မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများတင်ဆောင်လာသည့် ရုရှားကုန်တင် လေယာဉ် ရန်ကုန်သို့ရောက်ရှိ
Pearl (NSS) - စက်တင်ဘာ ၁၀
မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ တင်ဆောင်လာသည့် ရုရှားကုန်တင်လေယာဉ် ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်း နစကထံမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါလေယာဉ်သည် ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)၊ နံနက် (၄) နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို နံနက်(၉)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း နှင့် ရုရှားနိုင်ငံ EMERCOM မှ Mr. Andrei KHOMENKO တို့က အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံလက်မှတ်ရေးထိုးပြီး လဲလှယ်ကြကြောင်း နစကမှ ဆိုသည်။
ရုရှားကုန်တင်လေယာဉ်တင်ဆောင်လာသော အကူအညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊ ပါစတာ(Macaronl) ၁ဝ ဒသမ ၅ တန်၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန်တို့ဖြစ်ကြောင်း သိရသည်၊၊
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော မြန်မာနိုင်ငံရေး၊ စီးပွားရေးသတင်းအချို့နှင့် နိုင်ငံတကာမှ သတင်းထူးများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း