Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သမ္မတဘိုင်ဒင်အပေါ် တရားဝင် စွပ်စွဲအပြစ်တင်မည်ဖြစ်ကြောင်း ရီပတ်ဘလစ်ကင်တို့ ကြေညာ

Htay Oung (NSS) - စက်တင်ဘာ ၁၅ 

သမ္မတဂျိုးဘိုင်ဒင်အပေါ် စွပ်စွဲအပြစ်တင်မှုအတွက် စုံစမ်းစစ်ဆေးမှုကို တရားဝင် ဆောင်ရွက်မှာဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီက ပြောဆိုတယ်လို့ France24 ရဲ့သတင်းကို ယမန်နေ့ Guardian TV က ကူးယူဖော်ပြခဲ့ပါတယ်။ 

ရီပတ်ဘလစ်ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ်စွပ်စွဲမှု ယခင်နှစ်ကြိမ်ပြုလုပ်ခဲ့ဖူးတဲ့ အောက်လွှတ်တော် အနေနဲ့ ဒီမိုကရက်တစ်တို့ကို ရာထူးမှဖယ်ရှားရန် ကာလကြာရှည်ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့သား အငယ်ဆုံးဖြစ်သူ ဟန်းတားဘိုင်ဒင်ရဲ့ စီးပွားရေးအကျင့်ပျက်ခြစားမှုဆက်နွယ်ပြီး စွပ်စွဲအပြစ်တင်ဖို့ ပြင်ဆင်ထား ကြောင်း သိရှိရပါတယ်။ 

၂ဝ၁၈ ခုနှစ် သေနတ်တစ်လက် ဝယ်ယူစဉ် အချက်အလက်များ မမှန်မကန်ဖြည့်သွင်းမှု၊ အဲဒီအချိန် မူးယစ်ဆေးဝါးကို တရားမဝင် သုံးစွဲခြင်း မရှိကြောင်း မမှန်မကန်ထွက်ဆိုမှုတို့နဲ့ အသက် ၅၃ နှစ်အရွယ် ဟန်းတာ ဘိုင်ဒင်ကို ကြာသပတေးနေ့မှာ စွဲချက်တင်ခံထားရပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဖခင်ဖြစ်သူရဲ့ လာမယ့်နှစ် မဲဆွယ် စည်းရုံးမှုအပေါ် အရိပ်ထိုးမှုအသစ်ဖြစ်လာကြောင်း France 24 က ယမန်နေ့ ရေးသားပါတယ်။

ဒါ့အပြင် အဲဒီနှစ် အောက်တိုဘာလ ၁၁ ရက်တာ ကာလအတွင်း သေနတ်ကို တရားမ၀င် လက်ဝယ်ထားရှိခဲ့ရာမှာ မမှန်မကန်ထွက်ဆိုမှုတို့နဲ့ ဟန်းတားအပေါ် တတိယမြောက် စွဲချက်တင်ထားပါတယ်။

လုပ်ထုံးလုပ်နည်းအရ ရာဇဝတ်မှု သုံးခုစလုံးမှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၂၅ နှစ်အထိ ကျခံရနိုင်ပေမယ့် လက်တွေ့မှာတော့ ဘယ်လိုနည်းနဲ့ ထောင်ဒဏ်ကျခံလို့ မဖြစ်ပါဘူး။

ကို့လ်_ကော်ဘရာအမျိုးအစား ခြောက်လုံးပြူးသေနတ်ကိုဝယ်ယူစဉ် မူးယစ်ဆေး တရားမဝင် သုံးစွဲထားခြင်း မရှိကြောင်း ဟန်းတာရဲ့သက်သေခံချက်ဟာ မှားယွင်းနေတယ်လို့ တရားရေးဌာနက ပြောပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က သားဖြစ်သူရဲ့ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများမှ ငွေကြေးအရ အကျိုးအမြတ်များကို ရရှိခဲ့တယ်လို့ ရီပတ်ဘလစ်ကင်တို့က စွပ်စွဲအပြီး ၂ ရက်အကြာမှာ ဒီမိုကရက် တစ်သမ္မတအပေါ် ထပ်မံ စွဲချက်တင်လိုက်ခြင်းဖြစ်ပါတယ်။

ဟန်းတာဘိုင်ဒင်ရဲ့ ရုံးရောက် ဂတ်ရောက် တရားရေးဆိုင်ရာ ပြဿနာတွေဟာ အိမ်ဖြူတော် ဒုတိယသက်တမ်း အတွက် ချိန်ရွယ်နေမယ့် သူ့ဖခင်ရဲ့ နိုင်ငံရေးပြိုင်ဘက်များအတွက် ပစ်မှတ်တစ်ခုဖြစ်နေပါတယ်။

ယေးလ်တက္ကသိုလ်ထွက် ရှေ့နေတစ်ဦးဖြစ်သူ ဟန်းတားဘိုင်ဒင်ဟာ စည်းရုံးလှုံ့ဆော်သူတစ်ဖြစ်လဲ အနုပညာရှင် တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံး အရက်နဲ့ ကိုကင်းစွဲလမ်းမှုတို့ကြောင့် ကြေကွဲစရာ အတိ ဖြစ်ခဲ့ဖူးပါတယ်။

အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်း မရှိပေမယ့် ဂျိုးဘိုင်ဒင်ရဲ့တရားရေးဌာနဟာ ဟန်းတားအပေါ် အကာ အကွယ်ပေးနေတယ်လို့ ရီပတ်ဘလစ်ကင်တို့က စွပ်စွဲထားပါတယ်။ ဟန်းတာအနေနဲ့ အလွယ်တကူ လွတ်မြောက် သွားအောင် လုပ်ဆောင်ပေးနေတယ်လို့လည်း ပြောကြပါတယ်။


ဟန်းတားဟာ အခြားရာဇဝတ်မှု အမြောက်အများကိုလည်း ကျူးလွန်ဖွယ်ရှိတယ်လို့ အထောက်အထားများစွာ ရရှိထားကြောင်း၊ သေနတ်ကိစ္စကို ကြိုဆိုခဲ့ကြပေါမယ့် အဲဒါဟာ အသေးအဖွဲမျှသာဖြစ်ကြောင်း၊ တရားရေးဌာန အနေနဲ့ ဥပဒေကို ညီတူညီမျှကျင့်သုံးဖို့ အမေရိကန်ပြည်သူတွေက မျှော်လင့်ထားကြောင်း မှတ်ချက်ပေးပါတယ်။

သေနတ်ကိစ္စ စွဲချက်တင်ခံရခြင်းဟာ ဟန်းတာကျူးလွန်တဲ့ ရာဇဝတ်မှုသာဖြစ်ပြီး လူညစ်ပတ် ဂျိုးဘိုင်ဒင်နဲ့ သက်ဆိုင်တယ်လို့ မဆိုနိုင်ကြောင်း သူ့တုန်းက နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ဖူးတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် က သူ့ရဲ့ “ထရု့ပ်လူမှုကွန်ယက်ပလက်ဖောင်း" မှာ ရေးသားပါတယ်။

#သမ္မတဂျိုးဘိုင်ဒင်အပေါ်_စွပ်စွဲအပြစ်တင် #ဟန်းတားဘိုင်ဒင် #တရားမဝင်_မူးယစ်ဆေးသုံးစွဲမှု #သမ္မတဟောင်း_ဒေါ်နယ်ထရမ့် #သေနတ်ဝယ်ယူရာတွင်_အချက်အလက်_မမှန်မကန်ဖြည့်သွင်းမှု #ကီဗင်_မက္ကာသီ

(TV Guardian., 14 September 2023,” Impeachment case against Biden: Republicans announce inquiry into US president” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NCA စာချုပ်ကို KNU က ပျက်ပြယ်ကြောင်း တရားဝင်ကြေညာခြင်းမရှိ၍ ငြိမ်းချမ်းရေးရရှိရန် NCA ကိုအခြေခံကာ ဆောင်ရွက်မည်ဟု တပ်မဟာ (၇) ဥက္ကဋ္ဌပြော

RELATED POSTS
RECENT POSTS
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved