(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် မြန်မာယူ-၂၄ အသင်း တရုတ်နိုင်ငံသို့ စတင်ထွက်ခွါ
သန့်ဇင်(NSS) - စက်တင်ဘာ ၁၆
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြမည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် မြန်မာယူ- ၂၄ လက်ရွေးစင်အသင်း တရုတ်နိုင်ငံသို့ ယနေ့ (စက်တင်ဘာလ ၁၆ ရက်)နံနက်ပိုင်းက စတင် ထွက်ခွါခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၂၃ ရက်မှစတင်ကာ အောက်တိုဘာလ ၈ ရက်အထိ တရုတ်နိုင်ငံ၊ Hangzhou မြို့၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
မြန်မာ့လက်ရွေးစင်ယူ-၂၄ အသင်းအနေဖြင့် အုပ်စု(က)တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ် နှင့် အိန္ဒိယလက်ရွေးစင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိရာ စက်တင်ဘာလ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းဖြင့်လည်းကောင်း၊ စက်တင် ဘာလ ၂၁ရက်တွင် အိမ်ရှင် တရုတ်အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်တွင် အိန္ဒိယအသင်းတို့ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု(၆)အုပ်စုရှိပြီး အုပ်စု ပထမနှင့်ဒုတိယ နှစ်သင်းစီအပြင် အကောင်းဆုံး အုပ်စု တတိယ (၄)သင်း၊ စုစုပေါင်း(၁၆)သင်းသာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအာရှအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ တိုက်ကွမ်ဒို၊ Esports၊ မြားပစ်နှင့် ပိုက်ကျော်ခြင်း စသည့် အားကစားနည်း(၇)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမား (၁၀၀)ကျော်သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရသေ့တောင်မြို့နယ်၌ အလယ်တန်းပြ ဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံရမှုဖြစ်ပွား
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ