Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
UEC ၏ မဲပေးစက်ကို သဘောကျသော်လည်း မှားယွင်းမှုတစ်ခုခုဖြစ်ပါက မည်သူတာဝန်ယူမည်လဲဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မေးခွန်းထုတ်

မြူနစ် (NSS) - စက်တင်ဘာ ၆

UEC က တီထွင်ထားသည့် မဲပေးစက်ကို သဘောကျသော်လည်း မှားယွင်းမှုတစ်ခုခုဖြစ်ပါက မည်သူတာဝန်ယူမည်လဲဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌက မေးခွန်းထုတ်ထားသည်။


အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးစိုးမောင်က ယမန်နေ့ (စက်တင်ဘာလ ၅ ရက်)တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သော မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်ပတ်သက်၍ သရုပ်ပြရှင်းလင်းပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီ(၃၆)ပါတီမှ တာဝန်ရှိသူများကို ဖိတ်ကြားကာ ၎င်းတို့တီထွင်ထားသော မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်ပတ်သက်၍ သရုပ်ပြရှင်းလင်းခဲ့သည်။

၎င်းမဲပေးစက်နှင့်ပတ်သက်၍ စမ်းသပ်အသုံးပြုရာတွင် လုံလောက်သော အချိန်မရရှိခဲ့ကြောင်း အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးစိုးမောင်က ကော်မရှင်မှ တာဝန်ရှိသူများကို အသိပေးပြောကြားခဲ့သည်။

“ဒို့ရဲ့ နည်းပညာရှင်တွေကို အထင်သေးလို့မဟုတ်ဘူး။ တီထွင်တဲ့သူတွေကို သဘောကျတယ်။ လက်ခံတယ်။ ဒါပေမယ့် တာဝန်ယူရမယ်။ မှားယွင်းသွားရင် တစ်ခုခုဖြစ်ရင် ဘယ်သူတာဝန်ယူမှာလဲ။ ပါတီတွေ ဘဝင်ကျအောင်လုပ်ပေးရမယ်”ဟု ဦးစိုးမောင်က ပြောသည်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက် တီထွင်မှုအပေါ် သဘောကျသော်လည်း မဲပေးစက်နှင့်ပတ်သက်၍ သရုပ်ပြရှင်းလင်းပြသမှု လုပ်နည်းလုပ်ဟန်ကို သဘောမတူကြောင်းနှင့် နိုင်ငံရေးပါတီများအားလုံး ကျေနပ်မှုရှိရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်အကြံပြုခဲ့သည်။

ထို့ပြင် UEC အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံအစည်းအဝေးထိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ပါတီများကို လူရာသွင်းရန်လိုကြောင်း အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌက ပြောသည်။

“ပြီးရင် ပါတီတွေနဲ့ တစ်နှစ်ကို (၃)လတစ်ကြိမ်၊ (၄)လတစ်ကြိမ် အစည်းအဝေးထိုင်မယ်လို့ ပြောတယ်။ အထူးသဖြင့် ၂၀၂၂ မှာ တစ်ကြိမ်မှ အစည်းအဝေးမထိုင်ဘူး။ ဘာလုပ်နေတာလဲ။ ပြောမှာပေါ့ အလုပ်ရှုပ်နေလို့။ အလုပ်ရှပ်တာတော့ မောင်ရင်တို့မှ မဟုတ်ဘူး ဒို့လည်း အလုပ်ရှုပ်တာပဲ။ ဒို့က နိုင်ငံတော်အတွက် လုပ်နေတဲ့ပါတီတွေ လူရာသွင်းဖို့တော့ လိုတယ်။ ဘယ်နှစ်ခါ ခေါ်တွေ့လဲ။ ပြောလိုက်ပါ” ဟု ဦးစိုးမောင်က ထပ်မံပြောသည်။

အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကလည်း မြန်မာအီလက်ထရွန်နစ်မဲပေးစက်သည် ယုံကြည်ရလောက်သည့်အနေအထားရှိသော်လည်း စက်နှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာထိထိရောက်ရောက်ပေးရန် လိုအပ်ကြောင်းလည်း အကြံပြုပြောကြားခဲ့သည်။

မြန်မာပညာရှင်များဖြင့် တီထွင်ထားသော မဲပေးစက်သည် လက်ရှိတွင် ဝန်ကြီးဌာန(၂၁)ခု၌ ဝန်ထမ်းပေါင်း(၆၀၀၀) ကျော်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ရာတွင် တစ်ကြိမ်တစ်ခါမျှ မှားယွင်းခြင်းမျိုးမရှိခဲ့ကြောင်းလည်း UEC ဘက်က ပြောကြားထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကောက်ခွန်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းနေရာ(၁၄၀)နီးပါအတွက် အလုပ်ခေါ်ယူနေ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved