Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လျှပ်စစ်မီတာခ မပေးဆောင်သည့် ကြွေးကျန်ငွေမှာ ကျပ်ဘီလျံ(၂၅ဝ)နီးပါး ရှိနေ

ယွန်း (NSS) - စက်တင်ဘာ ၁၀

လျှပ်စစ်မီတာခမပေးဆောင်သည့် ကြွေးကျန်ငွေမှာ ငွေကျပ် (၂၅ဝ)ဘီလျံနီးပါး ကျန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် နိုင်ငံအတွင်း၌ ပဋိပက္ခများဖြစ်ပွားမှုနှင့်အတူ လျှပ်စစ်မီတာခများ မပေးဆောင်ရန်အတွက် လှုံ့ဆော်တိုက်တွန်းမှုများရှိခဲ့သည်။

ထိုသို့ လှုံ့ဆော်တိုက်တွန်းမှုများကြောင့် လျှပ်စစ်မီတာခ မပေးဆောင်သူ အများအပြားရှိခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မေလအထိ လျှပ်စစ်မီတာခမပေးဆောင်မှုများကြောင့် နိုင်ငံတော်မှရရန် ကျန်ရှိနေသည့် မီတာခကြွေးကျန်မှာ ငွေကျပ် (၅၁ဝ ဒသမ ၄၅၅) ဘီလျံရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။ 

အဆိုပါကြွေးကျန်များကို ဝန်ကြီးဌာနအနေဖြင့် လိုက်လံကောက်ယူခဲ့ရာတွင် ငွေကျပ်(၂၆၅)ဘီလျံကျော် နိုင်ငံတော်အတွက် ပြန်လည်ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ ဆက်လက်တောင်းခံရန်ကျန်ရှိနေသည့် လျှပ်စစ်မီတာခကြွေးကျန်မှာ ငွေကျပ်(၂၄၄ ဒသမ ၆၁၉)ဘီလျံ ရှိနေသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြောသည်။

"လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ၂ဝ၂၂ ခုနှစ် (၅)လပိုင်းတွင် ဓာတ်အားခကြွေးကျန် ကျပ် ၅၁ဝ ဒသမ ၄၅၅ ဘီလျံကျန်ရှိနေမှုအပေါ်  လိုက်လံကောက်ခံခဲ့ပါတယ်။ ယခု ၂ဝ၂၃ ခုနှစ်၊ (၇)လပိုင်းအထိ ဓာတ်အားခတောင်းခံဖို့ ကျန်နေတဲ့ စုစုပေါင်းကြွေးကျန်မှာ ကျပ် ၂၄၄ ဒသမ ၉၁၆ ဘီလျံသာ ကျန်ရှိပါတယ်" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ NP News ကို ပြောသည်။

ထို့ပြင် ကျန်ရှိနေသည့် ဓာတ်အားခကြွေးကျန်များကို တိုးမြှင့်ကောက်ခံရရှိရေးကိုလည်း နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခများကောက်ခံရာတွင် ဓာတ်အားခနှုန်းထားကို အိမ်သုံးအမျိုးအစားနှင့် အိမ်သုံးမဟုတ်သည့်အမျိုးအစားဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် လူနေထိုင်ခြင်းမရှိသည့် နေအိမ်များတွင် လျှပ်စစ်ဓာတ်အား အသုံးမပြုဘဲ သုံးစွဲယူနစ် "0" ဖြစ်နေပြီး မီတာခကို (၆)လဆက်တိုက် ပေးဆောင်ခြင်းမရှိသော မီတာများကို စက်တင် ဘာ(၁)ရက်မှစ၍ ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲလျှက်ရှိပြီး (၄)လနှင့်အထက် ဓာတ်အားခပေးဆောင်ခြင်းမရှိသည့် ဓာတ်အားခကြွေးကျန်များရှိသည့် မီတာများကိုလည်း ဖြုတ်သိမ်းလျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ တင့်ကားတွေကို ပြတိုက်တွေကနေ ငှားရမ်းခဲ့ရဟု ဒိန်းမတ်စစ်ဘက်ပြော

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved