မြောက်ကိုရီးယားနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မလုပ်ဆောင်ရန် ရုရှားကို တောင်ကိုရီးယား နှင့် အမေရိကန်အစိုးရတို့ သတိပေး
Pika (NSS) - စက်တင်ဘာ ၁၆
ရုရှားသည် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ၏ဆုံးဖြတ်ချက်များကို ချိုးဖောက်နေကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရုရှားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်သည့်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းတို့က ထပ်မံသတိပေးပြောဆိုခဲ့သည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များသည် စက်တင်ဘာလ(၁၅)ရက်က ဆိုးလ်မြို့တွင် ကျင်းပသော Extended Deterrence Strategy and Consultation Group (EDSCG) အစည်းအဝေးတွင် မြောက်ကိုရီးယားနိုင်ငံကို ချုပ်ကိုင်ထားနိုင်မည့် နည်းလမ်း များကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသွားရောက်လည်ပတ်မှုနှင့်ပတ် သက်ပြီး စိုးရိမ်မှုများမြင့်တက်နေချိန်တွင် အဆိုပါ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံခြားရေးဒုဝန်ကြီး Chang Ho-jin က "ရုရှားဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတာပဲဖြစ်ပါတယ်။ ရုရှားဟာ UNSC ရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ တာဝန်ရှိစွာ ဆောင်ရွက်သင့်ပါတယ်" ဟုပြော သည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကို ချိုးဖောက်သည့်အတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း Chang Ho-jin ကပြောကြားခဲ့သည်။ရုရှား နှင့် မြောက်ကိုရီးယားနိုင်ငံကြား လက်နက်ရောင်းချမှု သဘောတူညီမှုများရှိနိုင်ကြောင်း လက်နက်ထိန်းချုပ်ရေး နှင့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အမေရိကန် လက် ထောက် နိုင်ငံခြားရေးဝန်ကြီး Bonnie Jenkins က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် Chang Ho-jin က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံသာမက အခြားနိုင်ငံများထံမှ စစ်လက်နက်ပစ္စည်းများတရားမဝင်ရယူရန် ကြိုးပမ်းနေသည့် ရုရှား၏ လုပ်ရပ်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်အစိုးရတရားဝင်ထုတ်ပြန်ကြေညာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ