Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆော်ဒီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ယီမင်သူပုန်တို့ ရီယာ့ဒ်သို့ ထွက်ခွာ

Htay Oung (NSS) - စက်တင်ဘာ ၁၆

ယီမင်နိုင်ငံမှာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရန် ကြိုးပမ်းနေစဉ် ယီမင်ရှိ ဟူသီ(သူပုန်)တို့ဟာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တော်ကို ဦးတည်ထွက်ခွာသွားကြောင်း ဟူသီအရာရှိတစ်ဦး၊ သံတ မန်ရေးရာနဲ့ (အေဒင်) အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ဆော်ဒီအစိုးရသတင်းအေဂျင်စီက ဖော်ပြတယ်လို့ Al Jazeera က ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ ရေးသားပါတယ်။


ကြာသပတေးနေ့ညပိုင်းမှာ စတင်မယ်လို့ မျှော်လင့်ထားတဲ့ အဲဒီခရီးစဉ်ဟာ အငတ်ဘေးဆိုက်ခြင်းမျိုးလို တိုက်ရိုက်ကျရောက်တဲ့ ဘေးသင့်မှုနဲ့ အခြားသွယ်ဝိုက်တဲ့ အကြောင်းတရားများကြောင့် လူပေါင်းသိန်းချီပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ (ယီမင်) ပဋိပက္ခအဆုံးသတ်ရေးမှာ မျှော်လင့်ချက်များ တိုးမြင့်လာရပါတယ်။

ကြာသပတေးနေ့ည လာရောက်လည်ပတ်မှာဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံပိုင်သတင်းဌာနက အတည်ပြုခဲ့ပြီး ဟူသီတို့ကို အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အတွက် ရီယာ့ဒ်မြို့တော်ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

အာရေးဗျကျွန်းဆွယ်မှာ ဒုတိယအကြီးဆုံး အာရပ်နိုင်ငံဖြစ်တဲ့ ယီမင်ဟာ တူရကီတို့ရဲ့ အော်တိုမန်အင်ပါယာနဲ့ ဗြိတိသျှအင်ပါယာအဖြစ် တောင်-မြောက် ပိုင်းခြားခြင်း ခံခဲ့ရဖူးပါတယ်။ လွတ်လပ်ရေး အသီးသီးရရှိပြီးနောက် ၁၉၉၀ ခုနှစ်မှာ တစ်ပေါင်းတည်းဖြစ်လာတဲ့ ယီမင်နိုင်ငံမှာ ပထမဆုံး သမ္မတဖြစ်လာသူ အဗ္ဗဒူလာဆာလာဟာ ၂၀၁၂ ခုနှစ် အာရပ်နွေဦးမှာ ရာထူးမှ နှုတ်ထွက်ပေးလိုက်ရပါတယ်။ အဲ့ဒီနောက်ဆက်ခံတဲ့ သမ္မတဟာဒီ လက်ထက် အသွင်ကူးပြောင်းရေးကောင်စီဖွဲ့စည်းရာမှာ ဂိုဏ်းဂဏ အုပ်စုကွဲပြားခြင်းများနဲ့ ၂၀၁၄ ခုနှစ်မှ ယနေ့တိုင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာလည်း လက်နက်ကိုင်အုပ်စုအသီးသီးတို့ မင်းမူရာအဖြစ် တိုင်းပြည်ပြို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရပါတယ်။ 


လူသားတို့ တစ်ဆက်တည်းနေထိုင်ခဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့တစ်မြို့အဖြစ် ယူနက်စကို အသိအမှတ်ပြု ဆာနားကို ၂၀၁၄ ခုနှစ်မှာ သမ္မတဟောင်း ဆာလာထောက်ခံ ယီမင်တပ်များနဲ့ ဟူသီသူပုန်တို့က သိမ်းပိုက်လိုက်ပါတယ်။ နိုင်ငံအနောက်ပိုင်း နယ်မြေများကို ထိန်းချုပ်လာတဲ့အတွက် အာရပ်ကမ္ဘာအသိအမှတ်ပြု ယီမင်အစိုးရဟာ တောင်ဘက် အေဒင်မြို့ကို ပြောင်းရွှေ့ပြောင်းခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဟူသီတို့ရဲ့ စိုးမိုးမှုဟာ အေဒင်မြို့အနီးတိုင် ရောက်ရှိလာတဲ့အတွက် ရီယာ့ဒ်မြို့ကို သမ္မတဟာဒီ ထွက်ပြေးရခြင်းနဲ့အတူ ဆော်ဒီအာရေးဗီးယားဦးဆောင် ယူအေအီးညွန့်ပေါင်းလေတပ်က ယီမင်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခများနဲ့ မငြိမ်မသက်ဖြစ်နေတဲ့နိုင်ငံမှာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနေပါတယ်လို့ အမေရိကန်လေတပ်က လည်း ၀င်ရောက်တိုက်ခိုက်နေပါတယ်။ စစ်လက်နက်ဘေးနဲ့ ငတ်မွတ်ခေါင်းပါးခြင်းကြောင့် လူပေါင်း တစ်သိန်း ခွဲကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၃၄ သန်း နေထိုင်ရာ နိုင်ငံမှာ လူပေါင်း ၄-သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ သောက်သုံးရေ ပြတ်လပ်ခြင်း၊ အငတ်ဘေးဆိုက်ခြင်းနဲ့ ဆေးဝါးအကူအညီ မရရှိခြင်းကြောင့် သေဆုံးသူ ၂-သိန်းကျော် ဖြစ်လာတဲ့အတွက် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဆိုက်ရောက်နေပါတယ်။

ယီမင်တောင်ပိုင်း အပါအ၀င် ဆော်ဒီနဲ့ ယူအေအီးပြည်တွင်းကို ဟူသီတို့က ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ခြင်းနဲ့ လူပေါင်း (၂)သောင်းနီးပါး သေဆုံး ဒဏ်ရာရရှိစေခဲ့တဲ့ ဆော်ဒီရဲ့လေ ကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂက ရှုတ်ချခဲ့ပါတယ်။ ဆော်ဒီညွန့်ပေါင်းနိုင်ငံများအပေါ် လက်နက်ရောင်းချခြင်းကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ် အမေရိကန်ကတော့ ဆက်လက်ကူညီနေပြီး ဆော်ဒီမှာ ဗြိတိန်စစ်ဘက်အကြံပေးများ ရှိနေပါတယ်။

သူပုန်အဖွဲ့ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့တော်ကို အိုမန်နိုင်ငံပိုင် လေယာဉ်ဖြင့် သွားရောက်မှာဖြစ်ကြောင်း ဟူသီနိုင်ငံရေးကောင်စီအဖွဲ့ဝင် အလီအယ်လ်ကင်က ပြောပါတယ်။ ဖျန်ဖြေသူ အခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ အိုမန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဟာ ယီမင်နိုင်ငံ ဟူသီတို့ ထိန်းချုပ်ထားတဲ့ ဆာနာမြိုကို ကြာသပတေးနေ့မှာ ရောက်ရှိခဲ့ကြောင်း ယီမင် အေဒင်အစိုးရ တာဝန်ရှိများက အတည်ပြုပါတယ်။

အိုမန်နိုင်ငံရဲ့ ကြား၀င် ဖျန်ဖြေမှုနဲ့ ယီမင်ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အပြုသဘော ရှုမြင်ကြောင်း၊ ဟူသီတို့ ထိန်းချုပ်ထားတဲ့ (ပင်လယ်နီ) ဆိပ်ကမ်းများနှင့် ဆားနားလေဆိပ်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ရေး၊ ရေနံမှ ရရှိဝင်ငွေများကို ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများ ပေးနိုင်ရေး၊ စစ်ဒဏ်သင့် နိုင်ငံကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းရေးနဲ့ ယီမင်မှ နိုင်ငံခြားတပ်များအားလုံး ထွက်ခွာသွားမယ့် အချိန်ဇယား ရေးဆွဲရေးကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း အလီအယ်လ်ကင်က လူမှုကွန်ရက်မှာ ရေးသားပါတယ်။

အဲ့ဒါတွေဟာ ဟူသီတို့ အစဉ်တစိုက် တောင်းဆိုနေတဲ့ အချက်များဖြစ်တယ်လို့ ဖြစ်စဉ်အားလုံးကို သိရှိတဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောပါတယ်။ ဆားနားမြို့ ဆော်ဒီအရာရှိများနဲ့ ဆွေးနွေးမှုများပြုလုပ်ပြီး ငါးလအကြာမှာ ယခုခရီးစဉ်ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးတဲ့ ၆ လ ကြာ အပစ်အခတ်ရပ်စဲရေးဟာ အောက်တိုဘာလမှာ တရားဝင်မှု ကုန်ဆုံးသွားပြီး တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ယခုလို သွားရောက်ကြ ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားပြီးနောက် ယီမင်စစ်မက်ရေးမှာ ပါ၀င်နေသူ အများစုက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပေမယ့် ဧပြီလက ဆော်ဒီငြိမ်းချမ်းရေးအဖွဲ့ ဆာနားမြို့ကို သွားရောက်ခဲ့တဲ့ အချိန်ကစပြီး တိုက်ခိုက်မှုများ နှေးကွေးသွားပါတယ်။ 

ဟူသီတို့ရဲ့ ဆော်ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ရီယာ့ဒ်နဲ့ ဆားနားတို့အကြား ဆက်ဆံရေးဟာ နောက်ဖေးမှ ဧည့်ခန်းကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးအတွက် တရား၀င်ဆက်ဆံရေး လမ်းပွင့်သွားပြီး နောက်ထပ်ဆက်ရန် တွန်းအားဖြစ်လာကြောင်း ဆားနား မဟာဗျူဟာလေ့လာရေးစင်တာမှ အကြီးအကဲက ပြောပါတယ်။ 

နိုင်ငံရေးအနေနဲ့ ယီမင်ပဋိပက္ခမှာ ဆော်ဒီအာရေးဗီးယားရဲ့ တိုက်ရိုက်ပါ၀င်မှု အခန်းကဏ္ဍကို အဆုံးသတ်ပြီး ကြား၀င် ဖြန်ဖြေသူအဖြစ် ရောက်ရှိလာကြောင်း ဟူသီများက အသိအမှတ်ပြုစေမယ့် အဆင့်မြင့်ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ စစ်ပွဲကို ဆက်လက်ရန် ဆော်ဒီကိုယ်တိုင် ပင်ပမ်းနွမ်းနယ်နေပြီး ပဋိပက္ခကို အမြန်ဆုံးနိဂုံးချုပ်စေချင်နေပြီလို့ လန်ဒန်အခြေစိုက် ယီမင်အရေး လေ့လာသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ဒါပေမယ့် ယီမင်စစ်ပွဲ အဆုံးသတ်ရန် ဆော်ဒီရဲ့ ချဉ်းကပ်မှုဟာ အာဖဂန်ပဋိပက္ခပြီးဆုံးစေဖို့ ပါ၀င်ပတ်သက်သူ နိုင်ငံရေးအဖွဲ့အားလုံးနဲ့ မဟုတ်ပဲ တာလီဘန်တစ်ဖွဲ့တည်းနဲ့ ညှိနှိုင်းတဲ့ အမေရိကန်လုပ်သလိုမျိုး ဖြစ်နေတယ်လို့ ယီမင်အများစု ရှုမြင်ကြောင်း၊ ရေရှည်မှာ ကိုယ့်ဖာသာအနိုင်ရနေတာမျိုး ဖြစ်နေရာက လုံးလုံးလျားလျား ပြိုလဲသွားမှာကို စိုးရိမ်ကြကြောင်း၊ ဟူသီတို့အနေနဲ့ စစ်ပွဲအဆုံးသတ်ရန် ဆော်ဒီက မက်လုံးပေးနေချိန်မှာ ၀န်ထမ်းလစာပေးရန်ပင် အခက်အခဲရှိနေတဲ့ ယီမင် (အေဒင်) အစိုးရအပေါ် ဖိအားများ ပေးနေကြောင်း၊ 

ဒီဆွေးနွေးပွဲတွေဟာ ရေတိုမှာ ယီမင်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အထောက်အကူဖြစ်ပေမယ့် ရေရှည်မှာတော့ ယီမင်ပြည်သူတွေနဲ့ မဆက်ဆံဖို့ ဟူသီသူပုန်တွေကို အားပေးရာ ရောက်နေကြောင်း၊ ဒါကြောင့် ဆော်ဒီတို့ ထွက်ခွာသွားပြီး များမကြာမီ ဟူသီသူပုန်တို့က အခြားယီမင်ပြည်နယ်တွေကို ထိုးစစ်ဆင်လာနိုင်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။ 

ဒေသတွင်းအင်အားကြီးပြိုင်ဘက် ဆော်ဒီအာရေးဗီးယားနဲ့ အီရန်တို့အကြား ဆက်ဆံရေးပြတ်တောက်ပြီးနောက် ခုနစ်နှစ်အကြာ ပြီးခဲ့တဲ့ မတ်လမှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်အရ ယီမင်ငြိမ်းချမ်းရေးဟာ အရှိန်အဟုန်မြှင့်လာခဲ့ပါတယ်။ ဟူသီတို့အပေါ် သံတမန်နည်းအရရော နိုင်ငံရေးအရပါ ထောက်ခံယုံသာဖြစ်ပြီး စစ်ရေးအရ အကူအညီများ ပေးအပ်နေခြင်း မရှိကြောင်း အီရန်က ငြင်းဆိုပေမယ့် ယီမင်ကို ဦးတည်တဲ့ အီရန်လက်နက်များကို သိမ်းဆည်းရမိနေခြင်းဟာ အဲဒီပြောဆိုချက်နဲ့ ဆန့်ကျင်ပုံ ရပါတယ်။

ဟူသီခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်က အကောင်းမြင်ပေမယ့် ယီမင်ပြည်သူတွေဟာ ကြောက်လန့် နေကြတယ်လို့ ဝါရှင်တန်နိုင်ငံခြားရေး၀န်ကြီး အန်သိုနီဘလင်ကင်က ပြောပါတယ်။

(Al Jazeera., 15 September 2023,” Yemen’s Houthis heading to Riyadh for ceasefire talks with Saudi Arabia” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူးမြို့ရှိ စေတဝန်ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးဟောင်းများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved