Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံသားဖြစ်နေတဲ့ ဆစ်ခ်ခေါင်းဆောင် အသတ်ခံရမှုမှာ နယူးဒေလီ အေးဂျင့်များ ပါဝင်ပတ်သက်ကြောင်း သံသယရှိဟု ကနေဒါ ပြော

Htay Oung (NSS) - စက်တင်ဘာ ၁၉

လွန်ခဲ့တဲ့ ဇွန်လ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုမှာ အိန္ဒိယအစိုးရရဲ့အေးဂျင့်များနဲ့ ဆက်နွယ်ကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်များကို ထိရောက်စွာ ရှာဖွေနေတယ်လို့ ကနေဒါက တနင်္လာနေ့တွင် ပြောဆိုကြောင်း Reuters က ယနေ့ စက်တင်ဘာလ ၁၉ ရက်မှာ ရေးသားခဲ့ပါတယ်။

ကနေဒါနိုင်ငံသားတစ်ဦး အသတ်ခံရမှုမှာ နိုင်ငံရပ်ခြားအစိုးရရဲ့ ပါဝင်ပတ်သက်မှုမှန်သမျှဟာ နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဖြင်းဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ၀န်ကြီးချုပ် ဂျတ်စတင် ထရူးဒိုးက အောက်လွှတ်တော် အရေးပေါ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ဗန်ကူးဗားမြို့တော် ဆင်ခြေဖုံး ဆစ်ခ်ဘာသာ၀င်အများအပြားနေထိုင်တဲ့ ဆာရီရပ်ကွက် ဆစ်ခ်ဘုရားကျောင်း အပြင်ဘက်မှာ “ဟာဒစ်_ဆင်း_နီဂျား" ဟာ  ဇွန်လ ၁၈ ရက်က  ပစ်သတ်ခံခဲ့ရပါတယ်။ နီဂျားဟာ ဆစ်ခ်တို့ ဘာသာဝင်အများဆုံးနေထိုင်ရာ “ပန်ဂျပ်ပြည်နယ်" ကို လွတ်လပ်သော ခါလစ်စတန်နိုင်ငံ ထူထောင်ရေးလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ 

၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံက ဟာဒစ်ဆင်းနီဂျားက အကြမ်းဖက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။


နီဂျားသေဆုံးမှုမှာ အိန္ဒိယအစိုးရအေးဂျင့်များနဲ့ ဆက်စပ်မှုရှိကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်များကို ကနေဒါလုံခြုံရေးအေဂျင်စီများက အပြင်းအထန် ရှာဖွေနေကြကြောင်း၊ ပြီးခဲ့တဲ့သီတင်းပတ် နယူးဒေလီမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးပြင်ပမှာ  လူသတ်မှုနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီကို တိုက်ရိုက်ပြောကြားခဲ့ကြောင်း၊ အောက်ခြေအဆင့်ထိ ဖော်ထုတ်ရာမှာ ကနေဒါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယအစိုးရကို  တိုက်တွန်းခဲ့ကြောင်း ထရူဒိုးက ပြောဆိုပါတယ်။

အိန္ဒိယအစိုးရရဲ့ထိပ်တန်းထောက်လှမ်းရေးနဲ့ လုံခြုံရေးအရာရှိတွေအတွက် ကနေဒါက စိတ်၀င်စားကြောင်း၊ သူတို့နဲ့ပတ်သက်လို့ သံသယအချက်အလက်တွေကို  ပြီးခဲ့တဲ့ G20 အစည်းအဝေးမှာ ဝန်ကြီးချုပ် မိုဒီဆီထံ ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်ပြောဆိုခဲ့တယ်လို့ ထရူးဒိုးက ဆိုပါတယ်။

ကနေဒါက အိန္ဒိယရဲ့ထိပ်တန်းထောက်လှမ်းရေး အေးဂျင့်ကို တနင်္လာနေ့မှာ နှင်ထုတ်ခဲ့တယ်လို့ အော့တဝါ နိုင်ငံရေးဝန်ကြီး မယ်လာနီ_ဂျိုလီက ပြောဆိုပေမယ့် အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။ အော့တဝါအခြေစိုက် အိန္ဒိယအဆင့်မြင့် ကော်မရှင်ကတော့ မှတ်ချက်ပေးဖို့အတွက် မေတ္တာရပ်ခံမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။

ထရူးဒိုးရဲ့ ပြောဆိုချက်ဟာ ကနေဒါရှိ ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုအပေါ် နယူးဒေလီက မကျေမနပ်ဖြစ်နေစဉ် ကနေဒါနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယတို့အကြား တင်းမာမှုများ တိုးမြင့်လာကြောင်း သိသာထင်ရှားနေပါတယ်။ 

မကြာသေးမီက ကနေဒါမှာ ဆစ်ခ်လူမျိုးများက လွတ်လပ်သောနိုင်ငံအဖြစ် တောင်းဆိုကြတဲ့ ဆန္ဒပြမှုများနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိတယ်လို့ G20 ထိပ်သီးအစည်းအဝေးမှာ မိုဒီက ထရူးဒိုးကို ပြောပြခဲ့ကြောင်း သိရှိရပါတယ်။ 

နှစ်နိုင်ငံအကြား သံတမန်ရေးတင်းမာမှုတွေဟာ ယခုအခါ ကုန်သွယ်ဆက်ဆံရေးအပေါ် ခြိမ်းခြောက်လာနေပါတယ်။ ယခင် အဆိုပြုထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးပွဲများကလည်း  ရပ်တန့်သွားပါတယ်။ အချို့သော နိုင်ငံရေးဖြစ်စဉ်များမှာ ကနေဒါအနေနဲ့ ပြတ်ပြတ်သားသားကိုင်တွယ်ခြင်း မရှိဘူးလို့  အသေးစိတ်အချက်အလတ်များနဲ့တကွ အိန္ဒိယက ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုဟာ ကနေဒါငွေကြေး ၁.၅၂ ထရီလီယံ ရှိရာမှ ၂ဝ၂၂ ခုနှစ်မှာ  ၁၃.၇ ဘီလျံသို့ ကျဆင်းသွားကြောင်း အော့တဝါ စာရင်းအင်းများအရ သိရှိရပါတယ်။


လူသတ်မှုမှာ အိန္ဒိယက ပါဝင်ပတ်သက်နေတယ်လို့ ထရူးဒိုးက  တိုက်ရိုက်စွပ်စွဲတာတော့ မဟုတ်ပါဘူး။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဂျိုလီကလည်း ဒီအကြောင်း နောက်ပိုင်းပြောဆိုရာမှာ အသုံးအနှုန်း ပိုမိုသတိထားလာပေမယ့် သက်သေမပြနိုင်ဘဲ စွပ်စွဲတိုင်း မှန်တယ်လို့တော့ လက်ခံမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

သံသယရှိသူ ၃ ဦး ပါဝင်ပေမယ့် ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဗြိတိသျှကိုလံဘီယာပြည်နယ် လူသတ်မှုဆိုင် ရာ ဘက်စုံပေါင်းစည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲတဲ့လမှာ ပြောပါတယ်။

ကနေဒါနိုင်ငံဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အပြင်ဘက်မှာ ဆစ်ခ်ဘာသာဝင် အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ပြီး  အဲ့ဒီပြည်နယ်ကလည်း အိန္ဒိယကို ဒေါသထွက်စေတဲ့ ဆန္ဒပြပွဲများစွာရဲ့ ဘူမိနက်သန်ဖြစ်နေပါတယ်။

ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာနှစ်စင်းအကြား စုစုပေါင်း အကျယ်အဝန်းအားဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံ ကနေဒါမှာ လူဦးရေ သန်း ၄ဝ ခန့်သာ ရှိပါတယ်။ အဲဒီအထဲမှာ ၁.၄ သန်းခန့်ဟာ အိန္ဒိယနွယ်ဖွားများဖြစ်ကြပြီး ကနေဒါရောက် ပြည်ပအသိုင်းအဝိုင်းမှာ အများဆုံး ဦးရေဖြစ်ပါတယ်။ 

၂ဝ၂၁ ခုနှစ် သန်းခေါင်စာရင်းအရ ဆစ်ခ်ဘာသာစကားပြောဆိုသူ ၈ သိန်းခန့်ရှိပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အိန္ဒိယနိုင်ငံလိုလားသူ အမျိုးသားရေးသမားများနဲ့ ဆန့်ကျင်သူ ခွဲထွက်သမားတို့ဆန္ဒပြရာမှ မကြာခ ထိပ်တိုက်တွေ့လေ့ရှိပါ တယ်။


ကနေဒါအစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြရန်အတွက် မကြာသေးမီက အစိုးရအကြီးတန်းအရာရှိများ နယူးဒေလီကို သွားရောက်ခဲ့ပါတယ်။ ဒေါင်းနင်းလမ်းအနေနဲ့ လန်ဒန်ရောက် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုထောက်ပို့များကို တိုးမြှင့်စောင့်ကြည့်ပေးဖို့ ဧပြီလမှာ အိန္ဒိယက ဗြိတိန်ကို တောင်းဆိုခဲ့ပါတယ်။

ဧပြီလတွင် အိန္ဒိယနိုင်ငံသည် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးသူများကို ဗြိတိန်အခြေစိုက် တိုးမြှင့်စောင့်ကြည့်ရန် ဗြိတိန်ကို တောင်းဆိုခဲ့သည်။ လန်ဒန်မြို့ အိန္ဒိယသံရုံးရှေ့မှာ “ခါလစ်စတန်နိုင်ငံ” ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူများရဲ့ဆန္ဒပြပွဲတွေဟာ နယူးဒေလီကို ဒေါသထွက်ခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ဇာတိ အသက် ၄၅ နှစ်အရွယ်ဟာ ဒစ်ဆင်းနီဂျားဟာ ကနေဒါမှာ ရောက်ရှိနေတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း ဆစ်ခ်ဘာသာဝင်များအတွက် သီးခြားနိုင်ငံထူထောင်ရေး တက်ကြွလှုံ့ဆော်သူတစ်ဦးဖြစ်ပါတယ်။ 

ခွဲထွက်ရေးလှုပ်ရှားနေတဲ့ ပါကစ္စတန်လိုလားသူများ ခါလစ်စတန်_ကျား_တပ် ခေါင်းဆောင်အဖြစ် နယူးဒေလီက စွပ်စွဲ အလိုရှိနေပြီး ကနေဒါနိုင်ငံ တရားမျှတမှုအဖွဲ့မှာ ဆစ်ခ်ဌာနခွဲရဲ့ခေါင်းဆောင်နဲ့ ဗြိတိသျှကိုလံဘီ ယာပြည်နယ် ဆာရီ_ဆစ်ခ်ဘုရားကျောင်းရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအတွင်း ပစ်မှတ်ထား သတ်ဖြတ်ခြင်းများအတွက် နီဂျားမှာ တာ၀န်ရှိတယ်လို့ နယူးဒေလီက ပြောဆိုပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်။ နီဂျား အပါအဝင် ၂ဝ၁၈ ခုနှစ် အိန္ဒိယနိုင်ငံက အလိုရှိဆုံးသူများစာရင်းကို နယူးဒေလီက ကနေဒါထံ ပေးပို့ခဲ့ဖူးပြီး စုံစမ်းစစ်ဆေးရန် အဲဒီနှစ် ဧပြီလမှာ အော့တဝါ ရဲတပ်ဖွဲ့က ခေတ္တထိန်းသိမ်းခဲ့ပေမယ့် စွဲချက်အတင်ပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။  

၂ဝ၂၃ ခုနှစ် ဇွန်လ ၁၈ ရက်တုန်းက ဆာရီဘုရားကျောင်းရှေ့ ကားရပ်နားရာနေရာ သူ့ရဲ့ ထရပ်ကားအတွင်းမှာ နီဂျားကို မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ နီဂျားအသတ်ခံရမှုမှာ အိန္ဒိယသံတမန်များက အဓိက ပါဝင်ပတ်သက်နေတယ်လို့ ဆစ်ဘာသာဝင်အတော်များများက စွပ်စွဲကြပါတယ်။ စွပ်စွဲတဲ့အတိုင်းလည်း အိန္ဒိယ RAW ထောက်လှမ်းရေး ပြည်ပအေးဂျင့်များက ကျူးလွန်ကြောင်း ကနေဒါအစိုးရက အထောက်အထားတွေ့ရှိရပြီး ကြိုးကိုင်ကြောင်း သံသယရှိသူ အိန္ဒိယသံတမန်ကို နိုင်ငံမှ နှင်ထုတ်ခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့ပါတယ်။

#ကနေဒါနိုင်ငံသားဆစ်ခ်ခေါင်းဆောင်အသတ်ခံရမှု #ဆာရီရပ်ကွက်  #ဟာဒစ်_ဆင်း_နီဂျား ရက်နေ့က  #ပန်ဂျပ်ပြည်နယ် #ခါလစ်စတန်နိုင်ငံ #အိန္ဒိယ_RAW_ထောက်လှမ်းရေး #ခါလစ်စတန်_ကျား_တပ်

(Reuters., 19 September 2023,” Canada says it suspects India involved in Sikh leader murder” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပြေးအဖြစ် ပြည်ပမှာ နှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမယ့်နှစ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းခွင့်နဲ့ အပြီးပြန်လွတ်ဖွယ်ရှိနေ

RELATED POSTS
RECENT POSTS
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved