ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြဿနာတွေကြောင့် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုတွေ ဖယ်ရှားပေးဖို့ ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူတွေက ကမ္ဘာ့ခေါင်းဆောင်တွေကို ဆန္ဒပြ တောင်းဆိုလာ
ရောင်နီ (NSS) - စက်တင်ဘာ ၁၅
အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူတွေက လာမယ့်စက်တင်ဘာလ ၂ဝ ရက်၊ နယူးယောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမတိုင်မီ တနင်္ဂနွေနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၇ ရက်မှာ နယူးယောက်မှာ စီစဉ်ထားတဲ့ ချီတက်ပွဲအတွက် အကြိုအဖြစ် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို အဆုံးသတ်ဖို့ ကြာသပတေးနေ့( စက်တင်ဘာ ၁၄ ရက်) က ကက်ပီတိုပြည်နယ်မှာ စုဝေးဆန္ဒပြခဲ့ပါတယ်။
ဒါဟာ ဘိုလီးဗီးယား၊ ပါကစ္စတန်၊ အီသီယိုးပီးယားနဲ့ သြစတြီးယား အပါအဝင် နိုင်ငံတွေရဲ့ ယခုသီတင်းပတ်အတွင်းပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာလှုပ်ရှားမှုပေါင်း ၂ဝဝ ခန့်ထဲက တစ်ခုဖြစ်ပါတယ်။
အဆိုပါလှုပ်ရှားမှုကို NAACP၊ Sierra Club နဲ့ Sunrise Movement အပါအဝင် သိပ္ပံပညာရှင် ၄ဝဝ နဲ့ အဖွဲ့အစည်း ၅ဝဝ တို့က ထောက်ခံအားပေးခဲ့ကြပြီး နယူးယောက်မှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုတွေ လာမယ့် မတ်လမှ ရပ်တန့်သွားနိုင်အောင် တိုက်တွန်းဖို့ ရည်ရွယ်ပါတယ်။
နိုင်ငံတစ်ဝှမ်းနဲ့ ကမ္ဘာတစ်ဝန်းမှ သောင်းနဲ့ချီတဲ့ ရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူတွေကိုပါ ခေါ်ယူကျင်းပဖို့ ရည်ရွယ်ထားတဲ့အဆိုပါဆန္ဒပြပွဲဟာ ငါးနှစ်အတွင်း အမေရိကန်မှာ အကြီးမားဆုံး ရာသီဥတုဆိုင်ရာ ချီတက်ပွဲဖြစ်လာမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။
နယူးယောက်မှာ ဆန္ဒပြမှုဟာ ရာသီဥတု အရေးပေါ်အခြေအနေကြေညာဖို့၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းအသစ်တွေ အတည်ပြုမှုရပ်ဆိုင်းစေဖို့နဲ့ အများပိုင်မြေတွေမှာ ရုပ်ကြွင်းလောင်စာတူးဖော်ခြင်းကို ရပ်ဆိုင်းခြင်း အပါအဝင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုတွေကို ပြတ်ပြတ်သားသားလုပ်ဆောင်စေဖို့ အာရုံစိုက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့တွေကို တွန်းအားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်ဥက္ကဋ္ဌပါ (၄၄)ဦးကို NUG အကြမ်းဖက်ကြေညာ၊ တရုတ်နယ်စပ်ဖြတ်သန်းခွင့် ကိစ္စ၊ INGO/NGO တွေ မှတ်ပုံပြန်တင်ရမယ်ကိစ္စ၊ KNU ကို အရှိုက်ထိုးလိုက်တဲ့ တပ်မဟာ(၇)ရဲ့ ကြေညာ ချက် (၁၅-၉-၂ဝ၂၃)
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ