City Taxi များ၏ Taxi Board ကို အရွယ်အစား၊ အရောင်တပြေးညီတပ်ဆင်ရန် YRTC ထုတ်ပြန်
Pearl (NSS) - စက်တင်ဘာ ၁၄
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board ကို အရွယ်အစား၊ အရောင်တပြေးညီတပ်ဆင်ရန် YRTC က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးမှုကော်မတီ(YRTC) က ပြီးခဲ့သည့် ရက်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ထားရှိသည့် နေရာအမျိုးမျိုးဖြင့် တပ်ဆင်ပြေးဆွဲသွားလာမှုများ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် မြို့တော်အင်္ဂါရပ်များနှင့် ညီညွတ်မှုရှိရေး၊ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲ့မှုဥပဒေ အပိုဒ် ၂၇၃ (က) အရ "အမိုးတွင် ဆေးနီဖြင့်ရေးသားထားသော "Taxi" စာသားကို မြင်နိုင်စေသည့် အဖြူရောင်ဆိုင်းဘုတ်မီးအိမ်တပ်ဆင်ရမည်"ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ရမည် ဖြစ်ကြောင်း YRTC မှ အသိပေးထားသည်။
Taxi Board အား အောက်ခြေအလျား ၁၀ လက်မ၊ အပေါ်အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅လက်မ၊ အပေါ်အကျယ် ၂ လက်မ နှင့် အမြင့် ၃ လက်မသတ်မှတ်ထားပြီး ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ်/ညာ ညီညာစွာ တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်အား စက်တင်ဘာလ(၁၀)ရက်မှစတင်၍ လာမည့် ဒီဇင်ဘာလ(၈)ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပညာပေးကာလပြီးဆုံးပါက ဒီဇင်ဘာလ(၉)ရက်မှစတင်၍ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Starlink ဂြိုလ်တု ထိန်းချုပ်ခွင့်ကို အမေရိကန်စစ်တပ်ထံ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်လွှဲပြောင်းပေး
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ