Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ MIC ဥက္ကဋ္ဌ တာဝန်များကို ဗိုလ်ချုပ်ကြီး မြထွန်းဦးထံ နစက လွှဲပြောင်းပေး

NSS - စက်တင်ဘာ ၂၀

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏နေရာတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးအား အစားထိုးကာ နစကမှပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။


၎င်းကဲ့သို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်နိုင်ရန် ယင်းကော်မတီကို နစကမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် နစကမှ စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဝန်ကြီးဦးဝင်းရှိန်၊ ဝန်ကြီးဒေါက်တာပွင့်ဆန်း၊ ဒေါက်တာကံဇော်၊ ဦးသန်းညိန်း၊ ဦးအောင်နိုင်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ၎င်းကော်မတီကို နစကမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ကော်မတီဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအား ဆက်လက်တာဝန်ပေးခဲ့ပြီး ဝန်ကြီးဦးဝင်းရှိန်၊ နစကဥက္ကဋ္ဌအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ ဝန်ကြီးဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ၊ ဝန်ကြီးဒေါက်တာကံဇော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

၎င်းကဲ့သို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား ပြင်ဆင်မှုအပြီး လပိုင်းအကြာ၌ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကော်မတီဥက္ကဋ္ဌနေရာအား အစားထိုးတာဝန်ပေးကာ ထပ်မံပြင်ဆင်လိုက်ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဒုဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဦးအောင်နိုင်ဦး၊ ဒေါ်သန်းသန်းဆွေ၊ ဒေါက်တာကံဇော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နိုင်ငံသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။

လက်ရှိတွင် နစကအနေဖြင့် အဆိုပါ ကော်မတီ၊ ကော်မရှင်များ၏ ဥက္ကဋ္ဌတာဝန်အား နိုင်ငံတော်ဒုဝန်ကြီးချုပ်၊ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ယခုရက်ပိုင်းအတွင်း တာဝန်ပေးအပ်လိုက်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။ 

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရဆုံးသူတစ်ဦးအဖြစ် လူသိများပြီး လက်ရှိတွင် ၎င်းအား တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လတ်တလောကာလအတွင်း၌ နစကဘက်မှ တာဝန်ရှိသူများသည် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ရန်နောင်စိုးအပါအဝင် အခြားသောတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ကြားသိရသည်။                           

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာရေတပ်နှင့်ဆက်နွယ်သော ကုမ္ပဏီထံသို့ ဆိုနာစနစ် တရားမဝင်ရောင်းချခဲ့သည့် စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဏ်ငွေအမေရိကန်ဒေါ်လာ(၈)သောင်း ပေးဆောင်ရန် တရားရုံး အမိန့်ချမှတ်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved