အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ ဂျပန်၊ တရုတ် နဲ့ ရုရှားကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး အပြန်အလှန်ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၈
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အင်အားကြီးနိုင်ငံများကြား အပြန်အလှန်ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အဖွဲ့ဝင် ၁၈ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးအတွင်းမှာ အမေရိကန်၊ ဂျပန် က တစ်ဖက်၊ တရုတ်၊ ရုရှားတို့က တစ်ဖက် အပြန်အလှန်ဝေဖန် ပြစ်တင်ခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။
အမေရိကန်ဒုတိယသမ္မတ ကာမာလာဟာရစ်က "အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံ ရဲ့ရန်စတဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး
စိုးရိမ်မှုများဖြစ်ရတယ်။ ကျွန်မတို့ဟာ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင်လုပ်ဆောင်မယ်ဆိုတဲ့ကတိတွေကို ဆက်လက်ထိန်းသိမ်းသွားမှာပါ" လို့ပြောပါတယ်။
တရုတ်ဝန်ကြီးချုပ်က "အငြင်းပွားမှုတွေကို ထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် ဘယ်သူမှအနိုင်ရမှာ မဟုတ်ဘူး။ အပြန်အလှန်ပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်ရမယ်။ ပြည်သူတွေ လိုချင်နေတာကလည်း အပြန် အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မျိုးသာဖြစ်တယ်။ အထွေထွေတည်ငြိမ်ရေးဟာ တောင်တရုတ် ပင်လယ်မှာ အငြင်းပွားမှုတွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်" လို့ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်ကအာရှ ပစိဖိတ်ဒေသနိုင်ငံအချို့ဟာ အစည်းအဝေးအတွင်း အစီအစဉ် အတွင်း ယူကရိန်းကိစ္စတွေကိုအပြင် ဒေသအတွင်းကိစ္စမဟုတ်တဲ့ အခြားပြဿနာတွေကို ဆွေးနွေးအောင် ဖန်တီး လုပ်ဆောင်နေကြောင်း ဝေဖန်ခဲ့ပါတယ်။
အာရှပစိဖိတ်ဒေသအတွင်းမှာ အမေရိကန်ရဲ့စစ်ရေးဆောင်ရွက်ချက်တွေက ဒေသအတွင်းမှာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်လာစေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါကလည်း တရုတ်နိုင်ငံက ဂျပန်နိုင်ငံရဲ့ပင်လယ်စာတင်သွင်းမှုများ ပိတ်ပင်ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ်က ဖူကူရှီးမား နျူကလီးယားစက်ရုံက ထွက်ရှိတဲ့စွန့်ပစ်ရေဆိုးတွေ ပင်လယ်ထဲကို စွန့်ပစ်ခြင်း ကြောင့် ပင်လယ်သတ္တဝါများ ဘေးကင်းမှုရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မကြာသေးမီက နိုင်ငံပိုင်နက်မြေပုံအသစ် ထုတ်ပြန်ခဲ့ရာ ဂျပန်နိုင်ငံနဲ့ အာဆီယံဒေသအတွင်းနိုင်ငံအချို့ ကန့်ကွက်ဆန့်ကျင်မှုများ ရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ