သံဖြူဇရပ်မြို့နယ်တွင် ကားလမ်းရေကျော်မှုများဖြစ်ပွားနေပြီး လမ်းများပိတ်ထားရ
ယွန်း (NSS) - စက်တင်ဘာ ၁၆
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာနှစ်ခုတွင် ကားလမ်းရေကျော်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
စက်တင်ဘာလ(၁၅)ရက်၊ ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာနှင့် ဂရုပ္ပိကျေးရွာတို့ရှိ ကားလမ်းများတွင် ယနေ့(စက်တင်ဘာလ ၁၆ ရက်)၊ နေ့လည်ပိုင်းမှစတင်ကာ လမ်းရေကျော်မှုများဖြစ်ပွားနေကြောင်း ပငလူငယ်ပရဟိအသင်းထံမှ သိရသည်။
"မိုးကမနေ့ကတည်းက တစ်ညလုံးရွာတော့ ရေကတက်တာပေါ့။ ကားလမ်းမပေါ်ကို (၂)ပေကျော်လောက် တက်နေတာပါ။ အများကြီးတော့ မဟုတ်သေးဘူး။ အိမ်တွေထဲကိုလည်း ရေဝင်တာမျိုးတော့ မရှိသေးဘူး"ဟု ပင လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဥ်ကြောင့် ကားလမ်းအား ပိတ်ထားရပြီး ကားကြီးများကိုသာ သွား လာခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံနေသည့်အတွက် ဖြတ်သန်းသွားလာနေသည့် ခရီးသည်များ၊ ဈေးသည်များနှင့် အလုပ်သမားများကို သတိပြု၍ သွားလာကြရန် ပင လူငယ်ပရဟိတအသင်းက သတိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံအနေဖြင့် နိုင်ငံခြားကြေးစားစစ်သားများကို မလိုအပ်ကြောင်း သမ္မတပူတင်ထုတ်ဖော်ပြောဆို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း