Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်နိုင်ငံကို ရုရှားနိုင်ငံက ခေတ်မီစစ်လက်နက်ပစ္စည်းများလွှဲပြောင်းပေးမှာကို စိုးရိမ်မိကြောင်း ကမ္ဘာကျော် မောဆက်ထောက်လှမ်းရေးအဖွဲ့ပြော

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၁

အစ္စရေးထောက်လှမ်းရေးအဖွဲ့အကြီးအကဲက အီရန်နိုင်ငံကို ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးမှာကို စိုးရိမ်ကြောက်ရွံ့မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ မော့ဆက်အဖွဲ့က ရုရှားဟာ အီရန်နိုင်ငံကို ပိုမိုကောင်းမွန်တဲ့စစ်လက်နက်ပစ္စည်းများနဲ့ ကျည်ဆံများ ပေးပို့ကူညီဖွယ်ရှိနေကြောင်း၊ အဲဒီလုပ်ရပ်များက အစ္စရေးနိုင်ငံလုံခြုံရေးနဲ့ အစ္စရေးနိုင်ငံ ဖြစ်တည်မှုများကို အန္တရာယ်ဖြစ်လာဖွယ်ရှိနေကြောင်း ပြောပါတယ်။


မော့ဆက်ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ဘာနီယာက  ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အီရန်ဟာ ရုရှားကို kamikaze အမျိုးအစား ဒရုန်းများ ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။ မော့ဆက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲက "ရုရှားဟာ အီရန်ထံကနေ ဒရုန်းတွေ ရယူခဲ့တယ်။ အပြန်အလှန်အနေနဲ့ ရုရှားဟာ အီရန်ကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှာ စိုးရိမ်မိတယ်။ အီရန်ကို ရုရှားက စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးလာမယ်ဆိုရင် ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်လာနိုင်သလို အစ္စရေးနိုင်ငံ တည်ရှိမှုတွေကို စိုးရိမ်စရာဖြစ်လာစေတယ်" လို့ ပြောပါတယ်။

မော့ဆက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲက အီရန်ဟာ အစ္စရေးနိုင်ငံရှိ ဂျူးတွေကိုတိုက်ခိုက်ဖို့ ကြားခံအသုံးချမယ့်အဖွဲ့တွေကို အသုံးပြုနေကြောင်း၊ အီရန်ဟာ ပိုမိုခေတ်မိကောင်းမွန်တဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ရရှိဖို့ ကြိုးပမ်းနေကြောင်း ပြောပါတယ်။

ယူကရိန်း နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံများက ရုရှားဟာ ယူကရိန်းစစ်ပွဲအတွင်း အီရန်နိုင်ငံထုတ်  Shahed-136 အမျိုးအစား ဒရုန်းတွေ ပံ့ပိုးကူညီပေးခဲ့ဖူးကြောင်း ပြောပါတယ်။ ရုရှားဘက်ကတော့ ၎င်းတို့ဟာ စစ်ပွဲအတွင်း ပြည်တွင်းထုတ်ဒရုန်းတွေကို အသုံးပြုနေခဲ့ကြောင်း ပြောပါတယ်။ အစ္စရေး နဲ့ အီရန်နိုင်ငံတို့ဟာ သမိုင်းတစ်လျှောက်ရန်ဘက် နိုင်ငံများဖြစ်နေခဲ့ပြီး ဆက်ဆံရေးကောင်းမွန်မှုမရှိခဲ့ကြောင်း သိရပါတယ်။ 

အစ္စရေးဟာ အီရန်က နျူကလီးယားလက်နက်များ ပိုင်ဆိုင်အောင်လုပ်ဆောင်ပြီး တိုက်ခိုက်လာမှာကို စိုးရိမ်နေရာ အီရန်နိုင်ငံရဲ့လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးသေဆုံးမှု စဥ့်ကူးမြို့နယ်တွင်ဖြစ်ပွား

RECENT POSTS
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved