Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA စာချုပ်ကို KNU က ပျက်ပြယ်ကြောင်း တရားဝင်ကြေညာခြင်းမရှိ၍ ငြိမ်းချမ်းရေးရရှိရန် NCA ကိုအခြေခံကာ ဆောင်ရွက်မည်ဟု တပ်မဟာ (၇) ဥက္ကဋ္ဌပြော

မြူနစ် (NSS) - စက်တင်ဘာ ၁၅

NCA စာချုပ်ကို KNU က ပျယ်ပြယ်ကြောင်း တရားဝင်ကြေညာခြင်းမရှိ၍ ငြိမ်းချမ်းရေးရရှိရန် NCA ကိုအခြေခံကာ ဆောင်ရွက်မည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဋ္ဌက ပြောသည်။

KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဋ္ဌ စောအောင်မော်ဧက စက်တင်ဘာ ၁၄ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးသို့ လိပ်မူကာ စာတစ်စောင်ထုတ်ပြန်ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးသည် KNU က တစ်စိုက်မတ်မတ်တောင်းဆိုလာရာမှ ဖြစ်ပေါ်လာသော စာချုပ်တစ်ရပ်ဖြစ်သည်ဟု ဥက္ကဋ္ဌ စောအောင် မော်ဧက ဆိုသည်။

ထို့ပြင် NCA စာချုပ်အား ခိုင်ခိုင်မာမာဖြင့် သက်ဝင်ချုပ်ဆိုထားနိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာအသိ သက်သေများရှေ့၌ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံရေးပြဿနာအား နှစ် (၇ဝ)ခန့် စစ်ပွဲအတွေ့အကြုံများကို အခြေခံကာ အဖြေရှာခဲ့ရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံအဖြေရှာခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း KNU တပ်မဟာ(၇)ဘားအံခရိုင်က ပြောသည်။

အလားတူ KNU ကွန်ကရက်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ် နှင့် ရှေ့လုပ်ငန်းစဉ်တွင်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်းဖော်ပြထားကြောင်း သိရသည်။

ထို့ကြောင့် တပ်မဟာ(၇)ဘားအံခရိုင်အနေဖြင့် NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် NCA ကို အခြေခံကာ ဆောင်ရွက်သွားမည်ဟု ဥက္ကဋ္ဌစောအောင်မော်ဧက ပြောသည်။

တပ်မဟာ(၇)ဘားအံခရိုင်အနေဖြင့် NCA ကိုအခြေခံကာ ပြည်သူ့အကျိုးရှေ့ရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်ဟု ဥက္ကဋ္ဌ စောအောင်မော်ဧ၏ စာတွင် ဖော်ပြထားသည်။


သို့သော် ပြီးခဲ့သော သြဂုတ်လ ၁ဝ ရက်တွင် ပြုလုပ်သည့် KNU ၏သတင်းစာရှင်းလင်းပွဲ၌ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက NCA နှင့်ပတ်သက်၍ လိုက်နာစရာ အကြောင်းမရှိတော့ကြောင်း နှင့် NCA သည် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခင်အစိုးရများလက်ထက်၌ NCA စာချုပ်အား လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁ဝ) ဖွဲ့ရှိပြီး ၎င်းတို့မှာ KNU၊ PNLO၊ DKBA၊ ALP၊ LDU၊ RCSS၊ NMSP၊ ABSDF၊ CNF နှင့် KNU/KNLA-PC တို့ဖြစ်သည်။


လက်ရှိတွင် NCA ကို အခြေခံကာ နစကအစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ရှိပြီး ကျန်(၃)ဖွဲ့သော KNU၊ CNF နှင့် ABSDF တို့သည် NCA နှင့် သွေဖယ်ကာ တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း NCA သည် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိဘဲ အမြဲတည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းအတွင်းက ပြောဆိုခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖားကန့်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ

RELATED POSTS
RECENT POSTS
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved