Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ပြေးအဖြစ် ပြည်ပမှာ နှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမယ့်နှစ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းခွင့်နဲ့ အပြီးပြန်လွတ်ဖွယ်ရှိနေ

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာဖွယ်ရှိနေကြောင်း အကျဉ်းဦးစီးဌာနအရာရှိတစ်ဦးက ထုတ်ဖော်ပြောလိုက်ပါတယ်။ 

သက်ဆင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကြောင့် အကျဉ်းထောင်ကို တိုက်ရိုက်ပို့ဆောင်ခံရပေမယ့် အကျဉ်းထောင်မှာ နေထိုင်ချိန်အတွင်း ကျန်းမာရေးမကောင်းတဲ့အတွက် ရဲဆေးရုံကို တင်ပို့ခံရသူဖြစ်ပါတယ်။

သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ၂ဝဝ၆ ခုနှစ်က စစ်အာဏာသိမ်းခံရသလို အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ထောင်ဒဏ်မကျခံဘဲ ပြည်ပကို နှစ်ပေါင်းများစွာကြာထွက်ပြေးနေခဲ့သူဖြစ်ပါတယ်။


သက်ဆင်ဟာ ပြစ်ဒဏ်များ ကျခံဖို့ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် မကြာမီ ထိုင်းဘုရင်က သက်ဆင်ကို ပြစ်ဒဏ်များလျော့ပေါ့ပေးခဲ့ကာ သက်ဆင်ဟာလက်ရှိအချိန်မှာ ထောင်ဒဏ် ၈ နှစ်အစား ထောင်ဒဏ် ၁ နှစ်သာ ပြစ်ဒဏ်ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် ထိုင်းဘုရင်ဟာ သက်ဆင်ရဲ့ပြစ်ဒဏ်ကို ထပ်မံလျော့ပေးဖွယ်ရှိနေကြောင်းသတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Sitthi Sutivong က "သက်ဆင်ဟာ လက်ရှိအချိန်မှာ ကျခံရမယ့် ထောင်ဒဏ် ၁ နှစ်ထဲကနေ ထောင်ဒဏ် ၆ လလောက် ပြစ်ဒဏ်ခံပြီးရင်လွှတ်ငြိမ်းခွင့်ရဖို့များတယ်။ ထိုင်းအကျဉ်းဦးစီးဥပဒေတွေထဲမှာ အသက် ၇ဝ နဲ့အထက်ရှိသူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူတွေကို လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့အချက်တွေ ရှိနေတယ်" လို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာလည်း သက်ဆင်ကို လွတ်ငြိမ်း ချမ်းသာခွင့်မပေးဖို့ တောင်းဆိုခဲ့နေသလို အကျဉ်းထောင်ထဲပြန်ပို့ဖို့ တောင်းဆိုနေတာမျိုးတွေ ရှိနေပါတယ်။ 

လက်ရှိအချိန်မှာ သက်ဆင်ဟာ ရဲတပ်ဖွဲ့ဆေးရုံမှာ တက်ရောက်ကုသနေရာ အကျဉ်းထောင်မှာ ဘယ်လောက်နေရမလဲဆိုတဲ့အချက်က ဆေးပညာရှင်တွေက ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ဆေးရုံမှာနေထိုင်ရမှု အချိန်အကန့်အသတ်ရှိမှာမဟုတ်ကြောင်း ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံရေးပါတီအချို့က တင်ပြလာသည့် ပါတီဝင်များစာရင်းတွင် ဝန်ထမ်းများအပြင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌မရှိသူများပါဝင်နေဟု UEC ဆို

RELATED POSTS
RECENT POSTS
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved