ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ် ကျမ်းသစ္စာကျိန်ဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၆
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာ စက်တင်ဘာ ၅ ရက်က ထိုင်းဝန်ကြီးချုပ် နဲ့ ထိုင်းဘဏ္ဍာရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင် ဦးဆောင်မယ့်အစိုးရအဖွဲ့အသစ်ဝန်ကြီး ၃၄ ဦးထဲမှာ အများစုက ဖြူထိုင်းပါတီက ဖြစ်ကြောင်း၊ ဖြူထိုင်းပါတီဟာ ထိုင်းအစိုးရအဖွဲ့အသစ်မှာ ကာကွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးနေရာ အပါအဝင် အဓိကနေရာအများစုကို ရယူခဲ့ကြောင်း သိရပါတယ်။ ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့အသစ်မှာ ထိုင်းနိုင်ငံရေးပါတီ ၁ဝ ပါတီရဲ့ကိုယ်စားလှယ်တွေ ပါဝင်နေကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီဒုတိယခေါင်းဆောင်ဟောင်း Parnpree Bahiddha-Nukara ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်း ဒုတိယဝန်ကြီးချုပ်တာဝန်ကို ရယူသွားမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ထိုင်းအစိုးရအဖွဲ့အသစ်အနေနဲ့ ထိုင်းပြည်သူတွေရဲ့အကျိုးစီးပွား ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ထိုင်းပြည်သူ အားလုံးကြား တန်းတူညီမျှအခွင့်ရေးရရှိစေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်က "ထိုင်းအစိုးရအဖွဲ့မှာ ပါဝင်တဲ့ဝန်ကြီးတွေဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို သိရှိနားလည်အောင် လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်ဟာ ၎င်းတို့ရဲ့မူဝါဒတွေကို လာမယ့် စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ထိုင်းလွှတ်တော်ကို တင်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်က ရွေးကောက်ပွဲကတိကိုအကောင်အထည်ဖော်ဖို့ အစိုးရအဖွဲ့ရဲ့ရက်ပေါင်း ၁ဝဝ အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ထိုင်းပြည်သူများကို ထိုင်းဘတ်ငွေ ၁ဝဝဝဝ ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်မှုက ၂ဝ၂၃-၂ဝ၂၄ ခုနှစ်ဘဏ္ဍာနှစ်၏ ပထမငါးလအတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါးရှိခဲ့
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း