Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်အစိုးရ ထုတ်ပြန်ကြေညာ

Pika (NSS) – စက်တင်ဘာ ၇

ဗြိတိန်အစိုးရသည် ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း ဗြိတိန်ပြည်ထဲရေးအတွင်းဝန် Suella Braverman ၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာများက ဖော်ပြခဲ့သည်။

ဗြိတိန်အစိုးရသည် Wagner အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်  ISIS အဖွဲ့ နှင့် အယ်လ်ကိုင်းဒါးအဖွဲ့တို့ နှင့် တန်းတူထားရန်စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Suella Braverman က "Wagner အဖွဲ့ဟာ နိုင်ငံရပ်ခြားမှာ ရုရှားသမ္မတပူတင်ရဲ့  စစ်လက်နက်ကိရိယာတစ်ခုလို မျိုးလုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Wagner အဖွဲ့ဟာ ရုရှားအစိုးရရဲ့ နိုင်ငံရေး ပန်းတိုင်တွေကို ဆက်လက်ထမ်းဆောင်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုပါ" ဟု ပြောခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် စတင်ထုတ်ပြန်ခဲ့သောအကြမ်းဖက်အက်ဥပဒေအရ ပြည်ထဲရေးအတွင်းဝန်သည် အကြမ်းဖက်မှုများတွင် ပါဝင် သည်ဟု ယုံကြည်သောအဖွဲ့အစည်းတစ်ခုခုကို တားမြစ်ပိတ်ပင်နိုင်သည့် အာဏာရှိကြောင်း သိရသည်။


Suella Braverman က "Wagner အဖွဲ့ဟာ အကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတာကို ဗြိတိန်ဥပဒေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ Wagner အဖွဲ့ဟာ လုယက်မှု၊ညှင်းပန်းနှိပ်စက်မှုနဲ့ လူသတ်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။ ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ နဲ့ အာဖရိကမှာ လုပ်ဆောင်နေတဲ့ Wagner အဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ  ဒီအကြမ်းဖက်အဖွဲ့အစည်းကို တားမြစ်ပိတ်ပင်မှုတွေလုပ်ဆောင်ပြီး ရုရှားကိုတိုက်ခိုက်နေတဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်လက် ပံ့ပိုးနေတာပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

Wagner အဖွဲ့အား တားမြစ်ပိတ်ပင်မည့်အစီအစဉ်များကို စက်တင်ဘာလ(၆)ရက်တွင် လွှတ်တော်ကို အဆိုပြု တင်သွင်းမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ဗြိတိန်အစိုးရသည် သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု အပါအဝင် ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် အာဖရိကရှိ Wagner အဖွဲ့နှင့်ဆက်စပ်သော လူပုဂ္ဂိုလ်(၁၃)ဦး နှင့် စီးပွားရေးလုပ်ငန်းများအား ပိတ်ဆို့အရေးယူမှုကို ပြီးခဲ့သည့်ဇူလိုင်လတွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 


ပြီးခဲ့သည့်လက လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သော Wagner အဖွဲ့ခေါင်းဆောင် ပရီဂိုဇင်သည်လည်း ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများကို ခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။ Wagner အဖွဲ့ခေါင်းဆောင် ပရီဂိုဇင် သည် ရုရှားစစ်တပ်အကြီးအကဲများကို ဖြုတ်ချရန်အတွက် ပုန်ကန်မှုလုပ်ဆောင်ရန် ၎င်း၏ တပ်ဖွဲ့များကို အမိန့်ပေး ခဲ့ပြီးနောက် နှစ်လအကြာတွင် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အဖွဲ့က ရွာလယ်လမ်းမတွင် လုပ်ကြံသတ်ဖြတ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved