အာဖရိကသမဂ္ဂကို G20 အဖွဲ့ဝင်အဖြစ် လက်ခံရန် G20 အဖွဲ့ခေါင်းဆောင်များ သဘောတူညီ
Pika (NSS) - စက်တင်ဘာ ၇
G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတွင် အာဖရိကသမဂ္ဂကို အမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်ပြုရန် သဘောတူညီခဲ့ကြကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
အာဖရိကနိုင်ငံပေါင်း(၅၅)နိုင်ငံပါဝင်သည့် အာဖရိကသမဂ္ဂသည် G20 အဖွဲ့အတွင်းတွင် ဥရောပသမဂ္ဂကဲ့သို့ အနေအထား အခြေအနေများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
G20 အဖွဲ့အလှည့်ကျဥက္ကဋ္ဌရာထူးကို ရယူထားသော အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်မိုဒီသည် အာဖရိကသမဂ္ဂကို အဖွဲ့ထဲသို့လက်ခံရန်အတွက် အခြားအဖွဲ့ဝင်ခေါင်းဆောင်များကို ပြီးခဲ့သည့်ဇွန်လက စာတစ်စောင်ပေးပို့ကာ တိုက်တွန်းခဲ့ကြောင်း သိရသည်။
အဆိုပါစာထဲတွင် "ဒါဟာ တရားမျှတပြီး မှန်ကန်တဲ့ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ အိန္ဒိယဝန်ကြီးချုပ်ဟာ အာဖရိကနိုင်ငံတွေရဲ့လုပ်ဆောင်မှုတွေကိုလည်း ယုံကြည်ပါတယ်" ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် တောင်အာဖရိကသည် အာဖရိကတိုက်ကို ကိုယ်စားပြုသည့် G20 အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ အာဖရိကသမဂ္ဂ၏ G20 အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဝင်ရောက်မည့် အချက်ကို The Times of India သတင်းစာ၊ Bloomberg သတင်းအေဂျင်စီ နှင့် ရုရှား၏ Vedomosti သတင်းစာ တို့က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နယူးဒေလီမြို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က လူကိုယ်တိုင်တက်ရောက်မည် မဟုတ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဒုဝန်ကြီးချုပ် သွားရောက်မည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ