ပြင်သစ်နိုင်ငံက စစ်ရေးအရကြားဝင်စွက်ဖက်ဖို့ အနောက်အာဖရိကစီးပွားရေးအဖွဲ့နိုင်ငံများမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားဟု နိုင်ဂျာစစ်အစိုးရ ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁ဝ
နိုင်ဂျာစစ်အစိုးရက ပြင်သစ်နိုငံဟာ စစ်ရေးအရကြားဝင်စွက်ဖက်ဖို့အတွက် အနောက်အာဖရိကနိုင်ငံများမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားခဲ့ကြောင်း စွပ်စွဲပြောဆိုလိုက်ပါတယ်။
နိုင်ဂျာဗိုလ်ချုပ်ကြီး Amadou Abdramane က "ပြင်သစ်ဟာ အနောက်အာဖရိကစီးပွားရေးအဖွဲ့ဝင်နိုင်ငံတွေမှာ တပ်ဖွဲ့ဝင်တွေ ဆက်လက်ဖြန့်ကြတ်ချထားနေပါတယ်။ ဒါဟာ နိုင်ဂျာကို စစ်ရေးအရ ကျူးကျော်မှုလုပ်ဖို့ အစိတ် အပိုင်းဖြစ်တယ်။ နိုင်ဂျာကို စစ်ရေးအရ ကျူးကျော်မယ်လို့ ခြိမ်းခြောက်နေတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ နဲ့ ပူးပေါင်ဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်တယ်" လို့ ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အဖွဲ့ဟာ နိုင်ဂျာစစ်ခေါင်းဆောင်တွေကို စစ်ရေးနည်းလမ်းအသုံးပြုဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အာဏာသိမ်း မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ဂျာစစ်အစိုးရနဲ့ ပြင်သစ်အစိုးရကြား ဆက်ဆံရေးဆိုးရွားခဲ့ပြီး နိုင်ဂျာစစ်အစိုးရက ၎င်းတို့နိုင်ငံအတွင်း ဖြန့်ကြတ်ချထားတဲ့ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅ဝဝ ကို ပြန်လည်ရုတ်သိမ်းစေဖို့ ပြင်သစ်အစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
နိုင်ဂျာစစ်အစိုးရဟာ မကြာသေးမီကလည်း နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကို နိုင်ငံအတွင်းက နှင်ထုတ် ခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်သစ်တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းရေးနဲ့ပတ်သက်ပြီး နိုင်ဂျာစစ်အစိုးရတာဝန်ရှိသူများနဲ့ ဆွေးနွေးနေကြောင်း ဆိုခဲ့ပါတယ်။
နိုင်ဂျာဟာ ပြင်သစ်နိုင်ငံရဲ့ လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပြီး လွတ်လပ်ရေးရရှိခဲ့ပေမယ့် နိုင်ဂျာနိုင်ငံက ထွက်ရှိတဲ့ ယူရေနီယံများကို ပြင်သစ်ကိုပေးနေရတဲ့အပြင် အခွန်များလည်း ပေးနေရဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် သေဆုံးသူဦးရေမှာ (၂ဝဝဝ)ကျော်ထိ မြင့်တက်လာ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ