Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကယ်ဆေးရေး ထောက်ပံ့ငွေများကို အာဏာပိုင်အဆင့်ဆင့် နှင့် NGO တို့ အုပ်စုဖွဲ့ ခိုးယူနေကြောင်း ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိ

Htay Oung (NSS) - စက်တင်ဘာ ၂ဝ 

ဆိုမာလီနိုင်ငံအတွင်း အငတ်ဘေး ကယ်ဆယ်ရေးအထောက်အပံ့များကိုအာဏာပိုင်အဆင့်ဆင့်မှ ခိုးယူမှုနဲ့ အလွဲသုံးစားခြင်းများ ရှိနေခဲ့ကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိပြီးနောက် အာဖရိကနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနေမှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဥရောပသမဂ္ဂအမှုဆောင်အရာရှိက အင်္ဂါနေ့ စက်တင်ဘာလ ၁၉ ရက်မှာ ပြောဆိုတယ်လို့ Reuters က ယနေ့ စက်တင်ဘာလ ၂ဝ ရက်မှာ ရေးသားဖော်ပြလာပါတယ်။


ကုလသမဂ္ဂရဲ့တွေ့ရှိချက်ကြောင့် ဆိုမာလီနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အတွက် ရံပုံငွေထောက်ပံ့နေမှုကို ဥရောပကော်မရှင်က ယာယီဆိုင်းငံ့ထားကြောင်း အီးယူအကြီးတန်းအရာရှိများက အတည်ပြုပါတယ်။

ဆိုမာလီနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာဆောင်ရွက်မှုများ(အားလုံး) ကို ဆိုင်းငံ့ထားဖို့အထိ တောင်းဆိုထားခြင်း မရှိသေးကြောင်း၊ လက်ရှိလုပ်ငန်းတွေဟာ ကြိုတင်ဘဏ္ဍာငွေ ၈ဝ ရာခိုင်နှုန်း ရရှိထားတဲ့အတွက် လုပ်ထုံးလုပ်နည်းများအရ ဆက်လက်အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် သက်ဆိုင်ရာစစ်ဆေးမှုများနဲ့ ဆက်နွယ်နေတဲ့ကိစ္စရပ်များအတွက် အီးယူရံပုံငွေများကို ကြိုတင်ကာကွယ်မှုအချို့ ပြုလုပ်ရမှာဖြစ်ပြီး၊ ဖော်ထုတ်တွေ့ရှိချက်များအပေါ်ဖြေရှင်းမှုနဲ့ ရှင်းလင်းတဲ့ အာမခံချက်များ မရရှိမချင်း နောက်ထပ် ထောက်ပံငွေ ထုတ်ပေးမှုများကို ယာယီဆိုင်းငံ့ထားလိုက်တယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။


မြေပိုင်ရှင်များ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဝန်ထမ်းများ အားလုံးတို့ဟာ ထိရှလွယ်သူများအတွက် ရည်ရွယ်တဲ့အကူအညီများကို ခိုးယူရာမှာ ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးက မှတ်ချက်ချထားပါတယ်။ 

သူတို့ရရှိနေတဲ့ အကူအညီများ ရုတ်သိမ်းခံလိုက်ရတယ်လို့ ငတ်မွတ်မှုနဲ့ ပဋိပက္ခများဖြစ်ပွားနေတဲ့ ကျေးလက်မှ ထွက်ပြေးပြီး မြို့တော် မိုဂါဒစ်ရှူးရှိ မူရီစခန်းရောက် ဆိုမာလီနိုင်ငံသား နှစ်ဦးက ရိုက်တာသတင်းအေဂျင်စီကို ပြောပြပါတယ်။

အာဖရိကဦးချိုဒေသမှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် အငတ်ဘေး ကြုံတွေ့ရနိုင်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူများက သတိပေးထားပါတယ်။ ဒီအတွက် အလှူရှင်တွေဟာ ဆိုမာလီနိုင်ငံ ရံပုံငွေများကို ပြီးခဲ့တဲ့နှစ်မှာ တိုးမြှင့်ခဲ့ပါတယ်။ ယမန်နှစ် မိုးခေါင်မှုကြောင့် လူပေါင်း ၄၃,ဝဝဝ ခန့် သေဆုံးခဲ့တယ်လို့ သုတေသီများက ခန့်မှန်းထားပါတယ်။

ဆိုမာလီယာအတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အသုံးစရိတ် စုစုပေါင်းဟာ အမေရိကန် ဒေါ်လာ ၇၇ သန်းရှိပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အတွက် ဒေါ်လာ ၁ဝ.၆၈ သန်း လျာထားပါတယ်။

အမေရိကန်ဟာ ဆိုမာလီရဲ့အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အလှူရှင်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ရန်ပုံငွေ ဒေါ်လာ ၂.၂ ဘီလျံရဲ့ထက်ဝက်ကျော်ကို လှူဒါန်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ 

တစ်ချိန်က အာရပ်မဟုတ်သူများရဲ့ အထင်ရှားဆုံး ဆွန်နီအစ္စလာမ်ဘာသာရေးမြို့တော်တည်ရှိရာ ဆိုမာလီနိုင်ငံမှာ တူရကီအော်တိုမန်နဲ့ ဂျာမန်တို့ လက်အောက်ကျရောက်ခဲ့ဖူးပါတယ်။ နောက်ဆုံး ကိုလိုနီအရှင်သခင်များဟာ အီတလီနဲ့ ဗြိတိန်တို့ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၂၃-သန်းခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ၁၉၆ဝ ပြည့်နှစ်မှ ဗြိတိသျှထံမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်ပေမယ့် မွေးမြူရေးကို အဓိက စီးပွားရေးအဖြစ်ကိုင်ကြပါတယ်။ ရှည်လျားတဲ့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခများအပြီး ၁၉၉၁-ခုနှစ်မှာ ဒီမိုကရက်သမ္မတနိုင်ငံပြိုကွဲရာမှ တစ်တိုင်းပြည်လုံး လုံခြုံရေးကင်းမဲ့ခြင်းနဲ့ ရာသီဥတုကြောင့် အငတ်ဘေးဆိုက်ခြင်းတို့ကို ကြုံတွေ့နေရပါတယ်။ ရာဇ၀တ်မှူ၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှု၊ မှောင်ခိုကုန်ကူးမှု၊ လူ့အဖွဲ့အစည်းအတွင်း မငြိမ်သက်မှု၊ ကျန်းမာရေးဆိုင်ရာ ပြဿနာအရပ်ရပ်ပြည့်နှက်နေပါတယ်။ နိုင်ငံမှာ ပြည်ပငွေကြေး လွှဲပြောင်းမှု ဟွန်ဒီလုပ်ငန်းနဲ့ ဘီလီယံချီ ချမ်းသာသူများ ရှိပေမယ့်  #စနစ်တကျကွပ်ကဲမှု_ကင်းမဲ့တဲ့_စျေးကွက်စီးပွားရေးနဲ့ #လုံခြုံမှု_နည်းပါးတဲ့ #အုပ်ချုပ်ရေးမင်းမူရာ တိုင်းပြည်မှာ နိုင်ငံတွင်းနေသူ ၇ဝ ရာခိုင်နှုန်းကျော်ဟာ  ၂ ဒေါ်လာကျော်ဖိုးမျှသာ ကုန်ထုတ်လုပ်နိုင်ပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးစာရင်း၀င်နိုင်ငံဟာ အဂတိလိုက်စားမှု အများဆုံးအဖြစ်လည်း စံချိန်တင်ပါတယ်။ လက်နက်ဘေး-အငတ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ဆိုမာလီယန်တွေဟာ သူတို့ရဲ့ နိုင်ငံတကာ ထောက်ပံ့စားနပ်ရိက္ခာရရှိဖို့ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကို လာဘ်ထိုးနေရပါတယ်။

လစဉ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၃ဝ ဟာ  မိုဘိုင်းလွှဲပြောင်းမှုမှ ဒုက္ခသည်ထံ ရောက်ရှိတဲ့အခါ ၆၅ ဒေါ်လာဖြစ်သွားပါတယ်။ ဒုက္ခသည်စခန်းဖွင့်လှစ်ထားတဲ့ မြေပိုင်ရှင်များ၊ ဒေသအာဏာပိုင်များနဲ့ လူသားချင်းစာနာမှုအကူအ ညီပေးရေးဝန်ထမ်းတွေဟာ နိုင်ငံတကာထောက်ပံ့မှုများကို စနစ်တကျခိုးယူနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းရဲ့ အစီရင်ခံစာဟာ ကုလအထွေထွေ အတွင်းရေးမှူးအထိ ရောက်ရှိသွားပါတယ်။

ထောက်ပံ့ငွေများဟာ အာဖရိအိမ်နီးချင်း အီသီယိုးပီးယားနိုင်ငံထံ လမ်းကြောင်းပြောင်း ရောက်ရှိသွားကြောင်း တွေ့ရှိရတဲ့အတွက် WFP နဲ့ အမေရိကန် USAID တို့က ဆိုမာလီဆိုင်ရာ သူတို့ရဲ့ထောက်ပံ့မှုများကို လွန်ခဲ့တဲ့ သုံးလကတည်းက ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။

အီသီယိုးပီးယားနဲ့ ဆိုမာလီရဲ့အခြေအနေတွေဟာ အမျိုးမျိုးဖြစ်နေပြီး အေဂျင်စီအနေနဲ့ စားနပ်ရိက္ခာအကူအညီကိုတော့ ခေတ္တရပ်ဆိုင်းထားဖို့ အစီအစဉ် မရှိကြောင်း အမည်မဖော်လိုသူ USAID အမေရိကန် အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောပါတယ်။

#အာဖရိက_ဦးချိုဒေသ ဆိုမာလီ အီသီယိုပီးယား #WFP #USAID #ကမ္ဘာ့အဆင်းရဲဆုံးနှင့်_အဂတိလိုက်စားမှု_အများဆုံးနိုင်ငံ #စနစ်တကျကွပ်ကဲမှု_ကင်းမဲ့သည့်_စျေးကွက်စီးပွားရေး #လုံခြုံမှု_နည်းပါးသည့်_အုပ်ချုပ်ရေး

(Reuters., 20 September 2023,” EU executive says aid payments for Somalia 'temporarily suspended “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရေးအခက်အခဲဖြေရှင်းနိုင်ရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved