ရန်ကုန်မှရှမ်းပြည်သို့ တရားမဝင်သယ်ဆောင်လာသည့် ကျပ်သိန်း (၁၆၀၀)ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများကို သာစည်မြို့နယ်၌ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၂၀
ရန်ကုန်မှ ရှမ်းပြည်သို့ တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၁၆၀၀)ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများကို သာစည်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီအချိန် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၊ သာစည်-တောင်ကြီးသွားကားလမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော် လိုက်ပါလာသည့် DONGFENG ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၁၆၈၀)တန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS (၂၁)တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဓာတု ပစ္စည်းများအား ရန်ကုန်မှ ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ခြင်းဖြစ်သည်ဟုသိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအတွင်း၌ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ(၄)သန်းကျော်၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဟု ဒုတပ်ချုပ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း