Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ၃၀၀ နှင့် ၅၀၀ မဂ္ဂါဝပ်ကြား တိုးမြှင့်ထုတ်လုပ်ရန်လိုဟု ကမ္ဘာ့ဘဏ်ပြော

ဂျန်ဇက် (NSS) - စက်တင်ဘာ ၉

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓါတ်အား လုံလောက်စွာထောက်ပံ့ပေးနိုင်ရန်အတွက် ၂၀၃၀ ခုနှစ်အထိ တစ်နှစ်လျှင်လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၃၀၀ နှင့် ၅၀၀ ကြားတိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ဖော်ပြောဆိုလိုက်သည်။


မြန်မာနိုင်ငံတွင်လျှပ်စစ် ဓါတ်အားနှင့်ပတ်သက်သော ထုတ်လုပ်နိုင်စွမ်း နှင့် လိုအပ်မှုအခြေနေနှစ်ခုကြားကွာဟချက်ကြီးမားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု  ၂၅၀၀ မဂ္ဂါဝပ်လျော့နည်းကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ သဘာဝဓါတ်ငွေ့ရည် LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စက်ရုံနှစ်ခု၏လုပ်ငန်းများဆိုင်းငံ့ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း ရေအားလျှပ်စစ်ထုတ်လုပ်သည့် သိုလှောင်ကန်များတွင် ရေများလျော့နည်းခြင်း၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ထောက်ပံ့မှုလိုအပ်ချက်များရှိနေခြင်းအ ပါအဝင်အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ၏လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုများလျော့နည်းခဲ့ရကြောင်း ကမ္ဘာဘဏ်က သုံးသပ်ထားသည်။ 

သဘာဝဓါတ်ငွေ့ကိုအသုံးပြုပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်မည့်စက်ရုံများကို ထုတ်လုပ်မှု ဆိုင်းငံ့ထားရခြင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတဝှမ်း လျှပ်စစ်ဓါတ်အားပေးစက်ရုံများနှင့် ဓါတ်အားပေးလိုင်းများ တိုက်ခိုက်ခံရခြင်းများကြောင့်လည်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုများကို လျော့နည်းကျဆင်းစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထား သည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှုအသစ် နှင့် ဆိုလာစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လက်ရှိအချိန်တွင် ကြိုးပမ်းနေသော်လည်း တိုးတက်မှုများနှေးကွေးနေဆဲဖြစ်ပြီး လာမည့်နှစ်များအတွင်း ပြည်တွင်း သဘာဝဓါတ်ငွေ့လုပ်ကွက်များတွင်လည်း ဓါတ်ငွေ့ကုန်ခမ်းခြင်း၊ ဓါတ်ငွေ့ထုတ်လုပ်နိုင်မှုလျော့နည်းဖွယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။

နိုင်ငံရေးအငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်လုပ်ငန်းကို သက်ရောက်မှုများစွာရှိကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။ လျှပ်စစ်ဓါတ်အား ထောက်ပံ့ပေးနိုင်မှု လုံလောက်မှုမရှိခြင်း နှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းများကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံတွင် လောင်စာဆီ ဈေးနှုန်းများနှစ်ဆ၊ သုံးဆအထိ ဈေးမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကပြောသည်။ လောင်စာဆီဈေးနှုန်းများမြင့်တက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ နှင့် ကုန်ထုတ်လုပ်ငန်းများအပေါ်ဖိအားများဖြစ်စေခဲ့ပြီး ထုတ်လုပ်မှုများကို လျှော့ချခြင်းများရှိနေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လျှပ်စစ်ဓါတ်အားလုံလောက်မှုမရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ကျန်းမာရေးလုပ်ငန်းအပါအဝင်ကဏ္ဍများစွာတွင် သက်ရောက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ စက်တင်ဘာလ ၉ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများ

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved