ထိုင်းနိုင်ငံသို့ MoU U- turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး One Stop Services စခန်းများကို မြဝတီနှင့် ကော့သောင်းမြို့တို့၌ စတင်ဖွင့်လှစ်
Pearl (NSS) - စက်တင်ဘာ ၁၂
ထိုင်းနိုင်ငံသို့ MoU U- turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး One Stop Services စခန်းများကို မြဝတီနှင့် ကော့သောင်းမြို့တို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
သက်တမ်း(၄)နှစ်ပြည့်ပြီးသည့် Passport သက်တမ်း (၂)နှစ်နှင့်အထက်ကျန်ရှိသော MoU လုပ်သားများကို နယ်စပ်ဂိတ်များမှတဆင့် One Stop Service စနစ်ဖြင့် ထိုင်နိုင်ငံအတွင်းသို့ အမြန်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေးကို မကြာမီဆောင်ရွက်မည်ဟု ထိုင်းရှိမြန်မာသံရုံးမှ ပြီးခဲ့သည့် သြဂုတ်လ (၂၆)ရက်ကထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ One Stop Services လုပ်ငန်းစဉ်ကို ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်)၊ နံနက်ပိုင်းတွင် မြဝတီမြို့နယ် ထိုင်-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂) နှင့် ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံ ရေခဲစက်ဝင်းအတွင်းတို့၌ စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူး ပေါင်းပြီး အလုပ်ရှင်အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ်(OWIC)ရိုက်နှိပ်ခြင်းများကို မြဝတီမြို့ နှင့် ကော့သောင်းမြို့တို့တွင် One Stop Service (OSS) ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းသည် အချိန်နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မြန်မာနိုင်ငံ၌နေ့ချင်းပြီးဆောင်ရွက်၍ ထိုင်းနိုင်ငံဘက်သို့ပြန်လည်ထွက်ခွာအလုပ်လုပ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့၌ နေအိမ်အတွင်း ဝင်ခိုးသည့် သူခိုး(၅)ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် တစ်ဦးဒဏ်ရာရ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း