Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့် ဈေးတက်လာ

NSS - စက်တင်ဘာ ၁၁

စားသုံးဆီတင်သွင်းဖြန့်ဖြူးမှုကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် ရည်ညွှန်းထုတ်ပြန်သည့် ဈေးနှုန်းအရ စားအုန်းဆီ တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့် ဈေးမြင့်တက်လာကြောင်းသိရသည်။ 


ယခင် သီတင်းပတ်က စားအုန်းဆီတစ်ပိဿာလျှင် ၄၁၆၀ကျပ် ပေါက်ဈေးဖွင့်လှစ်ခဲ့သော်လည်း ယနေ့ (စက်တင်ဘာလ ၁၁ ရက်)တွင် တစ်ပိဿာလျှင် ၄၅၂၄ ကျပ်ပေါက်ဈေးဖွင့်လျှစ်ထားသည်ကိုတွေ့ရသည်။ 

ပြည်သူများအနေဖြင့် လက်လီဈေးကားများ နှင့် ဆီအသင်းက ခွဲတမ်းချပေးသော ဆိုင်များတွင်သာ စားသုံးဆီကော်မတီကထုတ်ပြန်သည့် ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ကြောင်းသိရသည်။ 

“အပြင်ဈေးကွက်ထဲမှာ စားအုန်းဆီကဝယ်လို့မရတော့ဘူး။ တန်းစီတဲ့ဆိုင်တွေမှာဘဲဝယ်လို့ရတယ်။ အလှူလုပ်ဖို့ ဝယ်ချင်ရင်တောင် တစ်ယောက်တစ်ပိသာဆိုတော့ ဘယ်လိုမှအဆင်မပြေဘူး”ဟု တောင်ဒဂုံမြို့နယ်မှ ဆီဝယ်ယူသူတစ်ဦးကပြောသည်။ 

ခွဲတမ်းအလိုက်ရောင်းပေးနေသည့် ဆိုင်များတွင် ယခင်တစ်ပတ်အတွင်းက တစ်ပိဿာလျှင် ၄၄၀၀ကျပ်ဖြင့်ရောင်းချပေးခဲ့ရာ လက်ရှိတွင် ၄၇၀၀ ဝန်းကျင်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။ 

ဆီအသင်းကသတ်မှတ်ပေးသည့် စားအုန်းဆီဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေးအရတွက်ချက်ပေးခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခ၊ ကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။ 

ပြင်ပဈေးကွက်အတွင်း၌ စားအုန်းဆီတစ်ပိသာလျှင် ၉ဝဝဝ ကျော်ပေါက်ဈေးရှိနေသော်လည်း အလွယ်တကူဝယ်ယူ ၍မရခြင်းကြောင့် အခြေခံပြည်သူများအခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ကို ပြုပြင်ပြောင်းလဲရန် ဘရာဇီးလ်သမ္မတ တိုက်တွန်းတောင်းဆို

RECENT POSTS
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved