Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုလိုလားသော ချက်နိုင်ငံအစိုးရကို ပြည်သူပေါင်းများစွာ ဆန္ဒပြ

Pika (NSS) - စက်တင်ဘာ ၁၉ 

ချက်ပြည်သူ့သမ္မတနိုင်ငံတွင် non-parliamentary PRO ပါတီ ထောက်ခံသူထောင်ပေါင်းများစွာသည် အနောက်အုပ်စုလိုလားသော အစိုးရကို ရာထူးမှနှုတ်ထွက်ရေး တောင်းဆိုရန်အတွက် Prague မြို့တွင် စုဝေးခဲ့ကြကြောင်း သိရသည်။

Prague မြို့ရှိ Wenceslas ရင်ပြင်တွင် ကျင်းပသော ဆန္ဒပြပွဲသို့ လူပေါင်း(၁ဝဝဝဝ) ခန့် တက်ရောက်ခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လူပေါင်း(၁)သိန်းခန့် ပါဝင်ခဲ့ကြောင်း PRO ပါတီက အခိုင်အမာပြောကြားခဲ့သည်။ ချက်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် Petr Fiala ဦးဆောင်သော  လက်ရှိအာဏာရ (၅)ပါတီညွန့်ပေါင်းအဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၏ အမိန့်များကို လိုက်နာနေကြောင်း PRO ပါတီခေါင်းဆောင် Jindrich Rajchl က ဝေဖန်ပြောဆိုခဲ့သည်။

ထို့အပြင် ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည်အမေရိကန်နိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးများ ရှိစေရန်အတွက် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့နေခြင်းကိုလည်း Jindrich Rajchl က ပြစ်တင်ပြောဆိုခဲ့ကြောင်းသိရသည်။

၎င်းက "လက်ရှိအစိုးရဟာ နိုင်ငံခြားအာဏာရှင်တွေရဲ့အမိန့်တွေကို လိုက်နာနေတဲ့ ရုပ်သေးရုပ်တွေပါ။ ပြီးတော့ ရုပ်သေးရုပ်အစိုးရကို ကျွန်တော်လည်း ထပ်မလိုချင်တော့ပါဘူး၊၊ ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဟာ နေတိုးအဖွဲ့ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို   ဗီတိုအာဏာသုံးပြီး ဆန့်ကျင်သင့်ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ဆန္ဒပြသူအချို့သည် အမေရိကန်ဦးဆောင်သော စစ်ဘက်ဆိုင်ရာအဖွဲ့ကို နိုင်ငံတွင်းမှ ထွက်ခွာသွားရန်လည်း တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။


ဆန္ဒပြသူများသည် လက်ရှိအစိုးရ၏ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းပုံ၊အခွန်အပြောင်းအလဲများ၊ ပင်စင်ဆိုင်ရာ ပြောင်းလဲချိန်ညှိမှုများ၊ မော်တော်ယာဉ်များတွင် ရုပ်ကြွင်းလောင်စာဆီများ အသုံးပြုမှုကို လျှော့ချရန် အစီအစဉ်များ နှင့် ဝန်ကြီးချုပ် Petr Fiala လက်ထက်က ချမှတ်ခဲ့သော ကိုဗစ်(၁၉)ဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ချက်ပြည်သူ့သမ္မတနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ယူကရိန်း၏ အနီးကပ်ဆုံးမဟာမိတ်နိုင်ငံတစ်ခုလည်းဖြစ်သည်။

ထို့အပြင် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် ယူကရိန်းသို့ တင့်ကားများ၊ဒုံးကျည်လောင်ချာများ၊ ရဟတ်ယာဉ်များ၊ အမြောက်ကျည်များ နှင့် အခြားစစ်ဘက်ဆိုင်ရာအကူအညီများစွာကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ချက်ပြည်သူ့သမ္မတနိုင်ငံသည် ယူကရိန်းဒုက္ခသည်(၄၆ဝဝဝဝ) ခန့်ကို နိုင်ငံတွင်းတွင် လက်ခံခဲ့ပြီး လက်ရှိအချိန်တွင် ယူကရိန်းဒုက္ခသည်(၃)သိန်းခန့် ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာများအရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြင်းမူမြို့အဝင်ဆိုင်းဘုတ်အား ကုန်တင်ကားမှ ဝင်တိုက်ခဲ့ရာ (၂)ဦးထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved