Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒုတိယ ဆူဒန် နဲ့ ဆီးရီးယားလိုဖြစ်အောင် ပုံသွင်းခံနေရတဲ့ မြန်မာနိုင်ငံ

Htay Oung (NSS) - စက်တင်ဘာ ၆ 

ဖရီးဘားမားရိန်းဂျားတည်ထောင်သူ ဒေးဗစ်-အီးဘန့်အကြောင်း အမေရိကန်အစိုးရထောက်ပံ့ခံ VOA က တစ်ခန်း တစ်နား ပွဲထုတ်လာပုံကို ယမန့်နေ့မှာ သက်ဆိုင်ရာသတင်းစာမျက်နှာမှာ တွေ့ရှိရပါတယ်။

တကယ်တော့ ဒေးဗစ်အီးဘန့်ဟာ အမေရိကန်အစိုးရရဲ့စစ်ရေးပေါ်လစီများကို သွယ်ဝှိုက်တဲ့နည်းနဲ့ အကောင် အထည်ဖော်ပေးနေသူ အမေရိကန်အထူးတိုက်ခိုက်ရေးစစ်သားဟောင်း CIA အေးဂျင့်တစ်ဦးသာဖြစ်ပါတယ်။ ဒီအကြောင်း သူတို့နဲ့အတူ ရက်သတ္တ ၃ ပတ်ကြာနေထိုင်ခဲ့သူ အမေရိကန်ရိုလင်းစတုန်းမီဒီယာရဲ့ဖော်ပြချက်ကို ဧပြီ ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်မှာ NP News အနေနဲ့ အကျဉ်းချုံး ဘာသာပြန်ဆိုခဲ့ဖူးပါတယ်။


နိုင်ငံတစ်နိုင်ငံအတွင်း အလွယ်တကူ ဝင်ရောက်ခွင့်ရရှိဖို့အတွက် ဘာသာရေးသာသနာပြုခြင်းနဲ့ လူသားချင်း စာနာမှုအကူအညီဆိုတာ အလွယ်ကူဆုံး အထိရောက်ဆုံး မျက်နှာဖုံးဖြစ်ပါတယ်။ ၁၉၉ဝ ပြည့်လွန်နှစ်များမှာ ဖရီးဘားမားရိန်းဂျား FBR ကို အမေရိကန် အထူးတိုက်ခိုက်ရေး အရာရှိဟောင်းနဲ သိက္ခာတော်ရ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဒေ့ဗ်အီးဘန့်က စတင်ထူထောင်ခဲ့ပါတယ်။ သဘောထားကွဲလွဲသူ တိုင်းရင်းသား လူမျိုးစုလူနည်းစုများအပေါ် ရက်စက်စွာချေမှုန်းခြင်းဖြင့် ဆယ်စုနှစ် ခုနစ်ခုကြာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း စစ်မှာ အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ ဖိနှိပ်ခံတိုင်းရင်းသားများကို ဆေးဝါးကုသရေးနဲ့ စာနာမှုအကူအညီများ ပေးဆောင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

အခြားလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များ မသွားလိုတဲ့နေရာများကို အရောက်လှမ်းနိုင်ဖို့ မဆုတ်မနစ်တဲ့ ကတိ ကဝတ်များဖြင့် သူ့ရဲ့ဇနီး-သားသမီးများ၊ ရည်ရွယ်ချက်တူ ဗော်လံတီယာအနည်းငယ်နဲ့အတူ FBR က ဆောင်ရွက် ပေးနေတယ်လို့ ပြောပါတယ်။ 

သူ့ရဲ့ FBR အဖွဲ့ခွဲတွေကို မြန်မာနိုင်ငံရှေ့တန်းတစ်လျှောက်နဲ့ ဆီးရီးယားမြောက်ပိုင်းမှ ဆူဒန်အထိ လူ့ အခွင့်အရေး ချိုးဖောက်မှုများအပေါ်ခြေရာခံတဲ့လှုပ်ရှားမှုတစ်ခုအဖြစ် တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ အီးဘန့်ဟာ သူ့မိသားစုနဲ့ ကြီးကြပ်မှုလစ်ဟာနေတဲ့ နောက်လိုက်များရဲ့အသက်အန္တရာယ်ကို လောင်းကြေးထပ်ခဲ့တဲ့ ဂျူးဒဿနလာ ပထမရာစု ရောမအင်ပါယာကို အံတုသူ “ဇီးလော့” လို ခရစ်ယာန်နိုင်ငံရေးသမားတစ်ဦးသာ ဖြစ်တယ်လို့ ဝေဖန်ခြင်းခံရပါတယ်။ လက်နက်ကိုင်များနဲ့အတူ တိုက်ပွဲဝင်ခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်းတို့ဟာ လူသားချင်းစာနာမှုဆိုင်ရာအလုပ်များနဲ့ အယူဝါဒဆိုင်ရာတက်ကြွတဲ့သာသနာပြုလုပ်ငန်းများအကြား ခြားနား ချက်ကို မှုန်ဝါးစေတယ်လို့ ထောက်ပြကြကြောင်း ရိုးလင်းစတုန်းက ရေးခဲ့ပါတယ်။

အထူးသဖြင့် သူ့ရဲ့အမေရိကန်စစ်ပြန်တစ်ဦးဖြစ်နေခြင်းဟာ ဒုတိယကမ္ဘာစစ်လွန် မြန်မာနိုင်ငံအတိတ်သမိုင်းမှာ တရုတ်ပြည်မကြီးမှဆုတ်ခွာလာတဲ့ စစ်ရှုံး ကူမင်တန် တရုတ်ဖြူတို့အပေါ် အမေရိကန် CIA က စစ်ရေးနဲ့ အထွေထွေအကူအညီပေးရေးကို မျက်မှောက်ခေတ် အီးဘန့်က ပြန်လည်အသက်သွင်းပေးသလို ရှိနေပါတယ်။ အဲဒီအချိန် CIA ဟာ အရှေ့တောင်အာရှဒေသအတွင်း သွေးချောင်းစီးစစ်ပွဲများကို ဖန်တီးရုံမက ကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ရိုးလင်းစတုန်းသတင်းထောက်များနဲ့ တွေ့ရှိချိန်မှာ ဒေ့ဗ်အီးဘန့်ဟာ သူလေ့ကျင့်ပေးထားတဲ့ ရိန်းဂျား ၂ဝ၅ ဦးကို ရန်သူ့နေရာများထံ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ ကရင်ပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ အဲဒီနေရာဟာ မြန်မာ့တပ်မတော်ရဲ့အရေးကြီး အခြေစိုက်စခန်းနှစ်ခုကို ဆက်သွယ်ပေးရာလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး အစိုးရတပ်များ မကြာခဏ ကင်းလှည့်လေ့ရှိတာကို တွေ့နေရပါတယ်။ ယခင်အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီး ကိုယ်ရောင်ဖျောက်နိုင်စွမ်းနဲ့ ပြောက်ကျားနည်းဟာ အရေအတွက်နည်းနည်းနဲ့ လျင်မြန်မှုကို အလေးထားတယ်လို့ ဆိုပါတယ်။ 

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဒီမိုကရေစီပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံမှာ “ပြည်သူ့ကာကွယ်ရေးတပ်” PDF လို့ခေါ်တဲ့ တော်လှန်ရေးပြည်သူ့စစ်တွေမှာ ဗမာအများစု ပါဝင်လာကြပြီး အီးဘန့်လေ့ကျင့်ပေးနေ ရသူများ ဟာလည်း ယခင်နှစ်များထက် သုံးဆပိုမိုများပြားလာကြောင်း၊ မြန်မာနိုင်ငံအတွင်း လက်ရှိအကြမ်းဖက်မှုများဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း ရိုးလင်းစတုန်းကို အီးဘန့်က ရှင်းပြပါတယ်။ 


FBR ရဲ့ တိုက်ခိုက်ရေးသမားသစ် စုဆောင်းရာ စားကျက်ဟာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများဖြစ်ပါတယ်။ ဖရီးဘားမားရိန်းဂျားတစ်ဦးရဲ့လစာ၀င်ငွေဟာ တစ်နှစ်လျှင် (သို့မဟုတ်) ၄၄ နာရီကြာ တာ၀န်ထမ်းဆောင်လျှင် အမေရိကန်ဒေါ်လာ ၉၂,၁၆၈ ရရှိပါတယ်။ ထိပ်တန်းအဆင့် သတ်မှတ်ခံရသူ ၇၅ ရာခိုင်နှုန်းဟာ ၁ဝ၅,၅ဝ၂ ဒေါ်လာ ရရှိတယ်လို့ ဆိုခြင်းကြောင့် အင်မတန်စားပေါက်ချောင်တဲ့ အလုပ်ဖြစ်နေပါတယ်။ 

၂ဝ၂၁ ခုနှစ်မှာ FER တို့ရဲ့လုပ်အားခ PayPal အွန်လိုင်းငွေပေးချေမှု အပါအဝင် အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှု #The_Charles_Schwab_Corporation “ချားလ်_ရွှက်ဗ်_ကော်ပိုရေးရှင်း” မှတဆင့် ရရှိတယ်ဆိုပေမယ့် ဘယ်သူ ဘယ်ဝါတွေက ပေးကမ်းနေတယ်ဆိုတာ မရှင်းလင်းပါဘူး။

၂ဝ၁၉ ခုနှစ်တုန်းက အီးဘန့်ဟာ သူလေ့ကျင့်ပေးထားတဲ့ မြန်မာအရှေ့တောင်နယ်စပ်ဒေသခံများနဲ့အတူ ပြည်တွင်း စစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနဲ့ အီရတ်မှာ ကာ့ဒ်နဲ့ ယာဇီဒီလူမျိုးများကို အကူအညီပေးဖို့ဆိုပြီး ၀င်ရောက် ခြေရှုပ်ခဲ့ဖူး ပါတယ်။ တကယ်တော့ အဲဒီနယ်မြေဟာ #တူရကီနဲ့_ဆီးရီးယားနယ်စပ် #အမေရိကန် က #စစ်ရေးလေ့ကျင့်_ လက်နက်တပ်ဆင်ပေးထားတဲ့ “ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး“ Syrian Democratic Forces (SDF) ခေါ် ကာ့ဒ်သူပုန်တို့ရဲ့ စစ်ဘေးရှောင်စခန်းများအတွင်း ဖြစ်နေပါတယ်။ တူရကီ ထုလိုက်တဲ့ မော်တာကျည် ထိမှန်ပြီး သူခေါ်ဆောင်သွား တစ်ဦးသေဆုံးခဲ့တယ်လို့ South Chian Morning Post (4 April 2019) မှာ ရေးသားခဲ့ဖူး ပါတယ်။

အဲဒီနောက်ပိုင်း FBR ရဲ့ ဆီးရီးယားစစ်ပွဲအတွင်း လှုပ်ရှားမှုများ မှေးမှိန်သွားကြောင်း သတိပြုမိပါတယ်။ မမှိန်လို့ ကလည်း အီးဘန့်ကိုယ်တိုင် -ည် -ှီး ခံရဖို့ ရှိနေပါတယ်။ အဲ့ဒီနောက် ယူကရိန်းစစ်ပွဲမှာ ၀င်ရှုပ်ဖို့ ကြိူးစားပြန်ပါတယ်။ အဲ့ဒီမှာလည်း အောင်မြင်ပုံ မရပါ။

စာရေးသူ သိရှိထားကြတာ ယူကရိန်းစစ်ပွဲမှာ ကြေးစားစစ်သားအဖြစ် ရုရှား၀က်ဂ်နာတွေလောက်ပါပဲ။ ဒါပေမယ့် အကျအဆုံးများလှတဲ့ သွေးချောင်းစီးစစ်ပွဲမှာ နှစ်ဖက်စလုံးက ကြေးစားစစ်သားတွေ အသုံးပြုနေပါတယ်။ ယူကရိန်းလို ဥရောပမှာ အီးဗန့်ရဲ့အရှေ့တောင်အာရှ မြန်မာတိုင်းရင်းသား FBR ရိန်းဂျားတွေဟာ စျေးကွက် သိပ် မရှိနိုင်ပါဘူး။ ရုပ်အလောင်းအဖြစ် သေကျန်ခဲ့ရင် အင်မတန် ရှင်းရခက်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ် ဂါဘွန်းနိုင်ငံဟာ ၃ နှစ်အတွင်း အာဖရိကတိုက်မှာ ၈ နိုင်ငံမြောက် အာဏာသိမ်းတိုင်းပြည် ဖြစ်ပါတယ်။ အာဖရိကလို ဆင်းရဲပြီး မငြိမ်သက်တဲ့ဒေသများမှာ ဘောလုံးအားကစားကို ဗန်းပြပြီး လူကုန်ကူးမှု အပြင် ဘလက်ဝါးတားလို အမေရိကန်ကြေးစားစစ်တပ်ရဲ့ လူသစ်စုဆောင်းရာလည်း ဖြစ်နေပါတယ်။ အဲဒီအထဲ အရှေ့အလယ်ပိုင်းနဲ့ မြန်မာတို့ဟာ FBR ဒေးဗစ်အီးဘန့်လိုလူစားတွေရဲ့အကောင်းဆုံး ရေခံမြေခံကြီးဖြစ်နေပါ တယ်။ ဒုတိယမြောက် ဆူဒန်နဲ့ ဆီးရီးယားလို CIA နဲ့ အီးဘန့် လုပ်နေကြပါတယ်။

အချမ်းသာဆုံး ကမ္ဘာ့စစ်အင်အားအကြီးဆုံးဖြစ်တဲ့ ငပွကြီးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတစ်ပါး နိုင်ငံ ပြည်တွင်းရေးမှာ ဝင်ရောက်ကြရတယ်ဆိုတာ လုံးဝယုံကြည်စရာမရှိပါ။ ငပွကြီးနဲ့ စစ်ရေးကာကွယ်မှု ထီးရိပ် အောက်မှာနေပြီး အာရှကျားများဖြစ်လာတဲ့ ဂျပန်-ကိုရီးယားကို လက်ညှိုးထိုးပြချင်ပါသလား။ ငပွကြီး မကူညီရင် လည်း ဂျပန်ကိုရီးယားလူမျိုးတို့ရဲ့ အလုပ်အပေါ် ဇွဲကြီးခြင်း၊ လုံ့လမလျော့တတ်ခြင်း၊ စုပေါင်းလုပ်တတ်ခြင်းတို့က သူတို့နေထိုင်ရာတိုင်းပြည်ကို တစ်နေ့နေ့ ချမ်းသာကြွယ်ဝအောင် ဆောင်ကျဉ်းပေးမှာ မလွဲပါ။ ငမွဲကောင် ဆိုနေကြ တဲ့ ပြုံယမ်းတောင် နျူကလီယာဗုံး လုပ်နိုင်သွားတာမြင်ကြမှာပါ။ 

ဂျပန်-တောင်ကိုရီးယားကတော့ ငပွကြီးစစ်အခြေစိုက်စခန်းတွေကို ယနေ့တိုင် လက်ခံထားရပြီး ကင်ဂျုံအန်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ဒုံးကျည်တွေ ဘယ်အချိန် ခေါင်းပေါ်ကျလာမလဲ ရင်တမမဖြစ်နေရပါတယ်။ အလားတူ နောက်ဆုံး ကျုံးသွင်းခံရတာ ယူကရိန်းဖြစ်ပါတယ်။

ငပွကြီး စောင်မကြည့်ရှုလိုက်လို့ ချမ်းသာသွားတဲ့တိုင်းပြည် မရှိ၊ နိုင်ငံပြိုကွဲသွားတာ ပြည်တွင်းစစ်ဖြစ်ရတာနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေး-မိရိုးဖလာဓလေ့များ နင်းချေခံကြရတာပဲ ကမ္ဘာအရပ်ရပ်မှာ တွေ့မြင်နေရပါ တယ်။ သူ့လောင်းရိပ်အောက် မ၀င်တဲ့တိုင်းပြည်ကို #Uttermost_Devastation #အလုံးစုံ_ပျက်သုဉ်းရေး လုပ်တတ်ပါတယ်။

လက်ရှိ ကျွန်တော်တို့အခြေအနေဟာ အကောင်းဆုံးအဖြစ် လက်ခံဖို့ ကျွန်တော် နားချနေခြင်း မဟုတ်ပါ။ #ခေါင်းကို_ပျားတုပ်ထာ_နာကျည်းလွန်းတဲ့အတွက် #လှည်းဘီးအောက်_ခေါင်းထိုးခံတဲ့_မြွေလို_မဖြစ်စေချင်ပါ။ #ရေမီးရှားမှာ #အလွန်ချမ်းသာသူနဲ့_ကုန်းကောက်စရာ_မရှိအောင် #ဆင်းရဲသူ လူတန်းစား နှစ်ရပ်သာ ရှိသလို #ဘာလာလာ_အကုန်ဒေါင်းတဲ့ #လူလည်ကြီးများနဲ့ #နိုင်ငံရေးရေချိန်_အနှုတ်လက္ခဏာပြနေသူရယ်လို့ #လူနှစ်တန်းစားနှစ်ရပ်သာ ရှိပါတယ်။

#HtayOung, #OungMarine 

#ဖရီးဘားမားရိန်းဂျား #ဘလက်ဝါးတား #ဒေ့ဗစ်_အီးဘန့် #ဆီးရီးယား_ဒီမိုကရက်တစ်_တပ်ဦး #ချားလ်_ရွှက်ဗ်_ကော်ပိုရေးရှင်း #PayPal #ကာ့ဒ်သူပုန် #Syrian_Democratic_Forces #SDF 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စားနပ်ရိက္ခာဖူလုံမှုအတွက် အင်ဒို၊ မြန်မာ စီးပွားရေးပူးပေါင်းမှု မြင့်တင်မည်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved