘီးဂျင်နရေတာများတွင် အသုံးပြုနိုင်ကြောင်း အာဏာရ ပြည်သူ့အစေခံပါတီမှ လွှတ်တော်အမတ်ဆာဂေးဂရစ်ဗ်ကိုက ပြောကြားခဲ့သည်။ အပြန်အလှန်အနေဖြင့် အကျဉ်းသားများ၏ ထောင်ဒဏ်သက်တမ်းကို လျှော့ချပေးသွားမည်ဖြစ်ကြောင်း ၎င်းက အကြုံပြုပြောခဲ့သည်။
၎င်းက "လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့အတွက် အကျဉ်းသားတွေကို အသုံးပြုဖို့ လွှတ်တော်ကို အဆိုပြုတင်သွင်း ထားပါတယ်။ စက်ဘီးဂျင်နရေတာတွေနဲ့အတူ အကျဉ်းသား(၅ဝဝဝဝ)ခန့်ကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ အပြန်အလှန်အနေနဲ့ကတော့ အဲဒီအကျဉ်းသားတွေရဲ့ထောင်ဒဏ်သက်တမ်းကို တစ်နှစ်မှာ တစ်လ လျှော့ပေးသွားဖို့လည်း အဆိုပြုထားပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါအစီအစဉ်အရ နိုင်ငံအတွင်းရှိ လျှပ်စစ်ဓါတ်အားလိုအပ်ချက်များကို အခြားနည်းလမ်းများဖြင့် ဖြေရှင်းနိုင် သည်ဆိုသည့်အချက်ကို ယူကရိန်းလူ့အဖွဲ့အစည်းအား သက်သေပြသွားနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် gym ရုံများကိုလည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့်အဆောက်အဦးများအဖြစ် ပြောင်းလဲလုပ်ဆောင် နိုင်ကြောင်း ၎င်းက အကြုံပြုပြောခဲ့သည်။ ရာသီဥတု ပိုမိုအေးမလာမီ ရုရှားနှင့် ပဋိပက္ခအတွင်း ပျက်စီးသွားသော အခြေခံအဆောက်အဦးအားလုံးကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ယူကရိန်းနိုင်ငံ လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီ Ukrenergo အကြီးအကဲ Vladimir Kudritsky က ပြီးခဲ့သည့်လတွင် သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် ရုရှားဖက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်းရှိ အခြေခံအဆောက်အဦး ထက်ဝက်ခန့် ပျက်စီးသွားခဲ့ကြောင်း ၎င်းက ခန့်မှန်းပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသံထက်မြန်သောဒုံးကျည်များ ထုတ်လုပ်မှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံပိုင်ကာကွယ်ရေးကုမ္ပဏီတစ်ခုပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း