တရုတ် နှင့် ဥရောပသမဂ္ဂကြား စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုလုပ်ဆောင်သင့်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြော
Pika (NSS) - စက်တင်ဘာ ၁ဝ
တရုတ် နှင့် ဥရောပတို့သည် ကမ္ဘာလုံးဆိုင်ရာအကြပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် စည်းလုံးညီညွတ်မှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သင့်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲ Ursula von der Leyen ကို တရုတ်ဝန်ကြီးချုပ်လီချန်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသော G20 ထိပ်သီးအစည်းအဝေးခန်းဘေးတွင် လီချန်းက Ursula von der Leyen ကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် တရုတ်ကုမ္ပဏီများအတွက် ခွဲခြားဆက်ဆံမှု များ မရှိသော ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးရန် Ursula von der Leyen ကို လီချန်းက တိုက်တွန်းတောင်းဆိုခဲ့ ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် သန့်ရှင်းသော စွမ်းအင် နှင့် ဘဏ္ဍာရေးကဲ့သို့သော နယ်ပယ်များတွင် တွေ့ဆုံဆွေးနွေးရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန်အတွက် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း လီချန်းက ပြောကြားခဲ့သည်။
လီချန်း က "တရုတ်နဲ့ ဥရောပသမဂ္ဂတို့ဟာ စည်းလုံးညီညွတ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုလုပ်ဆောင်သင့်ပါတယ်၊၊ ကမ္ဘာလုံးဆိုင်ရာအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် တရုတ် နဲ့ ဥရောပသမဂ္ဂကြား ဆက်ဆံရေးကို ပိုမိုမြှင့်တင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်သည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်ခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဒရုန်းများဖြင့် (၂)နာရီနီးပါးကြာ တိုက်ခိုက်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း