နျူကလီးယားစွမ်းအင်သည် ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ဖြစ်နိုင်ချေရှိသော စွမ်းအင်အရင်းအမြစ်ဖြစ်ကြောင်း မြန်မာသံအမတ်ဆို
ယွန်း (NSS) - စက်တင်ဘာ ၁၃
နျူကလီးယားစွမ်းအင်သည် ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ဖြစ်နိုင်ချေရှိသော စွမ်းအင်အရင်းအမြစ်ဖြစ်သည်ဟု မြန်မာသံအမတ်မှအသိပေးပြောကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက Vienna International Centre ၌ စက်တင်ဘာလ(၁၁)ရက်မှ (၁၅)ရက်အထိ ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ အုပ်ချုပ်မှုအဖွဲ့ (Board of Governors) အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတက်ရေးစီမံကိန်း (MSDP) ကို အကောင်အထည် ဖော်ရာ၌ ပြည်သူလူထုနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သောစွမ်းအင်ပံ့ပိုးပေးရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် နည်းပညာများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပြည် တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နျူကလီးယားစွမ်းအင်သည် ဖြစ်နိုင်ချေရှိသော စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူကြောင်း ဦးမင်းသိမ်းက ပြောသည်။
ထို့ကြောင့် အဆိုပါကဏ္ဍတွင် International Atomic Energy Agency-IAEA ၏ ကူညီပံ့ပိုးမှုကို ရရှိလိုကြောင်း မြန်မာသံအမတ်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် IAEA ၏ Rays of Hope၊ NUTEC Plastics နှင့် ZODIAC စီမံကိန်းများအောက်မှ ကင် ဆာရောဂါ၊ တိရစ္ဆာန်မှလူသို့ကူးစက်မှုရောဂါများနှင့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုများနှင့် အစားအစာဖူလုံရေးအတွက် ဆောင်ရွက်မည့် Atoms4Food စီမံကိန်းသစ်တို့အပေါ် ထောက်ခံခဲ့ကြောင်း သိရသည်။
နျုကလီးယားစွမ်းအင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် ရုရှားနိုင်ငံအစိုးရတို့အကြား “နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်” အပါအဝင် “အဏုမြူစွမ်းအင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေး နှင့် ကျွမ်းကျင်မှုအရည်အသွေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” နှင့် နျူကလီးယား စွမ်းအင်အပေါ် ပြည်သူလူထု၏အပြုသဘောဆောင်သော သဘောထားအမြင်များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ” တို့အား လက်မှတ်ရေးထိုးလျက် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံထုတ် SU-24 အမျိုးအစား တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေချိန်အတွင်း ပျက်ကျ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း