နှင်ထုတ်မှုကို လက်မခံသည့်အတွက် နိုင်ဂျာရှိ ပြင်သစ်သံရုံးကို လုံခြုံရေးအဖွဲ့ဝင်များဝိုင်းရံပိတ်ဆို့
Pika (NSS) - စက်တင်ဘာ ၁၆
နိုင်ဂျာစစ်အစိုးရသည် ပြင်သစ်သံမတ်ကြီး Sylvain Itte အား သံတမန်အသိအမှတ်ပြုမှုကို ရုတ်သိမ်းခဲ့ပြီးနောက် Niamey မြို့တွင်ရှိသော ပြင်သစ်သံရုံးကို နိုင်ဂျာစစ်တပ်က ဝိုင်းရံထားကြောင်း ပြင်သစ်သမ္မတမက်ခရွန်က စက်တင်ဘာလ(၁၅)ရက်တွင် ပြစ်တင်ပြောဆိုခဲ့သည်။
သမ္မတမက်ခရွန်က "ကျွန်တော်တို့ စကားပြောနေစဉ်အချိန်အတွင်းမှာပဲ နိုင်ဂျာနိုင်ငံမှာရှိတဲ့ သံအမတ်ကြီးနဲ့ သံတမန်ဝန်ထမ်းတွေဟာ ဓါးစာခံအဖြစ် ပြင်သစ်သံရုံးမှာ ဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံနေရပါတယ်။ နိုင်ဂျာစစ်အစိုးရဟာ ပြင်သစ်သံရုံးထဲကို အစားအသောက်တွေပို့တာကို တားဆီးနေပါတယ်။ ပြင်သစ်သံအမတ်ကြီးဟာ အပြင်ထွက်ခွင့်လည်းမရပါဘူး"ဟုပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ(၂၆)ရက်တွင် နိုင်ဂျာစစ်ခေါင်းဆောင်များသည် သမ္မတမိုဟာမက်ဘာဇွန်ကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် နိုင်ဂျာစစ်အစိုးရသည် ပြင်သစ်သံအမတ်ကြီး Sylvain Itte ကို နိုင်ငံတွင်းမှထွက်ခွါရန် အမိန့်ပေးခဲ့သော်လည်း ၎င်းက သမ္မတ မိုဟာမက်ဘာဇွန်အစိုးရကသာ တရားဝင်ကြောင်းပြောဆိုကာ နိုင်ငံတွင်းမှ ထွက်ခွါရန်ငြင်းဆိုခဲ့ကြောင်းသိရသည်။
ထို့ပြင် နိုင်ဂျာနိုင်ငံတွင်းရှိ ပြင်သစ်တပ်ဖွဲ့ဝင်(၁၅၀၀)ကို ပြန်လည်ရုတ်သိမ်းပေးရန်အတွက် သောင်းနှင့်ချီသော နိုင်ဂျာနိုင်ငံသားများသည် Niamey မြို့ရှိ ပြင်သစ်သံရုံးအပြင်ဖက်တွင် ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။ နိုင်ဂျာစစ်တပ်၏ အစိုးရအဖြစ် ကြေညာခြင်းသည် တရားမဝင်ကြောင်းနှင့် ပြင်သစ်သံအမတ်ကြီး Sylvain Itte ကို နိုင်ဂျာနိုင်ငံတွင်းမှ နှင်ထုတ်ခြင်းသည် ရန်စခြင်းမျိုးဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က သတိပေးပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂသည် ပြင်သစ်နိုင်ငံ၏ရပ်တည်ချက်ကို ထောက်ခံခဲ့ပြီး နိုင်ဂျာ၏လက်ရှိစစ်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမျိုးမရှိကြောင်းပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရခဲ့သည့် နည်းပြဇာဗီ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ